Mr. Bad

Mr. Bad

Sep. 30, 2022
Your rating: 0
8 1 vote

Seasons and episodes

1Season 1 Sep. 30, 2022

Creator

Creator

Cast

Chen Zheyuan isXiao Wudi
Xiao Wudi
Shen Yue isNan Xing
Nan Xing
Luo Mingjie isLu Zichen
Lu Zichen
Dong Xuan isAn Nina
An Nina
Shao Feng isLu Zhenliang
Lu Zhenliang
Zijian Wang isZhen Xianzi
Zhen Xianzi

Synopsis

ဒီတစ်ခါမှာတော့ သာမန်နဲ့မတူ ဇာတ်အိမ်ထူးထူးခြားခြားလေးဖြစ်တဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို GC Chinese Team ကနေ သယ်ဆောင်လာပေးတော့မှာပဲ ဖြစ်ပါတယ် ပထမဦးဆုံးအနေနဲ့ ဒီဇာတ်လမ်းလေးက Comedy, Romance အမျိုးအစားဖြစ်တာကြောင့် ရိုဖို့နဲ့ချိုဖို့ပဲရှိမှာဖြစ်ပါတယ် ဇာတ်ကားလေးရဲ့အမည်ကတော့ Mr.Bad ဖြစ်ပြီး Go Go Squids ဇာတ်လမ်းတွဲကို တာဝန်ယူရိုက်ကူးပေးထားသော ထိုင်ဝမ်ဒါရိုက်တာ Lee Ching Jung ရဲ့လက်ရာတစ်ခုလည်းဖြစ်တာကြောင့် ရင်ထဲထိရောက်စေနိုင်မဲ့ လက်ရာတစ်ခုပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးထဲတွင် Handsome Siblings, Our Secret, Renascence ဇာတ်ကားများမှ ဇာတ်လိုက်သရုပ်ဆောင် Chen Zheyuan နှင့် Meteor Garden, A Love So Beautiful, Be Yourself ဇာတ်ကားတို့မှ မင်းသမီးချောလေး Shen Yueတို့ အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်သရုပ်ဆောင်ထားကြကာ လူသိများသော ဇာတ်ပို့၊ဇာတ်ရံများလည်း ပါဝင်ကူညီအားဖြည့်ပေးထားပါတယ် ဇာတ်လမ်းအညွှန်း နန်ရှင်းဆိုတဲ့ ကောင်မလေးဟာ ဝတ္ထုလေးတွေ ရေးသားရတာကို အလွန်အမင်းနှစ်ခြိုက်သူတစ်ဦးဖြစ်ပြီး သူမဟာအထူးသဖြင့် ပုန်ကန်တတ်တဲ့ ဇာတ်ကောင်တွေကို အများဆုံးရေးသားလေ့ရှိခဲ့တယ် ထူးခြားစွာနဲ့ပဲ တစ်နေ့မှာ သူမရဲ့ ထင်မှတ်မထားတဲ့တောင်းဆုတစ်ခုကြောင့် သူမဝတ္ထုထဲက ဗီလိန်ဇာတ်ကောင်ဟာ သူမရှေ့ကိုရောက်ရှိလာခဲ့တော့တယ် ဇာတ်လမ်းထဲက ကောက်ကျစ် ယုတ်မာပြီး ဉာဏ်များတတ်တဲ့ အကြီးစားဗီလိန်ဖြစ်သူ ရှောင်းဝူတီဟာလည်း လက်တွေ့လောကထဲကို ရောက်ရှိလာပြီးနောက် နန်ရှင်း၏ဘေးအိမ်တွင် နေထိုင်ကာ ပြဿနာမျိုးစုံ ရှာဖွေပါတော့တယ် ဒီလိုနဲ့ပဲ သူတို့နှစ်ဦးရဲ့ကြားထဲမှာ ထင်မှတ်မထားတဲ့ သံယောဇဉ်တွေ တိုးပွားလာခဲ့တော့တယ် နန်ရှင်း၏ဆန္ဒတစ်ခုတောင်းဆိုတိုင်း ရှောင်းဝူတီဟာ နန်ရှင်းရှေ့မှောက်သို့ရောက်လာရပြီး ဆန္ဒကိုဖြည့်ဆည်းပေးပြီးမှသာလျှင် သူ့ရဲ့မူလကမ္ဘာကို ပြန်လည်ရောက်ရှိနိုင်တဲ့အတွက် သူမရဲ့ဆန္ဒဖြစ်သော အချစ်စစ်ကိုရှာဖွေတွေ့ရှိဖို့ရာ ကူညီပေးခဲ့ရတော့တယ် ကူညီပေးနေစဉ်ကာလမှာပဲ နန်ရှင်းရဲ့ရိုးသားမှု ကြင်နာတတ်မှုတွေကြားမှာ ဗီလိန်ဖြစ်သူ သူ့ရဲ့စိတ်တွေဟာ နူးညံ့ညင်သာလာခဲ့သလို သူ့ရဲ့ဗီလိန်ဆန်မှုကြားထဲ ကွယ်ဝှက်ထားခဲ့တဲ့ စိတ်ကောင်းလေးကိုလည်း သူမရှာဖွေတွေ့ရှိခဲ့တယ် ဒီလိုနဲ့ပဲ သူတို့နှစ်ဦးကြားထဲမှာ ဘယ်လိုတွေ သံယောဇဉ်တွယ်သွားကြမလဲ ဇာတ်ကောင်နဲ့စာရေးသူကြားမှာ ချစ်ခြင်းမေတ္တာတွေရော ပေါက်ဖွားလာလိမ့်မလား ဆိုတာကိုသိဖို့ Mr.Bad ဇာတ်ကားလေးကို GC Drama မှာစောင့်မျှော်ကြည့်ရှုနိုင်ပါပြီ

Reviewed by April Chyu

Translated by GC Chinese Team 2

Encoded by Nang Sein Mon

Mr. Bad
Mr. Bad
Mr. Bad
Original title 我的反派男友
First air date Sep. 30, 2022
Last air date Sep. 30, 2022
Seasons 1
Episodes 24
Average Duration 41 minutes

Similar titles

At Eighteen
Kingmaker: The Change of Destiny
Why R U?
Love Between Fairy and Devil
Titans (2018)
Goodbye Earth
Gold Mask
If You Wish Upon Me
Mumbai Diaries 26/11 (2021)
Love for Love’s Sake
The Falcon and the Winter Soldier (2021 – )
Fox Spirit Matchmaker: Red-Moon Pact