Fox Spirit Matchmaker: Red-Moon Pact

Fox Spirit Matchmaker: Red-Moon Pact

May. 23, 2024
Your rating: 0
6 1 vote

Creator

Cast

Yang Mi isTushan Honghong
Tushan Honghong
Gong Jun isDongfang Yuechu
Dongfang Yuechu
Guo Xiaoting isTushan Yaya
Tushan Yaya
Miles Wei isThird Young Master of Aolai Country
Third Young Master of Aolai Country
Hu Lianxin isTushan Rongrong
Tushan Rongrong
Chen Duling isYue Tixia
Yue Tixia
Wen Zhengrong isShi Ji / Black Fox
Shi Ji / Black Fox
Yang Shize isShi Kuan
Shi Kuan
Chen Yao isLu Jianwen
Lu Jianwen

Video trailer

Synopsis

ပျိုနီလွှမ်းခြယ် လဝန်းငယ် (𝐅𝐨𝐱 𝐒𝐩𝐢𝐫𝐢𝐭 𝐌𝐚𝐭𝐜𝐡𝐦𝐚𝐤𝐞𝐫: 𝐑𝐞𝐝-𝐌𝐨𝐨𝐧 𝐏𝐚𝐜𝐭)

“ခါးသီးချစ်မေတ္တာသစ်ပင်ရှိနေသရွေ့ လူသားနဲ့မကောင်းဆိုးဝါးကြား ကွဲပြားခြားမှုရှိနေပေမဲ့ စစ်မှန်တဲ့ချစ်ခြင်းတရားမှာ အနားသတ်မျဉ်းဆိုတာ မရှိပါဘူး”

ဟယ်လို ဟယ်လို ဒီတစ်ခါ ရှန်းရှကားတွေကိုမှ နှစ်နှစ်ခြိုက်ခြိုက်် ကြိုက်နှစ်သက်ကြတဲ့ ပရိတ်သတ်တွေအတွက် တင်ဆက်ပေးသွားမှာကတော့ စတင်ရိုက်ကူးစဉ်ကနေ ထုတ်လွှင့်ပြသချိန်အထိ မျှော်လင့်တကြီး စောင့်စားခဲ့ရတဲ့ ပျိုနီလွှမ်းခြယ် လဝန်းငယ် (𝐅𝐨𝐱 𝐒𝐩𝐢𝐫𝐢𝐭 𝐌𝐚𝐭𝐜𝐡𝐦𝐚𝐤𝐞𝐫: 𝐑𝐞𝐝-𝐌𝐨𝐨𝐧 𝐏𝐚𝐜𝐭) ဆိုတဲ့ တရုတ်ရှန်းရှဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်ရှင်

ဒီဇာတ်လမ်းလေးက နာမည်ကြီး DongHuaကို အခြေခံကာ သက်ဆိုင်ရာအခန်းကို ကောက်နုတ်ရိုက်ကူးထားတာဖြစ်ပြီးတော့ IQIYI သမိုင်းတစ်လျှောက်မှာ Budgetအများဆုံး ရင်းနှီးမြုပ်နှံထားတဲ့ဇာတ်လမ်းဖြစ်ပြီး  IQIYI ရဲ့ ပထမဆုံး Super S+ Project ဖြစ်ပါတယ် ဒါ့အပြင် သရုပ်ဆောင်တွေအနေနဲ့ကလည်း မိစ္ဆာချိန်သီး, သုံးဘဝ သုံးလောက ဆယ်မိုင်သော မက်မွန်မြေတို့လို ရှန်းရှကားတွေရဲ့ အရှင်မ မြေခွေးမလေးကာရိုက်တာကို ပိုင်နိုင်လွန်းတဲ့မမ 𝗬𝗮𝗻𝗴 𝗠𝗶နဲ့
ပရိသတ်တို့ရဲ့ အချစ်တော် တရုတ်နိုင်ငံရဲ့ အဖိုးတန် Visual ဒိတ်ဒိတ်ကြဲအမှတ်တံဆိပ်များစွာရဲ့ Brand Ambassador ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် 𝗚𝗼𝗻𝗴 𝗝𝘂𝗻 တို့က အဓိကသရုပ်ဆောင်အဖြစ်ပါဝင်ထားတာဖြစ်ပြီးတော့ 𝗚𝘂𝗼 𝗫𝗶𝗮𝗼 𝗧𝗶𝗻𝗴 ,𝗪𝗲𝗶 𝗭𝗵𝗲𝗺𝗶𝗻𝗴,𝗛𝘂 𝗟𝗶𝗮𝗻𝗴𝘅𝗶𝗻,𝗪𝗲𝗻 𝗭𝗵𝗲𝗻𝗴𝗿𝗼𝗻𝗴 တို့လို နာမည်ကြီးတွေကို Second Leadအဖြစ် တွေ့မြင်ရမဲ့အပြင် 𝗭𝗵𝘂 𝗫𝘂𝗱𝗮𝗻 , 𝗬𝗮𝗻𝗴 𝗦𝗵𝗶𝘇𝗲,𝗭𝗵𝗮𝗻𝗴 𝗟𝗶𝗻𝗴𝗵𝗲 ,𝗖𝗵𝗲𝗻 𝗗𝘂𝗹𝗶𝗻𝗴 ,𝗖𝗵𝗲𝗻 𝗬𝗮𝗼 , 𝗠𝗮𝗼 𝗭𝗶 𝗝𝘂𝗻 တို့ကိုပါ 𝗚𝘂𝗲𝘀𝘁အနေနဲ့ တွေ့မြင်ရမှာဖြစ်လို့ ဒီကားက လုံးဝ လုံးဝလက်မလွတ်သင့်တဲ့ကား ဖြစ်လို့နေပါတယ်နော်

