
Below Zero (2021)
==============
Netflix ပရိသတ်တွေကတော့ ဒီကားလေးထဲက အဓိကဇာတ်ဆောင် Javier Gutie’rrez ကို သိပြီးဖြစ်မှာပါ။ သူ့ကို ဒီကားထဲမှာရဲအရာရှိဇာတ်ကောင် Martin အနေနဲ့မြင်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအရ Martinဟာ နာနို,ရာမီ,ဂိုလမ်,လိန်း, မီဟိုင်း(ရိုမေးနီယန်သား)နဲ့ပါဒို ဆိုတဲ့ ဇာတ်လမ်းကိုယ်စီရှိတဲ့ ထောင်သား၆ဦးကို ရွှေ့ပြောင်းပေးဖို့ တာဝန်ကျလာပါတယ်။
Martinနဲ့တွဲဖက်ကျတဲ့ Montesinosဆိုသူကတော့ လုပ်ထုံး စည်းကမ်းတွေကို သိပ်ဂရုမစိုက်တတ်သူတစ်ဦးပါ။ ဒီတခေါက်အလုပ်ဟာ Martinအတွက် ကံဆိုးဖို့ အကြောင်းဖန်လာတာပါပဲ။ ညခင်း မြူတွေထူနေတဲ့ လမ်းပေါ်မှာ Martinတို့ကားကို ခြုံခိုတိုက်ခံရပါတယ်။ အရံပါလာတဲ့ရဲတွေ သေကုန်တဲ့အပြင် အထဲကထောင်သားတွေကလည်း ဆူဆူပူပူလုပ်လာပါတယ်။ Martinတစ်ယောက် ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ပြီး အသက်ရှင်ဖို့ ဘယ်လိုရုန်းကန်မလဲဆိုတာ စိတ်တထင့်ထင့်နဲ့ထိုင်ရာမထကြည့်ရမယ့် ကားကောင်းလေးဖြစ်ပါတယ်။
လူတစ်ယောက်ကိုအပေါ်ယံကြည့်ရုံနဲ့မသိနိုင်တာ မကောင်းမှုဆိုတာ ထွက်ပြေးရုံနဲ့မလွတ်နိုင်တာတွေကို လှလှပပရိုက်ကူးထားလို့ ကြည့်ရတာနဲ့တန်မှာပါ။ IMDB rating6.2ရထားတဲ့ဒီကားလေးကို GCမှာကြည့်နိုင်ပါပြီ။
Translated and Review by May Hsu Wathan Htet
Encoded by Noah
Quality – Webrip
Size – 1GB / 400MB
IMDB – 6.2
Genres – Action, Adventure, Crime
Run Time – 1 Hr 46 mins