Homesick

Homesick

Dec. 21, 2022
Your rating: 0
9 1 vote

Seasons and episodes

1Season 1 Dec. 21, 2022

Creator

Creator

Cast

Zhang Zifeng isChen Youxi
Chen Youxi
Wang Yanhui isLi Chengtian
Li Chengtian
Mei Ting isLiao Huifang
Liao Huifang
Naiwen Li isWang Chongjiang
Wang Chongjiang
Ding Jiali isGao Mei
Gao Mei

Synopsis

သာမန်နဲ့မတူ တစ်မူထူးခြားတဲ့ လျှို့ဝှက်ဆန်းကြယ် သဲထိတ်ရင်ဖို ဇာတ်ကားများကို စိတ်ဝင်စားကြသော GC Verse တို့အတွက် ဒီတစ်ခါ GC Team ကရွေးချယ်ပေးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ Homesick (နွေးထွေးမှု၏နောက်ကွယ်) ဆိုတဲ့ တရုတ်မှုခင်းဇာတ်ကားလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်

ဒီဇာတ်လမ်းလေးကတော့ iqiyiရဲ့ light on series ထဲကမှ တစ်ကားအပါအဝင်ဖြစ်ပြီး လျှို့ဝှက်ချက်များစွာနဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်။

ဒီဇာတ်ကားကို ကလေးသရုပ်ဆောင်မှတစ်ဆင့် နာမည်ကျော်ကြားလာပြီး သရုပ်ဆောင်စွမ်းရည်အမြင့်ဆုံးထဲမှ တစ်ဦးဖြစ်လာတဲ့ The Heart of Genius, One and Another Him ဇာတ်ကားတို့၏ဇာတ်ဆောင်မင်းသမီးငယ်လေး Chinese Movie ပေါင်းမြောက်များစွာထဲမှ လူအများချီးကျူးခံရသော မင်းသမီးတစ်လက်ဖြစ်သူ Back to the Field (Variety Show) မှ အစ်ကိုတွေဝိုင်းချစ်တာခံရတဲ့ ညီမငယ်လေး Zhang Zifeng နှင့် Mask, Twenty Again, Guo’s Summer ဇာတ်ကားတို့ထဲမှ မင်းသမီးကြီးတစ်လက်ဖြစ်သူ Mei Tingတို့မှ အဓိကသရုပ်ဆောင်များအဖြစ် ပါဝင်တင်ဆက်ထားပြီး The Untamed, Dance of The Phoenix, The Legendary Life of Queen Lau ဇာတ်ကားများထဲမှ မင်းသားချောလေး Guo Chengနှင့်အခြား အနုပညာရှင်ပေါင်း များစွာမှလည်း ပါဝင်ကူညီသရုပ်ဆောင်ထားပါတယ်

ဇာတ်လမ်းအညွှန်း

“လူ့လောကဥယျာဉ်ဟာ ဆူးထောင်ချောက်တွေနဲ့ ပြည့်နှက်လို့နေပြီး သံသယတွေဖုံးလွှမ်းနေတဲ့ မြို့ငယ်လေးမှာ လူသိမခံနိုင်တဲ့ လျို့ဝှက်ချက်တွေနဲ့ ဖြစ်နိုင်ချေတွေကို ဖုံးကွယ်ထားတယ်”

၁၉၉၇ခုနှစ်ရဲ့ နွေဦးမှာ ချန်ယို့ရှီးဟာ သူ့ရဲ့ပျောက်ဆုံးနေသော အစ်မဖြစ်သူ ရှောင်ရှို့ကို ရှာဖွေဖို့အတွက် မိဘမဲ့ဂေဟာကနေ မြို့ငယ်လေးဆီကို ထွက်ပြေးလာခဲ့ပါတယ်။ အစ်မဖြစ်သူရှောင်ရှို့ဟာ မပျောက်ဆုံးခင်အချိန်အထိ နှစ်ပေါင်းများစွာလီမိသားစုမှာ ကလေးထိန်းအဖြစ်လုပ်ကိုင်ခဲ့တာကို ချန်ယို့ရှီးတစ်ယောက် စုံစမ်းသိရှိလိုက်ရပါတယ်။ ရှောင်ရှို့ပျောက်‌‌ဆုံးသွားတဲ့အချိန်မှာတော့ လီမိသားစုဟာ ရှောင်ရှို့သည် ပိုင်ဆိုင်မှုတွေကိုခိုးယူပြီး တိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။ ချန်ယို့ရှီးတစ်ယောက်ကတော့ သူ့ရဲ့အစ်မဖြစ်သူဟာ ဒီလိုလုပ်ရပ်ကိုကျူးလွန်မှာမဟုတ်ကြောင်း အခိုင်အမာယုံကြည်ထားပြီး လီမိသားစုအပေါ်သံသယတွေဝင်နေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ လီမိသားစုမှာ နှစ်ပေါင်းများစွာပျောက်ဆုံးနေတဲ့သမီးတစ်ယောက်ရှိကြောင်း သိလိုက်ရတဲ့အခါမှာတော့ လီမိသားစုရဲ့သမီး လီဝမ်ဝမ်အဖြစ် လီမိသားစုအတွင်းသို့ ဝင်ရောက်ခဲ့ပါတယ်။

အယောင်ဆောင်သမီးဘဝမှာ သူ့ရဲ့ဘဝဟာ မိသားစုရဲ့နွေးထွေးကြင်နာမှုတွေကြောင့် သူ့ရဲ့ရန်ငြိုးတွေဟာ လွင့်ပျောက်စပြုနေချိန်မှာပဲ သူရရှိနေတဲ့ နွေးထွေးမှုရဲ့နောက်ကွယ်မှာ မုသားတွေ လှည့်စားမှုတွေ ရာဇဝတ်မှုတွေနဲ့ လျှို့ဝှက်ချက်တွေ ပြည့်နှက်နေတာကို သိရှိလိုက်ရချိန်မှာတော့ သူဘာဆက်လုပ်မလဲ သူ့ရဲ့အစ်မဖြစ်သူကရော ဘယ်လိုပျောက်ဆုံးသွားလဲ လီမိသားစုရဲ့ပျောက်ဆုံးနေတဲ့သမီးကရော ဘယ်နေရာများရောက်နေမလဲ လီမိသားစုရဲ့ လူသိမခံနိုင်တဲ့ လျို့ဝှက်ချက်တွေကရော ဘာများလဲ စတဲ့ လျှို့ဝှက်ချက်များစွာနဲ့ ပြည့်နှက်နေတဲ့ Homesick (နွေးထွေးမှု၏နောက်ကွယ်) အမည်ရ တရုတ်ရုပ်သံဇာတ်လမ်းတွဲလေးကို ဒီဇင်ဘာလ (၂၁)ရက်နေ့ညမှစတင်ပြီး GC drama telegram channelနဲ့ websiteတို့မှာ တင်ဆက်ပေးသွားမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်ရှုရင်း လျှို့ဝှက်ချက်တွေရဲ့ အဖြေကိုရှာကြဖို့အတွက် ဖိတ်ခေါ်လိုက်ပါရစေနော်

Reviewed by April Chyu & Feyremme
Translated by GC Chinese Team 2

Encoded by WP

Homesick
Original title 回来的女儿
First air date Dec. 21, 2022
Seasons 1
Episodes 12

Similar titles

Hometown
Song of the Moon
The Forbidden Marriage
Viva Femina
Women’s Choice
RACE
The World of My 17
Bad Girlfriend
Wild Bloom
Good Bye My Princess
Twenty Five Twenty One
Hospital Playlist