ဇာတ်လမ်းအကျဉ်း
မြေခွေးမကောင်းဆိုးဝါးလေးတွေက ထူရှန်းတောအုပ်ကြီးထဲမှာ ခါးသီးချစ်မေတ္တာသစ်ပင်ကို စောင့်ရှောက်ရင်း လောကခြောက်ပါးရဲ့ ချစ်ခြင်းတရားကို ကာကွယ်စောင့်ရှောက်ပေးနေကြသူပါ အဲဒီထူရှန်းတောကြီးကို ထူရှန်းဟုန်ဟုန် က အုပ်ချုပ်ပြီး ထူရှန်းဟုန်ဟုန်ကတော့ မကောင်းဆိုးဝါးမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ဒီလိုအေးချမ်းနေတဲ့ ထူရှန်းတောအုပ်ထဲကို တုန်းဖန်းယွဲ့ချူးဆိုတဲ့ ကလေးငယ်လေးဟာ ဖမ်းဆီးသူတွေလက်ထဲကနေ ရှောင်တိမ်းဖို့ ဝင်ရောက်လာရင်း ထူရှန်းဟုန်ဟုန်ရဲ့ ကယ်တင်ပေးမှုကြောင့် ယွဲ့ချူးလေးက အသက်ချမ်းသာရာ ရခဲ့ပါတယ်

နောက်ပိုင်းမှာ ထူရှန်းဟုန်ဟုန်ဟာ ယွဲ့ချူးကို ‌ထူရှန်းတောမှာ နေခွင့်ပြုလိုက်ရင်း ဥတုအလီလီ နှစ်တွေကြာမြင့်လာချိန်မှာတော့ တုန်းဖန်းယွဲ့ချူးဟာ သူ့ရဲ့ နတ်မကောင်းဆိုးဝါးမမဟုန်ဟုန်အပေါ်  သာမန်ထက်ပိုတဲ့ခံစားချက်တွေဝင်လာခဲ့တဲ့အခါ….

“တကယ်လို့ တစ်နေ့နေ့မှာ ကျွန်တော်ဒီလောကကြီးထဲကနေ ပျောက်ကွယ်သွားခဲ့ရင် မမနည်းနည်းလောက်များ မခွဲမခွာရက်ဖြစ်နေမလား
——တုန်းဖန်းယွဲ့ချူး—–

“တကယ်လို့ နင်သာတစ်နေ့နေ့ လောကကြီးက ပျောက်ကွယ်သွားမယ်ဆို ငါ မခွဲမခွာရက်ဖြစ်ရုံတင်မကပါဘူး”
——ထူရှန်းဟုန်ဟုန်——

“လောကကြီးမှာ ခံစားချက်စွမ်းအင်ဆိုတာ အချစ်နဲ့အမုန်း နှစ်မျိုးပဲရှိတယ် အမုန်းက အမြဲတမ်းအချစ်ကိုဖျက်ဆီးနိုင်တယ် အမုန်းက လောကကြီးကို တစ်ဖန်ပြန်လည်အုပ်စိုးလိမ့်မယ်”

