Cursed (2020)

Cursed (2020)

Jul. 15, 2020
Your rating: 0
7.8 6 votes

Seasons and episodes

1Season 1 Jul. 15, 2020

Creator

Cast

Katherine Langford isNimue/Lady of the Lake
Nimue/Lady of the Lake
Shalom Brune-Franklin isIgraine/Morgana
Igraine/Morgana
Daniel Sharman isWeeping Monk/Lancelot
Weeping Monk/Lancelot
Peter Mullan isFather Carden
Father Carden
Billy Jenkins isSquirrell/Percival
Squirrell/Percival
Sebastian Armesto isKing Uther Pendragon
King Uther Pendragon

Video trailer

Synopsis

Cursed (2020)
=======================
ကျွန်​တော်တို့ 13 Reasons Why မှာ သ​ဘောကျခဲ့ရတဲ့ Katherine Langford က​တော့ ​နောက်တစ်ကြိမ် ကျွန်​တော်တို့​ရှေ့ကို ​နောက်ထပ် Tv Series တစ်ခုအ​နေနဲ့ ပြန်ပြီး​ရောက်လာပါပြီ။ 13 Reasons Why မှာ Hannah Baker အ​ဖြစ်သရုပ်​ဆောင်တဲ့ Katherine Langford ကို Season 1 မှာ ကတည်းက သတ်လိုက်ပြီး​တော့ ​နောက် Season ​တွေမှာ မ​တွေ့ရ​​တော့ အားမလိုအားမရဖြစ်​နေမှာ ​သေချာပါတယ်။ ဒီတစ်ခါမှာ​တော့ Cursed ဆိုတဲ့ Tv Series မှာ ​အဓိကသရုပ်​ဆောင်အ​နေနဲ့ ပြန်လည်ပါဝင်လာပါတယ်။

King Arthur ကို​တော့ ကြားဖူးကြမယ်ထင်ပါတယ်။ ကျွန်​တော်တို့ ငယ်ငယ်ကကြည့်ဖူးခဲ့တဲ့ The Sword in the Stone တို့ 2017 ​လောက်ကထွက်ခဲ့တဲ့ King Arthur တို့နဲ့ ရင်းနှီးကြမယ်ထင်ပါတယ်။ Cursed က​တော့ King Arthur ဆိုတဲ့ ဘဝကိုမ​ရောက်ခင်က ဒဏ္ဍာရီအ​ကြောင်းကို တစ်ချိန်မှာ Lady of the Lake ဖြစ်လာမဲ့ Nimue ရဲ့ ရှု​ထောင့်က​နေ ပြသထားတာပါ။

ဇာတ်လမ်း အကျဥ်းက​တော့ Nimue ရဲ့ အ​မေဆုံးပြီးတဲ့ အချိန်မှာ​တော့ Nimue က Excalibur ကို Merlin ဆီပို့ဖို့အတွက် တာဝန်ဖြစ်လာ​ပါ​တော့တယ်။ အဲ့ဒီက​နေမှ မ​​မျှော်လင့်ပဲ ဘုရင်မဖြစ်​​သေးတဲ့ Arthur အငယ်စား​လေးနဲ့​တွေ့ပြီး​တော့ Merlin ကိုသွားရှာကြပါတယ်။ Nimue က သူ့ရဲ့ခရီးလမ်းမှာ​တော့ ​ကြောက်ဖို့​ကောင်းတဲ့ Red Paladins ​တွေကိုလဲ ဆန့်ကျင်ခုခံရပါ​သေးတယ်။

Nimue ​​နေရာမှာက​တော့ အ​ပေါ်မှာ​ပြောထားတဲ့အတိုင်းပဲ Kathering Langford ကသရုပ်​ဆောင်ထားပြီး​တော့ Merlin ​နေရာမှာက​တော့ Vikings မှာ ကျွန်​တော်တို့ သ​ဘောကျခဲ့ရတဲ့ Floki ဆိုတဲ့ ဇာတ်​ကောင်​နေရာက သရုပ်​ဆောင်တဲ့ Gustaf Skarsgard ပဲဖြစ်ပါတယ်။ Arthur ​နေရာမှာ​က​တော့ မုန်းတဲ့သူမရှိ​တဲ့ အ​မေရိကန်သမ္မတ​ဟောင်း Barack Obama ​​အ​ကြောင်းကို ရိုက်ထားတဲ့ Barry ဆိုတဲ့ ဇာတ်ကားက မင်းသား Devon Terrell ပဲဖြစ်ပါတယ်။

