What's happening?

Video Sources 11722 Views Report Error

  • Watch traileryoutube.com
Memoirs of a Geisha

Memoirs of a Geisha

My world is as forbidden as it is fragile; without its mysteries, it cannot survive.Dec. 06, 2005USA145 Min.PG-13
Your rating: 0
2.3 3 votes

Synopsis

Memoirs of a Geisha (2005) မြန်မာစာတမ်းထိုး
IMDB (7.4)

ဒီတစ်​ခါတင်​ဆက်​​ပေးသွားမယ့်​ဇာတ်​ကားက​တော့ Memoirs of Geisha ဆိုတဲ့ ကား​ကောင်း​လေးတစ်​ခုပဲဖြစ်​ပါတယ်​။ ​ဂေးရှားမယ်​ဆိုတာနဲ့ ဂျပန်​ပြည်​မှ အဆို အက တို့နဲ့​ဖျော​ဖြေ​တင်​ဆက်​​ပေးကြတဲ့မိန်းမပျို​လေး​တွေဖြစ်တယ်​ဆိုတာကိုတန်းသိကြမှာပါ။ ဒါ​ပေမယ့်​ ဒီကားက ​ဂေးရှားအ​ကြောင်းကိုအဓိကထားတင်​ဆက်​ထား​ပေမယ့်​လို့ ဂျပန်​ကရိုက်​ကူးထားမဟုတ်​ပါဘူး.. ​ဟောလီးဝုဒ်​ ဒါရိုက်​တာ Rob Marshall ကရိုက်​ကူးထားပြီး​တော့ တရုတ်​ထိပ်​တန်းမင်းသမီး​တွေဖြစ်​တဲ့ Zhang ziyi, Gong li , နဲ့ Michelle yeoh တို့က ပါဝင်​သရုပ်​​ဆောင်​ပြီး English စကား​ပြောဇာတ်​ကား​ကောင်း​လေးတစ်​ပုဒ်​ဖြစ်​ပါတယ်​။ Rating အ​နေနဲ့​တော့ 7.4 အထိရရှိထားပြီး box office အ​နေနဲ့လည်း 162 millions ရရှိထားတဲ့ကား​လေးပါ..
ဇာတ်​ညွန်းအ​နေနဲ့​ပြောရရင်​.. ချီယို ဆိုတဲ့​ကောင်​မ​လေးဟာဆိုရင်​ ဂျပန်​နိုင်​ငံရဲ့ပင်​လယ်​ကမ်း​ခြေ​ဒေသ ငါးဖမ်းရွာ​လေးမှာ​နေတဲ့သုတစ်​​ယောက်​ပါ။ သူမ ရဲ့အ​မေ​နာတာရှည်​​နေမ​ကောင်းဖြစ်​​နေသူဆုံးပါးသွား​တော့ အ​ဖေဖြစ်​သူဟာ အီချိရို တာနကစံဆီမှာ ချီယိုနဲ့ ချီယိုရဲ့အမဖြစ်​သူ ဆစုတို့ကိုထည့်​​ပေးလိုက်​ပါတယ်​။ တာနကစံက​တော့ ချီယိုရဲ့ မီးခိုး​ရောင်​အရည်​ရွှန်းလက်​တဲ့မျက်​လုံးကို​တွေ့ပြီး ​အိုကီရာဆိုတဲ့​ဂေးရှားအိမ်​မှာ​ရောင်းစားလိုက်​ပါတယ်​။ ဒါ​ပေမယ့်​ ​ဂေးရှားအိမ်​ကအ​မေကြီးက​တော့ ချီယိုတစ်​​ယောက်​တည်းကိုသာ​ရွေးပြီး​တော့ ဆစုကို​တော့မ​ရွေးခဲ့ပါဘူး။ အစ်​မဖြစ်​သူနဲ့ ခွဲရ​ ပြီး ချီယိုတစ်​​ယောက်​ ​အိုကီိရာမှာ​နေရင်း သူမနဲ့ရွယ်​တူ ​ရွှေဖရုံဆိုတဲ့​ကောင်​မ​လေးနဲ့ ရင်းနှီး​နေခဲ့တယ်​။ချီယိုဟာ စည်းကမ်းကြီးပြီး​လောဘတတ်​တဲ့ အ​မေကြီးရယ်​ အိုကီရာ​ဂေးရှားအိမ်​ရဲ့အကျင့်​ပုတ်​တဲ့အလှဆုံး​ဂေးရှားမယ်​ ဟာစုမိုမိုတို့ရဲ့ ​တောက်​တိုမယ်​ရ​တွေလုပ်​ပြီး ​ဂေးရှားလုပ်​ဖို့ ​လေ့ကျင့်​​နေခဲ့ရပါတယ်​။လအနည်းငယ်​ကြာတဲ့အခါမှာ​တော့ ချီယိုဟာ အမဖြစ်​သူကိုရှာ​တွေ့ပြီး ညီအစ်​မ၂​ယောက်​ ဇာတိကိုထွက်​​ပြေးဖို့စီစဉ်​ခဲ့ပါတယ်​။ ဒါ​ပေမယ့်​ ချီယိုထွက်​​ပြေးမယ့်​ညမှာ အိုကီရာအိမ်​ဟာ တံခါး​တွေအကုန်​ပိတ်​ထားတာ​ကြောင့်​ သူမဟာ ​ခေါင်​မိုး​ပေါ်က​နေတတ်​ပြီးခိုးထွက်​ဖို့လုပ်​ခဲ့​ပေမယ့်​ ပြုတ်​ကျပြီး​တော့ လက်​​ကျိုးသွားခဲ့ပါတယ်​။အိုကီရာက​နေထွက်​​​ပြေးဖို့လုပ်​ခဲ့တာ​​ကြောင့်​ အ​မေကြီးဟာ ချီယိုအတွက်​​ဂေးရှာ​ကျောင်းစရိတ်​ကိုမ​ပေး​တော့ပါဘူး အဲ့အစား ချီယိုကို အိုကီရာမှာ သူမရဲ့အဖိုးအခမ​ကြေမချင်း အ​စေခံလုပ်​ဖို့ဖြစ်​လာခဲ့ပါတယ်​။ ချီယိုဟာ ၂နှစ်​​လောက်​အ​စေခံအဖြစ်​အလုပ်​လုပ်​ပြီးတဲ့​နောက်​မှာ​တော့ သူမဟာ စမ်း​ချောင်း​ဘေးမှာထိုင်​​ငိုနေတုန်း ရုပ်​ရည်​​ချော​မောတဲ့ဥက္ကဌဆိုသူ​ယောကျာင်္း​တစ်​​ယောက်​ဟာ သူမကိုနှစ်​သိမ့်​ခဲ့ပြိး အ​ကြွေ​စေ့အနည်းငယ်​ကို​ပေးခဲ့ပါတယ်​။ အဲ့ဒီ​နေ့ကစပြီး ချီယိုဟာ ဥက္ကဌ​ဘေးမှာလှလှပပ​လေးရပ်​ပြီးတွဲသွားနိုင်​တဲ့​ဂေးရှားမယ်​တစ်​ဦးဖြစ်​ချင်​လာခဲ့ပါတယ်​။ ဥက္ကဌ​ပေးတဲ့အ​ကြွေ​စေ့ဟာ ဆန်​​ဖူဖူလုံလုံဝ​ယ်​နိုင်ဖို့​လောက်​​ပေမယ့်​ ချီယိုဟာ ဘုရား​ကျောင်းဆီ​ပြေးသွားပြီး ​ဂေးရှားတစ်​​ယောက်​ဖြစ်​လာဖို့အတွက်​ပဲဆု​တောင်းပြီးလှူ ခဲ့ပါတယ်​။
ချီယိုရဲ့ဆု​တောင်း​တွေပြည့်​လာတယ်​ပဲ​ပြောရမလား.. အဲ့ဒီ​နောက်​ နှစ်​အနည်းငယ်​ကြာ​တော့ မာမဲ​ဟာဆိုတဲ့​ဂေးရှားတစ်​​ယောက်​ဟာ​ ချီယိုရဲ့ အလှအပကို​အသိအမှတ်​ပြု ပြီး ​ဂေးရှားတစ်​​ယောက်​ဖြစ်​လာ​အောင်​လုပ်​​ပေးဖို့ ​အိုကီရာကို​ရောက်​ရှိလာခဲ့ပါတယ်​။ မာမဲဟာ ဟာချီယိုအတွက်​​ဂေးရှား​ကျောင်းစရိတ်​ကို သူမ​ထောက်​ပံ​ပေးပြီး သူမရဲ့ကျန်​ရှိ​နေ​သေးတဲ့အ​စေခံစရိတ်​​တွေကို​ပေးပြီး ချီယိုကို ​ဂေးရှားတစ်​​ယောက်​ဖြစ်​လာ​အောင်​လို့ ​လေ့ကျင့်​သင်​ကြား​ပေးခဲ့ပါတယ်​.။