အေးချမ်းနေတဲ့ လောကခြောက်ပါးကို ဖျက်ဆီးနိုင်တဲ့ အမုန်းစွမ်းအင် တစ်ဖန်ပြန်လည်ထကြွလာတဲ့အခါမှာတော့ ထူရှန်းတောအရှင်မထူရှန်းဟုန်ဟုန်ဟာ မကောင်းဆိုးဝါးမဟာမိတ်အဖွဲ့ကို ဦးဆောင်ပြီး ရန်သူတွေကိုတိုက်ခိုက်ရင်း လောကခြောက်ပါးကို ကာကွယ်ဖို့ရာ ဖြစ်လာပါတော့တယ်
တစ်ချိန်တည်းမှာပဲ တုန်းဖန်းယွဲ့ချူးကလည်း ထူရှန်းဟုန်ဟုန်နဲ့အတူတူ မကောင်းဆိုးဝါးစွမ်းအင်တွေကို တိုက်ခိုက်ကြဖို့ ကြိုးစားတဲ့အခါ…
~လူသားမျိုးနွယ်နဲ့ မကောင်းဆိုးဝါးမျိုးနွယ်စုနှစ်ခုပူးပေါင်းပြီး မကောင်းတဲ့အမုန်းစွမ်းအင်ကို ဘယ်လိုကာကွယ်ကြမှာလဲ

~တုန်းဖန်းယွဲ့ချူးက ကလေးဘဝတုန်းက ဘာကြောင့်များ လိုက်လံဖမ်းဆီးတာကို ခံခဲ့ရတာလဲ သူ့ရဲ့ သရုပ်မှန်ကရော ဘာများဖြစ်မလဲ

~ထူရှန်းဟုန်ဟုန်နဲ့ တုန်းဖန်းယွဲ့ချူးတို့ ဦးဆောင်တဲ့ လူသားနဲ့မကောင်းဆိုးဝါးမဟာမိတ်အဖွဲ့ဟာ လောကခြောက်ပါးကို ဘယ်လိုမျိုး ကာကွယ်သွားကြမှာလဲ

~ချစ်ခြင်းတရားက အမုန်းတရားကို နောက်ဆုံးမှာ အနိုင်ရသွားမှာလား

~တုန်းဖန်းယွဲ့ချူးကရော သူချစ်ရတဲ့ နတ်မကောင်းဆိုးဝါးမမထူရှန်းဟုန်ဟုန်နဲ့ ပေါင်းဖက်ရမှာလား

~လူသားနဲ့ မကောင်းဆိုးဝါး မတူညီတဲ့ ဖြစ်တည်မှုနှစ်ခုကြားက ချစ်ခြင်းတရားအဖုံဖုံကို ပုံပြင်ကိုယ်စီ ကိုယ်စီနဲ့လှပစွာ ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့
ပျိုနီလွှမ်းခြယ် လဝန်းငယ် (𝐅𝐨𝐱 𝐒𝐩𝐢𝐫𝐢𝐭 𝐌𝐚𝐭𝐜𝐡𝐦𝐚𝐤𝐞𝐫: 𝐑𝐞𝐝-𝐌𝐨𝐨𝐧 𝐏𝐚𝐜𝐭) ဆိုတဲ့ တရုတ်ရှန်းရှအချစ်ဇာတ်လမ်းလေးကို GC Drama Telegram Channel နဲ့ Website တို့မှာ ကြည့်ရှုခံစားနိုင်ပါပြီရှင်

Reviewed by Feyremme
Translated by GC Chinese Team 2
Encoded by Viho

Fox Spirit Matchmaker: Red-Moon Pact
Fox Spirit Matchmaker: Red-Moon Pact
Fox Spirit Matchmaker: Red-Moon Pact
Fox Spirit Matchmaker: Red-Moon Pact
Fox Spirit Matchmaker: Red-Moon Pact
Fox Spirit Matchmaker: Red-Moon Pact
Fox Spirit Matchmaker: Red-Moon Pact
Fox Spirit Matchmaker: Red-Moon Pact
Fox Spirit Matchmaker: Red-Moon Pact
Fox Spirit Matchmaker: Red-Moon Pact
Original title 狐妖小红娘月红篇
First air date May. 23, 2024
Seasons 1
Episodes 10
Average Duration 45 minutes

Similar titles

The Killing Vote
My Lovely Boxer
Why Her?
The Longest Promise
My Country: The New Age (2019)
Snowdrop
Homesick
The Third Marriage
Colorful Melody
Oh! Master
Juvenile Justice
Living with Yourself (2019)