Mia and the White Lion (2018)
ဒီဇာတ်ကားလေးကတော့ တောရိုင်းတိရစ္ဆာန်နဲ့လူကြား ရင်းနှီးခင်မင်မှုကိုပြထားပြီး
တောရိုင်းတိရိစ္ဆာန်တွေကိုသတ်ဖြတ်မှုနည်းပါးလာစေဖို့ရိုက်ပြထားတာဖြစ်ပါတယ်။
မီယာအိုဝင်ဆိုတဲ့ကောင်မလေးဟာ လန်ဒန်ကနေသူ့အဖေလုပ်ငန်းရှိရာတောင်ဖရိကကိုပြောင်းလာခဲ့ကြပါတယ်။
တောင်ဖရိကနဲ့နေသားမကျတဲ့ မီယာလေးဟာ တစ်ယောက်တည်းအထီးကျန်သလိုခံစားနေခဲ့ရပါတယ် ။
တစ်နေ့မှာချာလီဆိုတဲ့ ခြင်္သေ့ဖြူလေးတစ်ကောင်မွေးလာပြီး မီယာအတွက် ကစားဖော်ကစားဖက်တစ်ယောက်ဖြစ်လာပါတယ်။
အချိန်ကြာလာတာနဲ့မျှ မီယာနဲ့ချာလီရဲ့ရင်းနှီးမှုဟာ ပိုပိုပြီးနက်ရှိုင်းလာပါတယ်။
မီယာအဖေရဲ့ခြံလုပ်ငန်းဟာ ခြင်္သေ့တွေကိုမွေးမြူကို အမဲလိုက်မုဆိုးတွေဆီရောင်းချတာဖြစ်ပါတယ် ။
ဒါကိုမီယာသိသွားတဲ့အခါ ချာလီကိုအရောင်းမခံရဖို့အတွက် ဘယ်လိုတွေကယ်မလဲ….
ဘာတွေလုပ်မလဲဆိုတာ…. ကြည့်ရှုရမှာဖြစ်ပါတယ်။
တကယ့်ကိုစိတ်ဝင်တစားနဲ့ ကြည့်လို့ကောင်းေဲ့ဇာတ်လမ်းလေးတစ်ပုဒ်လဲဖြစ်ပါတယ်
Translated by Thorn
Encoded by Ada
imdb – 6.8
genre – Adventure, Drama, Family
run time – 1hr38min