Cursed မှာက ပုံမှန်ရိုးရိုးရှင်းရှင်း ဓါးသွားပို့မယ်ပြန်လာမယ်လို့ပဲ ထင်လိုက်ရင်​တော့ မှားသွားပါမယ်။ ဘာလို့လဲဆို​တော့ တစ်ခါတစ်ခါ တိုက်ပွဲဖြစ်ရင် ​ခေါင်း​တွေပါပြတ် ​သွေး​တွေပါစင်နဲ့ တိုက်ပွဲ​​တွေကို​​တော့ အားရမှာ​သေချာပါတယ်။ တကယ်လို့ ​​သွေး​ကြောက်တဲ့သူ​တွေဆိုရင်​တော့ သတိထားပြီး ကြည့်ဖို့တိုက်တွန်းလိုပါတယ်။ ​နောက်ပြီး ပြောစရာတစ်ခုရှိတာက Netflix ကနေပြီးတော့ Katherine Langford ကို ဇာတ်ကောင်ရွေးချယ်တဲ့ အပိုင်းပါ၊ ဒီလို​ပြောလို့လဲ မအံ့သြသွားပါနဲ့။ ဘာတွေဖြစ်လာမလဲ ဆက်စောင့်ကြည့်ကြပါ …

Lady of the Lake ဖြစ်လာမဲ့သူတစ်ယောက်ပေါ့လေ။ Arthur အ​ကြောင်း​တွေများ​နေလို့ Merlin အ​ကြောင်း​တွေများ​လာလို့များ Nimue ဘက်လှည့်ပြီး Arthur အ​ကြောင်းပြလိုက်သလားလို့​တောင် ထင်မိပါတယ်။ ဒါ​ပေမဲ့ ဘယ်သူ့ကိုပဲ သ​ဘောကျကျ ကိုယ်သ​ဘောကျတဲ့သူရဲ့ Tv Series ဆိုရင်​တော့ ကြည့်ချင်ကြတာပဲ မလား။

ဒီ Series ​လေးက​တော့ July 17 ကမှ ထွက်ထားတဲ့အသစ်စက်စက် Tv Series ဖြစ်ပြီး အပိုင်းအ​နေနဲ့က​တော့ 10 ပိုင်းပါ။ တစ်ပိုင်းကြာချိန်က တစ်နာရီမပြည့်ဘူးဆို​တော့ အားရင်အားသလို အိမ်မှာပျင်း​နေတဲ့သူ​တွေ​ရော ​ရုံးပြန်တက်​နေရလို့ငြီး​ငွေ့​နေတဲ့သူ​တွေ​ရော အချိန်ရရင်ရသလို ကား​ပေါ်မှာပဲဖြစ်ဖြစ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Application မှာ ကြည့်လို့ရနေပြီ ဖြစ်သလို Website မှာလည်း တစ်ရက် နှစ်ပိုင်းနှုန်းနဲ့ တင်ဆက်ပေးသွားပါ့မယ် …

Review by Aung Htoo Khaing
Translated by Win Thein Maung
Encoded by MgKyaw
Quality – Web-DL
Size – 600MB / 150MB
IMDB – 5.4
Genres – Adventure, Drama, Fantasy

Download လုပ်ရတာအဆင်မပြေတဲ့လူတွေ အနေနဲ့ ကျွန်တော်တို့ Application လေးကို အောက်မှာပေးထားတဲ့ Gold Channel Entertainment Page ရဲ့ Messenger မှာ Application Download Link , Username နဲ့ Password တို့ကို လာတောင်းလို့ရပါတယ်နော်

https://play.google.com/store/apps/details?id=com.gc.movies11

Cursed (2020)
Cursed (2020)
Cursed (2020)
Cursed (2020)
Original title Cursed
TMDb Rating 7.7 42 votes
First air date Jul. 15, 2020
Last air date Jul. 15, 2020
Seasons 1
Episodes 10
Average Duration 60 minutes

Similar titles

Naomi
Dance of the Phoenix (2020) မြန်မာစာတမ်းထိုး
The Silent Sea
A Journey to Love
Beauty of Resilience
Squid Game
Undercover
Tribes of Europa (2021- )
Halo (2022)
Kudi Yedamaithe (2021)
Glitch
Han River Police