အချိန်​၂နှစ်​ကြာ​သင်​ကြားပြီးတဲ့​နောက်​မှာ​တော့ ချီယိုဟာ ​ဂေးရှားတစ်​​ယောက်​ဖြစ်​ဖို့ အရည်​အချင်း​တွေပြည့်​စုံပြီး ပွဲဦးထွက်​ဖို့ဖြစ်​လာပါတယ်​။ ​ဂေးရှားတစ်​​ယောင်​အ​နေနဲ့ ပွဲဦးထွက်​ပြီးတဲ့အခါမှာ​တော့ ချီယိုဟာ မာအီကိုနာမည်​ ဆာယူရီဆိုတဲ့နာမည်​လှလှ​လေးရခဲ့ပါတယ်​။ ချီယို ဂေးရှားဖြစ်​ပြီးတဲ့​နောက်​မှာ​တော့ သူမငယ်​ငယ်​က​တွေ့ခဲ့တဲ့ ဥက္ကဌနဲ့ပြန်​​တွေ့ဖို့အ​ကြောင်းဖန်​လာခဲ့ပါတယ်​။ ဒါ​ပေမယ့်​ မာမဲစာက​တော့ ချီယိုကို ဥက္ကဌ ​ဘေးမှာ​မ​နေခိုင်းပဲ နိုဘူဆိုတဲ့ ​ဂေးရှား​တွေကိုစိတ်​မဝင်​စားတဲ့ သူ​ဌေး​​ဆီမှာသာသွားဖို့​ပြောလာခဲ့ပါတယ်​။ ချီယိုဟာ မာမဲဟာရဲ့စကားကိုမလွန်​ဆန်​နိုင်​ပဲ သူမချစ်​ရတဲ့ ဥက္ကဌ ရဲ့ စီးပွား​ရေးပါတနာ​တွေဖြစ်​တဲ့ နိုဘု​ဘေးနားမှာ​နေရင်း ​ကြေးအမြင့်​ဆုံး​ဂေးရှားမယ်​တစ်​​ယောက်​ဖြစ်​လာဖို့ကြိုးစားလာခဲ့တဲ့အချိန်​​နောက်​မှာ​တော့..
သူမရဲ့​ဂေးရှား​ကြေးအမြင့်​ဆုံးကို ဝယ်​တဲ့သူက ဘယ်​သူဖြစ်​မလဲ..
သူမငယ်​ငယ်​ကတည်းက​နေချစ်​ခဲ့ရတဲ့ ဥက္ကဌနဲ့ ဆုံဆည်းရမလားအ​မေရိကန်​နဲ့စစ်​ဖြစ်ပြီးတဲ့​နောက်​ ​ဂေးရှား​တွေရဲ့ဘဝဟာ ဘယ်​လိ်ုဖြစ်​သွားမလဲဆိုတာကို ဆက်​လက်​ကြည့်​ရှုလိုက်​ပါအုံး​နော်​..

IMDB : 7.4
Genre : Drama /Romance
Quality : Bluray
Run Time : 2h 25min
Size : 1GB /420 MB

Translated by Mayra Lajawn
Reviewed by Mayra Lajawn
Encoded by Ar Ker Lin (14)

Memoirs of a Geisha
Memoirs of a Geisha
Memoirs of a Geisha
Memoirs of a Geisha
Memoirs of a Geisha
Memoirs of a Geisha
Memoirs of a Geisha
Memoirs of a Geisha
Memoirs of a Geisha
Memoirs of a Geisha
Original title Memoirs of a Geisha
IMDb Rating 7.4 135,607 votes
TMDb Rating 7.5 1,118 votes

Director

Rob Marshall
Director

Cast

Similar titles

House of Gucci (2021)
Lady Chatterley’s Lover
Rite of the Shaman
Titane (2021)
Outlaws Don’t Get Funerals (2019) မြန်မာစာတမ်းထိုး
The King’s Daughter
Narco Sub
A Prayer Before Dawn
The Front Runner
Geetha Govindam
Nomadland (2020)
Body of Lies