Yonder

Yonder

Oct. 14, 2022
Your rating: 0
9 1 vote

Seasons and episodes

1Season 1 Oct. 14, 2022

Video trailer

Synopsis

Yonder (욘더)

ချစ်ရသူရဲ့မှတ်ဉာဏ်ထဲမှာ ထာဝရရှိချင်တဲ့အတ္တ…
ချစ်ရသူရဲ့အမှတ်တရတွေကို တသသလွမ်းဆွတ်လိုတဲ့ အချစ်….
ရှင့်မှတ်ဉာဏ်ထဲမှာ ကျွန်မက ထာဝရတည်ရှိနိုင်မှာလား (အီဟူ)
မင်းနဲ့ပတ်သက်တဲ့အမှတ်တရတွေကို အမြဲလွမ်းဆွတ်နေတယ် (ဂျယ်ဟျွန်း)

ဒီတစ်ခါတော့ သိပ္ပံနယ်လွန်ဖြစ်ရပ်ဆန်းကြားက လွမ်းဆွတ်ဖွယ်သံယောဇဥ်တွေနဲ့ ရစ်နှောင်ထားတဲ့ဇာတ်ကားလေးကို ကြည့်ရမှာပါ။ 2032 ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး သိပ္ပံပညာတွေက သိပ်ကိုတိုးတက်နေတဲ့ကာလကြီးပါ။

Jae-Hyun (Shin Ha-Kyun) ဟာ Science M ရဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပြီး ဇနီးဖြစ်သူ Yi-Hu (Han Ji-Min) ဆုံးပြီးကတည်းက ဇနီးရဲ့အငွေ့အသက်တွေကို လွမ်းဆွတ်ရင်း ဗလာနတ္ထိဘဝကို ဖြတ်သန်းနေရသလိုခံစားနေရသူပါ။

တစ်ရက်မှာတော့ ကွယ်လွန်သူဇနီးသည်ဆီကနေ စာတစ်စောင်ရခဲ့ပါတယ်။ သူရှိတဲ့ယုံးန်ဒေါဆိုတဲ့နေရာကိုလာခဲ့ဖိုပါပဲ။ အဲဒီနေရာကိုရောက်ရင် သေဆုံးခြင်း၊ရှင်သန်ခြင်းဆိုတာမရှိတော့တာကြောင့် ထာဝရရှင်သန်ခြင်း၊ သေဆုံးခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းကြေကွဲရမှုတွေကို မေးခွန်းထုတ်ရမယ့်နေရာတစ်ခုပါပဲ။

ဇနီးဖြစ်သူ မသေခင် လုပ်သွားခဲ့တဲ့ထူးဆန်းတဲ့စာချုပ်ကြောင့် တွေဝေမိပေမဲ့ ချစ်ရသူနဲ့အမှတ်တရတွေကို ရှာဖွေဖို ဂျယ်ဟျွန်းတစ်ယောက် ယုံးန်ဒေါကို လာလိုက်တဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်ကားလေးမှာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ လျှိဝှက်ဆန်းကြယ်မှုနဲ့အတူ တမ်းတမ်းတတဖြစ်ရတဲ့ခံစားချက်ကိုပါ ရရှိမှာမို Melodrama ကြိုက်သူတို သဘောကျနှစ်ခြိုက်မှာမို Must Watch နော်။

Review by Athena
Translated by GCteam
Encoder:AJ18

Yonder
Yonder
Yonder
Yonder
Original title 욘더
First air date Oct. 14, 2022
Seasons 1
Episodes 6
Average Duration 30 minutes

Similar titles

Stockstruck
Snowpiercer
Under the Skin
The Elegant Empire
Reunited Worlds
Under The Gun
The Order (2019 –
So Not Worth It
Sword and Fairy
Bodyguard (2018)
Love 101
All of Us Are Dead