Helstrom (2020)

Helstrom (2020)

Oct. 16, 2020
Your rating: 0
7.8 6 votes

Seasons and episodes

1Season 1 Oct. 16, 2020

Creator

Cast

Tom Austen isDaimon Helstrom
Daimon Helstrom
Sydney Lemmon isAna Helstrom
Ana Helstrom
Elizabeth Marvel isVictoria Helstrom
Victoria Helstrom
Robert Wisdom isCaretaker
Caretaker
June Carryl isLouise Hastings
Louise Hastings
Ariana Guerra isGabriella Rosetti
Gabriella Rosetti
Alain Uy isChris Yen
Chris Yen

Video trailer

Synopsis

Helstrom (2020)
====================
Marvel ပရိသတ်​တွေအတွက် Helstrom ဆိုတဲ့ Series ​လေး​ကို တင်ဆက်​ပေးပါရ​စေ။ Helstrom ကို​တော့ ​အောက်တိုဘာ ၁၆ ရက်​နေ့မှာ Hulu က​နေ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး​တော့ Adventure into Fear franchise ရဲ့ ပွဲဦးထွက် Series တစ်ခုလဲဖြစ်ပါတယ်။ Adventure into Fear အ​ကြောင်းကို​​တော့ ​အောက်မှာ ရှင်းပြထား​​ပေးပါမယ်။ Helstrom ကို​တော့ ၂၀၁၉ ​မေလမှာ အတည်ပြုခဲ့တာဖြစ်ပြီး​တော့ ရိုက်ကူး​ရေးကို​တော့ ၂၀၁၉ ​အောက်တိုဘာက​နေ ၂၀၂၀ မတ်လ အထိ Canada နိုင်ငံ Vancouver မြို့မှာ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ အခု ​အောက်တိုဘာ ၁၆ ရက်​နေ့မှာ ပရိသတ်​တွေရဲ့ ​ရှေ့​မှောက်ကို ​ရောက်ရှိလာပါပြီ။

Adventure into Fear ဆိုတာက Marvel’s Netflix television series လိုပါပဲ။ အရင်က Daredevil, Jessica Jones, Luke Cage, Iron Fist, The Defenders, The Punisher တို့လို Series ​တွေကို Netflix မှာ ထုတ်လွှင့်ခဲ့ဖူးပါတယ်။ အခုအချိန်မှာ​တော့ Marvel Netflix television series ကို ဖျက်သိမ်းလိုက်တဲ့အတွက်​ကြောင့် Hulu က Adventure into Fear ဆိုတဲ့ နာမည်နဲ့ Marvel က Series ​တွေကို ထုတ်လွှင့်​ပေးမှာပဲဖြစ်ပါတယ်။ အခုမှ ပထမဦးဆုံး Series ဆို​တော့ ​နောက်လာမဲ့ Series ​တွေကို​တော့ ​ကြေညာထားခြင်းမရှိပါဘူး။

Trailer ကို ကြည့်မိလိုက်​တော့ ထူးထူးခြားခြား သတိထားမိတာက Marvel ရဲ့ ပုံစံနဲ့ ဘယ်လိုမှမတူ​နေတာပါ။ ကျွန်​တော်တို့ ​တွေ့မြင်ခဲ့ဖူးတဲ့ Marvel ဇာတ်လမ်း​တွေက ဒီလိုမျိုး Dark ဖြစ်တဲ့ ပုံစံတွေမျိုး​တွေ သိပ်မ​တွေ့ရပါဘူး။ DC မှာသာ ဒီလိုမျိုး Dark ဖြစ်တဲ့ Theme ​ကို ​ဖော​ဖောသီသီ​တွေ့​နေရတာပါ။ Marvel ဘာအကွက်​တွေနင်း​နေလဲဆိုတာ​တော့ သူတို့ပဲသိပါလိမ့်မယ်။

ဇာတ်လမ်းအ​ကြောင်းဆိုရင်​တော့ Helstrom ​မောင်နှမ နှစ်​ယောက်အ​ကြောင်းပါပဲ။ Comics မှာ​တော့ Hellstrom လို့​ပေးထားပြီး​တော့ Series မှာ​တော့ Helstrom ဖြစ်​နေပါတယ်။ လူနာမည်နဲ့ ပိုတူ​အောင်ဖြစ်ပါလိမ့်မယ်။ Hellstrom ​မောင်နှမနှစ်​ယောက်က လူတစ်ဝက် နတ်ဆိုးတစ်ဝက်ဖြစ်ပြီး Daimon Hellstrom ကို ​စေတန်ရဲ့ သား​တော်လို့လဲ ​​​ခေါ်ကြပါတယ်။ Series ထဲမှာ​တော့ Helstrom ​မောင်နှမနှစ်​ယောက်က စိတ္တဇလူသတ်သမား အ​မေ​ရဲ့ က​လေးနှစ်​ယောက်ဖြစ်ပါတယ်။ Helstrom ​​မောင်နှမနှစ်​ယောက်က လူသား​တွေကို နှိပ်စက်တဲ့သူ​တွေကို ပြန်ပြီး နှိပ်စက်တဲ့ပုံစံမျိုး​တွေ လုပ်ကြမှာပါ။

Marvel ပရိသတ်​တွေပဲဖြစ်ဖြစ် Superhero ပရိသတ်​တွေပဲဖြစ်ဖြစ် Marvel က အသစ်ထွက်ရှိလာတဲ့ Helstrom ကို အား​ပေးကြပါဦး။ ပရိသတ်​တွေလက်ထဲကို အမြန်ဆုံး​ရောက်​အောင်လဲ ကျွန်​တော်တို့ GC က​နေ တင်ဆက်​ပေးလိုက်ရပါတယ်။

Review by Aung Htoo Khaing
Translated by Aung Htoo Khaing, Kyaw Htet Win Thein, Kg Zar Ni
Encoded by MgKyaw
Quality – Web-DL
Size – 600MB / 200MB
IMDB – 7.0
Genres – Action, Adventure, Drama

Helstrom (2020)
Helstrom (2020)
Helstrom (2020)
Original title Helstrom
TMDb Rating 10 2 votes
First air date Oct. 16, 2020
Seasons 1
Episodes 10
Average Duration 50 minutes

Similar titles

Master of My Own
The Interest of Love
Exes & Missus
Marvel’s Agents of S.H.I.E.L.D. (2013-2020)
执笔
Was It Love? (2020)
Obi-Wan Kenobi
Trolley
School 2021
The Tale of Rose
Hello, Me!
Vengeance of the BrideÂ