Song of the Moon

Song of the Moon

Dec. 15, 2022
Your rating: 0
9 1 vote

Seasons and episodes

1Season 1 Dec. 15, 2022

Creator

Creator

Cast

Vin Zhang isLu Li / Luo Ge
Lu Li / Luo Ge
Xu Lu isLiu Shao
Liu Shao
Wang Yilun isA Fujun
A Fujun
Ma Yue isBai Feng
Bai Feng
Liao Jinfeng isShang Yurong
Shang Yurong

Synopsis

မကြည့်ရတာကြာပြီဖြစ်တဲ့ စွမ်းအင်များနဲ့ သုံးလောကဇာတ်ကားသစ်လေးတစ်ပုဒ် GC Verseတို့ထံကို ရောက်ရှိလို့လာပါပြီ ဒီဇာတ်ကားလေးကို လသော်တာရဲ့ လွမ်းတေးပန်းချီ (Song Of The Moon) လို့အမည်ပေးထားပါတယ်

ဒီဇာတ်ကားလေးဟာ သာမန်မိန်းမပျိုလေးတစ်ဦးအဖြစ်မှ မထင်မှတ်ထားတဲ့ လူ နတ် မိစ္ဆာ မကောင်းဆိုးဝါးတို့အားလူံ မျက်စိကျရတဲ့သူအဖြစ်သို့ ပြောင်းလဲပြီးနောက် ဘဝကို မည်သို့မည်ပုံဖြတ်သန်းသွားရမလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတဲ့ ရှန်းရှဇာတ်ကားတစ်ပုဒ်ပဲ ဖြစ်ပါတယ်

ဒီဇာတ်ကားလေးကို Legend of Yunxi, The Blooms at Ruyi Pavilion, Fall in Love ဇာတ်ကားများအား ဖန်တီးခဲ့သူ ဒါရိုက်တာ Lin Jianlong ကိုယ်တိုင်ရိုက်ကူးထားပြီး A Romance Of The Little Forest, The King’s Woman, Storm Eye ဇာတ်ကားများထဲမှ ဇာတ်လိုက်မင်းသားချော Vin Zhang (Zhang Binbin) နှင့် Love Scenery, Sunshine of My Life, Stray Birds ဇာတ်ကားများထဲရှိ ဇာတ်လိုက်မင်းသမီးဖြစ်သူ Xu Lu တို့မှ အဓိကသရုပ်ဆောင်များအဖြစ် ပါဝင်ရိုက်ကူးထားကာ Wang You Shuo, Riley Wang, Zheng He Huizi အစရှိသော နာမည်ကျော်များမှလည်း ဇာတ်ပို့ဇာတ်ရံများအဖြစ် ပါဝင်ကူညီအားဖြည့်ပေးထားပါတယ်

ဇာတ်လမ်းအကျဉ်း

မိန်းကလေး လျိုရှောင်းဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ယောက်ျားလေးတစ်ယောက်နဲ့တွေ့ဆုံပြီး သူ့နဲ့အတူ သုံးရက်တာကို ပျော်ရွှင်စွာဖြတ်သန်းဖို့အတွက် သူ့ရဲ့ ဘဝကံကြမ္မာနဲ့ လဲလှယ်ခဲ့ပါတယ်။ အစပိုင်းမှာတော့ သူမဟာ  မသေမျိုးနဲ့ နတ်ဆိုးတွေရဲ့ စစ်ပွဲကြားကို ဝင်မပါခင်အချိန်အထိ သူဟာ အမွေဆက်ခံသူတစ်ယောက်အနေနဲ့ ဘဝကို အပူအပင်ကင်းကင်းဖြတ်သန်းနေရပါတယ်။

ဒါပေမယ့်လည်း မသေမျိုးနဲ့ နတ်‌‌ဆိုးတို့ရဲ့ တိုက်ပွဲကြားမှာ မိမိချစ်မြတ်နိုးသူကို ကာကွယ်ဖို့ရန်အတွက် အခက်အခဲအမျိုးမျိုးရင်ဆိုင်ဖြတ်သန်းရင်း 

အတိတ်နဲ့ ပစ္စုပွန်ကြားကလျှို့ဝှက်ဆန်းကြယ်တဲ့ယောက်ျားလေးလုလီနဲ့ လျိုရှောင်းတို့ရဲ့ ချစ်ခြင်းမေတ္တာတွေက ဘယ်လိုမျိုး ဖြစ်တည်လာကြမလဲ

သူတို့တွေရင်ဆိုင်ဖြေရှင်းရမယ့် အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ လုလီနဲ့ လျိုရှောင်းတို့ဟာ သူတို့ရဲ့ ကံကြမ္မာကို ပြန်လည်ပြုပြင်နိုင်ကြပြီး တစ်ချိန်ချိန်မှာ ပြန်လည်ဆုံစည်းနိုင်ကြမလား‌ စတဲ့ ပဟေဠိများနဲ့ ပြည့်နှက်နေတဲ့ Song Of The Moon (လသော်တာရဲ့ လွမ်းတေးပန်းချီ)အမည်ရတဲ့ တရုတ်ဇာတ်လမ်းတွဲလေးကို ဒီဇင်ဘာ ၁၅ရက်နေ့ညမှ စတင်ပြီး GC Drama telegram channel နဲ့ Website တို့တွင် ကြည့်ရှုလို့ရပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်

Reviewed by April Chyu & Feyremme

Translated by GC Chinese Team 2

Encoded by WP

Song of the Moon
Song of the Moon
Original title 月歌行
First air date Dec. 15, 2022
Seasons 1
Episodes 40

Similar titles

Happy Ending Romance
Gyeongseong Creature
Love Like the Galaxy (2022)
Police University
Jazz for Two
Big Mouth
Big Dragon
Outer Banks
The Legend of ShenLi
Blood Free
Queen of Masks
Crazy Love