May It Please the Court

May It Please the Court

Sep. 21, 2022
Your rating: 0
7 1 vote

Seasons and episodes

1Season 1 Sep. 21, 2022

Creator

Creator

Cast

Video trailer

Synopsis

Gcverse လေးတွေ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ နောက်ထပ် ဥပဒေကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Witch at court လို Diary of a prosecutor လို ဥပဒေကားကို ကြည့်ဖူးတဲ့သူတွေဆိုရင် မင်းသမီး Jung Ryeo-Won ဆိုတာနဲ့ ဘာ့ကြောင့် လက်မလွှတ်သင့်သလဲဆိုတာ သိနေလောက်ပါပြီ။

ဇာတ်လမ်းလေးကတော့…
ရှေ့နေလောကမှာ Ace attorney လို တင်စားရလောက်အောင် ထက်မြက်လွန်းပြီး သူကိုင်လိုက်တဲ့ အမှုတိုင်းကို အနိုင်ရဖို ဘယ်လို risk မျိုးမဆိုယူရဲတဲ့ No Chak-Hee (Jung Ryeo-Won)ဟာ ရှေ့နေ့ရုံးကြီးတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး မကြာခင်ရာထူးတိုးဖို စောင့်ဆိုင်းနေသူတစ်ဦးပါ။ သိုပေမဲ့ ကံမကောင်းစွာဘဲ သူကိုင်ရတဲ့အမှုမှာ ပြဿနာတစ်ခုပေါ်ပေါက်လာခဲ့တာကြောင့် တစ်နှစ်လောက် တာဝန်ရပ်ဆိုင်းခံလိုက်ရပါတော့တယ်။ သိုပေမဲ့ သူမဟာ ပြည်သူ့ရှေ့နေအဖြစ် လုပ်ကိုင်ရင်း သူမရဲ့ရှေ့နေရုံးကို ပြန်သွားရဖို မျှော်လင့်နေခဲ့ပါတယ်။

Jwa Shi-Baek (Lee Kyu-Hyung) ကတော့ တရားရေးရာသုတေသနနှင့် လေ့‌ကျင့်ရေးကျောင်းကနေ ထိပ်တန်းကျောင်းသားအဖြစ် ဘွဲရခဲ့ပြီး တရားသူကြီး အမှုစစ် နာမည်ကြီးရှေ့နေ့ရုံးတွေရဲ့ ရှေ့နေ စသဖြင့် ရွေးချယ်စရာတွေအများကြီးထဲကမှ ပြည်သူ့ရှေ့နေဖြစ်လာဖို ရွေးချယ်ခဲ့သူတစ်ဦးပါ။ အလုပ်နဲ့ပတ်သက်လာရင် စိတ်အားထက်သန်စွာလုပ်ကိုင်တတ်ပြီး သူရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်လို ဘယ်သူမှမသိတဲ့ လျှိဝှက်ဆန်းကြယ်တဲ့အကြောင်းအရင်း ရှိနေသူတစ်ဦးပါ။

No Chak-Hee နဲ့ Jwa Shi-Baek တိုဟာ ဆက်ဆံရေးအဆင်မပြေကြပေမဲ့ ရုံးတစ်ခုတည်းမှာပဲ
ပြည်သူ့ရှေ့နေအဖြစ် လုပ်ကိုင်နေကြပါတယ်။ ဒီလိုနဲ့ သက်ကြီးပိုင်းလူချမ်းသာတွေကိုပဲ ပစ်မှတ်ထားတဲ့ ကွင်းဆက်လူသတ်မှုမှာ သူတိုနှစ်ဦး ပါဝင်ပတ်သက်မိသွားတဲ့အခါ အမှုနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ ကြုံရမှာလဲ။ ဆက်ဆံရေးအဆင်မပြေတဲ့ သူတိုနှစ်ဦး အမှုနဲ့ပတ်သက်လို ဘယ်လိုတွေတကျကျက် ဖြစ်နေကြမလဲ။ ဘယ်လိုအမှုမျိုးတွေကရော သူတိုကို စည်းကြိုနေမှာလဲ ဆိုတာတွေကို Gold Channel မှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါရှင်။

May It Please the Court
Original title 변론을 시작하겠습니다
First air date Sep. 21, 2022
Seasons 1
Episodes 16

Similar titles

Durian’s Affair
All the Liquors
You Touched My Heart
The Dropout (2022)
Angels Fall Sometimes
Dr. Romantic
Doom at Your Service
Mental Coach Jegal
Life
All of Us Are Dead
Women’s Choice
Outer Banks