Monsterland (2020)

Monsterland (2020)

Oct. 02, 2020
Your rating: 0
7.5 2 votes

Seasons and episodes

1Season 1 Oct. 02, 2020

Creator

Mary Laws
Creator

Cast

Video trailer

Synopsis

​Monsterland (2020)
=======================
အောက်တိုဘာ ၂ရက်​​နေ့ကမှထွက်ရှိထားတဲ့ Monsterland ဆိုတဲ့ Tv Series ​လေးကို တင်ဆက်​ပေးပါရ​​စေ။ Monsterland ကို Hulu က​နေ ထုတ်လွှင့်ခဲ့ပြီး​တော့ Anthology အမျိုးအစားပဲဖြစ်ပါတယ်။

တခြားအရာ​တွေမ​ပြောခင် Anthology အ​ကြောင်း​လေး​ကို အရင်ရှင်းပြပါရ​စေ။ Anthology Series အမျိုးအစား​တွေက တစ်ပိုင်းနဲ့ တစ်ပိုင်းဆက်စပ်မှု ရှိမ​​နေပဲနဲ့ တစ်ပိုင်းကို ဇာတ်လမ်းတစ်မျိုးစီဖြစ်ပါတယ်။ ဇာတ်လမ်းတိုပုံစံမျိုး​ပေါ့။ ဒီလိုအမျိုးအစားက​တော့ GC ပရိသတ်​တွေနဲ့ အစိမ်းသက်သက်ကြီးဖြစ်​နေမယ်မထင်ပါဘူး။ ဟိုအ​စောပိုင်းတုန်းကလဲ AppleTv က ထုတ်လွှင့်တဲ့ Amazing Stories ဆိုတဲ့ Series ​လေးကို တင်ဆက်​ပေးဖူးပါတယ်။ Amazing Stories ကို သ​ဘောကျတဲ့သူ​တွေဆိုရင်​တော့ Monsterland ​လေးကို​လဲ သ​ဘောကျကြမယ်ထင်ပါတယ်။

Monsterland မှာဆိုရင် အပိုင်းအ​​နေနဲ့က ၈ပိုင်းရှိမယ်။ တစ်ပိုင်းကြာမြင့်ချိန်က​တော့ ၄၅ မိနစ် နဲ့ မိနစ် ၅၀ ဝန်းကျင်​တော့ရှိမယ်။ Monsterland က​တော့ Horror ပုံစံမျိုးဖြစ်ပြီး​တော့ လူတွေရဲ့ အ​မှောင်ဘက်အခြမ်း​တွေကို တင်ဆက်ထားမှာဖြစ်ပါတယ်။

အ​ခြေခံထားတဲ့စာအုပ်က​တော့ အ​မေရိကန်စာ​ရေးဆရာ Nathan Ballingrud ရဲ့ North-America Lake Mosters ပဲဖြစ်ပါတယ်။ ဒီစာအုပ်ဟာဆိုရင် Nathan Ballingrud ရဲ့ ၂၀၁၃မှာထွက်ရှိခဲ့တဲ့ ပွဲဦးထွက်စာအုပ်ဖြစ်ခဲ့သလို Shirley Jackson Award က​နေ Best Single-Author Short Story Collection ဆုကိုလဲ ရရှိခဲ့ပါတယ်။

ဇာတ်လမ်းအ​ကြောင်းက​တော့ ဇာတ်လမ်းအတိုဖြစ်တဲ့အတွက် ပရိသတ်တို့ကိုပဲ တာဝန်​ပေးလိုက်ပါ​တော့မယ်။

Review by Aung Htoo Khaing
Translated by Phyoe Ei Zin Pez, Zin Min Thu & Maymie Kyaw
Encoded by MgKyaw
Quality – Web-DL
Size – 600MB / 180MB
Genres – Drama, Fantasy, Horror

Monsterland (2020)
Original title Monsterland
TMDb Rating 8.8 5 votes
First air date Oct. 02, 2020
Last air date Oct. 02, 2020
Seasons 1
Episodes 8
Average Duration 50 minutes

Similar titles

Sweet Tooth
All of Us Are Dead
Yonder
Alice in Borderland (2020)
The 100
What If…? (2021)
Resident Evil
Jupiters Legacy (2021)
Bad and Crazy
Abyss
Eve
My Roommate Is a Gumiho