What's happening?

Video Sources 3431 Views Report Error

  • Watch traileryoutube.com
Kimi

Kimi

She's not the only one listening.Feb. 10, 2022USA89 Min.R
Your rating: 0
6 1 vote

Synopsis

Kimi (2022)

============

ယနေ့ရဲ့ အသစ်ထွက် Kimi လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ၊ ကီမီ တဲ့ ၊ ကီမီဆိုတာ
မျက်လုံးထဲ ပုံပေါ်သွားအောင် ပြောရရင် Google AI assistant လို သဘောပါပဲ ၊
ကိုယ့်အိမ်က system တော်တော်များများကို သူနဲ့ ချိတ်ထားပြီး သူ့ကို ခိုင်းချင်ရာခိုင်းလို့ ရတယ် ၊ Google Al Assistant နဲ့ ဘာကွာလဲဆို သူက စက်ရုပ်လို အပြားဝိုင်းပုံစံ စက်ကလေးပါ ၊ သူ့ကို သီချင်းဖွင့်ခိုင်းမလား ၊ သီချင်းနာမည် ပြောလိုက်ရုံပဲ ၊ အချိန်သိချင်တယ် နာရီ မကြည့်ချင်ဘူး အိုခေလေ “ကီမီရေ ဘယ်အချိန်ရှိပြီလဲ” သူက ပြန်ဖြေပေးမှာပါ ၊ ကွန်ပျူတာထဲက ဖိုင်ဖွင့်တာက အစ တော်တော်များများ သူလုပ်နိုင်ပါတယ် ၊ ထားပါ ကီမီကို မိတ်ဆက်ပြီးပြီဆိုတော့ ဇာတ်ကြောင်းဆက်တာပေါ့

အန်ဂျလာဆိုတဲ့ မိန်းကလေးဟာ ကီမီတို့ကို ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ stay at home နည်းပညာ၀န်ထမ်းတစ်ယောက်ပါ ၊ ကီမီနဲ့ လူတွေနဲ့ ဆက်သွယ်တဲ့အခါ ကီမီက စက်ပစ္စည်းဆိုတော့ နားလည်မှုလွဲတာလေးတွေ ရှိမယ် ၊ သူက ဒါတွေကို fixed လုပ်ပေးရတဲ့သူပါ ၊ ကီမီနဲ့ ကီမီကိုအသုံးပြုနေတဲ့သူတွေရဲ့ ဆက်သွယ်ချက်အသံဖိုင်တွေကို သူက တစ်ဖိုင်ချင်းစီ နားထောင်ပြီး ကီမီရဲ့ စနစ်ကို ပြင်ပေးရတာပါ ၊ အဲဒီလိုတွေ နားထောင်ရင်းကနေ ဖိုင်တစ်ခုကို နားထောင်ရင်း သူသိလိုက်ရတာက ဆိုးဝါးလှတဲ့ ပြစ်မှုမှတ်တမ်း ဖြစ်နေပါတော့တယ် ၊ ဒါကို သူသေချာစုံစမ်းဖို့ဆိုရင် သူ့အိမ်ကနေ အိမ်ပြင်ထွက် စုံစမ်းရမှာပါ ၊အန်ဂျလာ အကြောက်ဆုံးအရာတစ်ခု ရှိပါတယ် ၊ အဲဒါက ဘာလဲဆို သူ့အိမ်ထဲကနေ အိမ်ပြင် ဘယ်ကိုမှ ထွက်မသွားရဲတာပါ၊ ပြောရရင်တော့ အိမ်မစွန့်နိုင်တာပေါ့ ၊ ခဏလေး ကော်ဖီထွက်၀ယ်ဖို့လောက်တောင် အိမ်ထဲကနေ မထွက်ရဲတဲ့သူမျိုးပါ ၊ ဒီတော့ ဒီလို အန်ဂျလာနဲ့ အမှုတွဲနဲ့ တွေ့လေတော့ ဒီအမှု တရားမျှတမှု ပေါ်ထွက်လာအောင် ကီမီရဲ့ အကူအညီနဲ့ သူ ဘယ်လို ကြိုးစားမလဲ ၊ ဘယ်လိုအနှောင့်တွေ ပေါ်လာမလဲဆိုတာ ဆက်ကြည့်ရမှာပါ ၊ ဒီကားလေး ကြည့်ပြီးရင်တော့ လူကြီးမင်းတို့ရဲ့ အိမ်မှာ ကီမီလေးကို ခေါ်ထားချင်နေလောက်မှာပါ😛

Translated by Sunny, Mary Christ, Monn & Phyo

Reviewed by Sunny

Kimi
Kimi
Kimi
Kimi
Kimi
Original title Kimi
IMDb Rating 6.1 29 votes

Similar titles

Dreamland (2019)
Below Zero (2021)
Quantum of Solace (2008)
I Am Fear
Driven to Murder
Inferno
The Refuge (2019)
Swordfish
4 Kings
Star Wars: The Rise of Skywalker
Smiley Face Killers (2020)
Ex Machina