Master of My Own

Master of My Own

Apr. 29, 2022
Your rating: 0
10 1 vote

Seasons and episodes

1Season 1 Apr. 29, 2022

Synopsis

Master of My Own – Review

C-drama ချစ်ပရိတ်သတ်များအဖို့ GC Team ကနေပြီး Master of My Own (请叫我总监) ဆိုတဲ့ လုပ်ငန်းခွင်ဒရာမာတစ်ခုကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်မင်းသားကတော့ Lin Gengxin ပဲဖြစ်ပြီး သူ့ကိုဆိုရင် C-drama ပရိတ်သတ်တွေအနေနဲ့ Princess Agents ဇာတ်လမ်းတွဲနဲ့ အသိများကြပြီးတော့ God of War, Zhao Yun မှာလည်း Yoona (Girls’ Generation) နဲ့ပါ ပူးတွဲသရုပ်ဆောင်ဖူးတာဖြစ်လို့ K-drama ပရိတ်သတ်များနှင့်လည်း ရင်းနှီးနေမှာ ဖြစ်ပါတယ်။ ဇာတ်ဆောင်မင်းသမီးကလည်း Tan Songyun ဖြစ်တာမို့ The Whirlwind Girl၊ With You စတဲ့ ဇာတ်ကားများကို ကြည့်ဖူးသူများအတွက် အထူးညွှန်းဖို့ မလိုဘူးလို့ ပြောရမှာပါ။ ဇာတ်ပို့ဇာတ်ရံများကလည်း ထူးချွန်တဲ့သရုပ်ဆောင်များဖြစ်ပြီး အလုပ်ကြိုးစားလွန်းတဲ့ ကုမ္ပဏီ CEO တစ်ယောက်ရဲ့ လုပ်ငန်းခွင်မှာ ရုန်းကန်ကြိုးစားရတဲ့ ဝန်ထမ်းများရဲ့ ဇာတ်ကောင်စရိုက်ကို ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ပေါ်လွင်အောင် သရုပ်ဆောင်ထားကြတာကို တွေ့ရမှာပါ။

(ဇာတ်လမ်းအကျဉ်း)

Ning Meng (Tan Songyun) ဟာ ငယ်စဉ်ကတည်းက ရင်းနှီးမြှုပ်နှံမှုဒါရိုက်တာတစ်ဦး ဖြစ်လာဖို့ အိပ်မက်ရှိခဲ့တာပါ။ ဒါပေမဲ့ သူ ဘွဲ့ရပြီး ရလာတဲ့ အလုပ်ကတော့ အိပ်မက်နဲ့ တခြားစီပဲ ဖြစ်လို့နေပါတယ်။

Ning Meng (Tan Songyun) ရဲ့သူဌေးဖြစ်သူ Lu Ji Ming (Lin Gengxin)က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးတစ်ခုရဲ့ သူဌေးဖြစ်ပြီး စီးပွားရေးဉာဏ် အင်မတန်ထက်သူဖြစ်ပါတယ်။ သူ့အနေနဲ့ Ning Meng (Tan Songyun) တစ်ယောက် ဘယ်တော့မှ အရည်အချင်းပြည့်ဝတဲ့ ရင်းနှီးမြှုပ်နှံသူဖြစ်လာမယ်လို့ မထင်ပါဘူး။ တစ်နေ့မှာ Ning Meng (Tan Songyun) က သူ ဖြစ်အောင်လုပ်နိုင်ကြောင်း သက်သေပြဖို့နဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ရာအတွက် Lu Ji Ming (Lin Gengxin)ဆီက ထွက်သွားဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။

ဒီလိုနဲ့ အလုပ်ကို ခဲခဲရင်းရင်း ကြိုးစားရှာဖွေပြီးနောက်မှာ ရင်းနှီးမြှုပ်နှုံမှုလုပ်ငန်းအသစ်တစ်ခုဆီ Ning Meng (Tan Songyun) က ရောက်သွားပြီး အလုပ်ကို ကြိုးစားလုပ်ကိုင်ပါတယ်။ ဒီအချိန်တွေအတွင်းမှာ သူဌေးဟောင်းဖြစ်သူ Lu Ji Ming (Lin Gengxin)က သဘောတူလှတာမဟုတ်ပေမဲ့ စောင့်ကြည့်နေခဲ့တာဖြစ်ပြီး တကယ်လိုအပ်လာရင် အကြံဉာဏ်သွားပေးတတ်ပါတယ်။

Lu Ji Ming (Lin Gengxin)ဆီက သင်ယူခဲ့ရတဲ့ စီးပွားရေးပညာတွေက Ning Meng (Tan Songyun) ကို အကျိုးပြုတာ အမှန်ပဲဖြစ်သလို အလားတူပဲ Lu Ji Ming (Lin Gengxin)အတွက်လည်း Ning Meng (Tan Songyun) ရဲ့ ဘဝကိုရင်ဆိုင်နည်းက ခွန်အားဖြစ်စေခဲ့တာ အမှန်ပါပဲ။

ငယ်စဉ်ကတည်းက မိဘတွေ ကွာရှင်းခဲ့ကြခြင်းရဲ့လွှမ်းမှိုးမှုကြောင့် ခံစားချက်သိပ်မထားတတ်တဲ့ CEO Lu Ji Ming (Lin Gengxin)တစ်ယောက် ရည်မှန်းချက်အောင်မြင်ဖို့ ဘဝအခက်အခဲတွေကို အားသွန်ခွန်စိုက် ဖြတ်သန်းနေတဲ့ Ning Meng (Tan Songyun) အတွက် ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်သွားမှာပါလဲ။

မင်းသားမင်းသမီးတွေရဲ့ visual အားအပြည့်ကို ခံစားကြည့်ရှုဖို့အပြင် အပြိုင်အဆိုင်များတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနယ်ပယ်ရဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို စတင်အလုပ်ဝင်သူတစ်ဦးရဲ့ ရှုထောင့်ကနေ တက်တက်ကြွကြွ ဝင်ရောက်ခံစားနိုင်ဖို့ ဒီဇာတ်လမ်းတွဲလေးကို GC Team ကနေ တင်ဆက်ပေးလိုက်ပါတယ်။

Reviewed by Tsuki-L
Translated by GC Team (中文)

Master of My Own
Master of My Own
Master of My Own
Master of My Own
Master of My Own
Original title 请叫我总监
First air date Apr. 29, 2022
Last air date May. 09, 2022
Seasons 1
Episodes 32
Average Duration 48 minutes

Similar titles

Our Love Triangle
Alice in Borderland (2020)
My Journey To You
My Secret Love: The Series
Why R U?
Dear X Who Doesn’t Love Me
The Interest of Love
Was It Love? (2020)
Hierarchy
School Tales the Series
The Secret House
Welcome to Wedding Hell