A Model Family

A Model Family

Aug. 12, 2022
Your rating: 0
5 1 vote

Seasons and episodes

1Season 1 Aug. 12, 2022

Creator

Creator

Cast

Synopsis

မိသားစုဆိုသည်မှာ…
အင်အားတွေချိနဲ့၊ လက်လျှော့ဖိုဆုံးဖြတ်လိုက်တိုင်းမှာ နောက်ကိုပြန်လှည့်ကြည့်လိုက်ရင် ရှင်သန်ဖိုအကြောင်းပြချက်တစ်ခုတော့ ရှိနေဆဲပါ။ မိသားစုပေါ့ ရိုင်းပင်းကူညီ အတွင်းသိအဆင်းသိ၊ သွေးသားတော်စပ်ချင်မှတော်စပ်ပါလိမ့်မယ် ဒါပေမယ့် မိသားစုဆိုတာတော့ရှိစမြဲပါပဲ။ ဒါဆို ရှင်သန်ဖိုလိုအပ်ချက်က ဘာဖြစ်မလဲ?
ငွေကြေးလား၊ ရိုးသားမှုလား?

အခု Netflix ကနေ august 12 မှာထွက်မယ့် ဒီ a model family မိသားစုကားလေးကတော့ ပုံမှန်အတိုင်း သာမန်မိသားစုလေးလိုထင်ချင်စရာပါ။

သာမန်ဝင်ငွေလေးနဲ့ ပါမောက္ခ Dong Ha ” မိသားစုရဲ့ အိမ်ထောင်ဦးစီး ဒီမိသားစုကိုထောက်ပံ့မှုပေးတဲ့ တစ်ခုတည်းသောဝင်ငွေစီးကြောင်း၊ သူ့ရဲ့ရှင်သန်မှုအကြောင်းပြချက်က ဒီမိသားစုကိုထောက်ပံ့ပေးနိုင်ဖို၊ ဒီသမီးအတွက် နောင်ရေး၊ ဒီသားအတွက်ဆေးဖိုးဝါးခ၊ မိန်းမဆီက စိတ်ပျက်နေတဲ့အသံနဲ့ အသုံးမကျတဲ့ခံစားမှု ဒါနဲ့ သူတကယ်ရော အဆင်ပြေနေရဲ့လား။
မိသားစုတိုင်းမှာ ကိုယ်ပိုင်ပြဿနာတွေရှိတတ်ကြတယ်။ Dong ha အတွက်ကတော့ ငွေကြေးပြဿနာပါပဲ။ သူ့ရှင်သန်ချက်ကို တည်မြဲစေနိုင်မယ့် ငွေကြေးအင်အားမရှိနိုင်တော့တဲ့သူ။ ဆောက်တည်ရာမရ ထွက်ပေါက်မဲ့နေသူ၊ ဇနီးကိုပါကွာရှင်းလူဆဲဆဲ အားလုံးဆုံးရှုးရမယ့်အချိန်…

Accident ဖြစ်ထားတဲ့ကားတစ်စီးရှေ့ခန်းမှာ လူ၂ယောက်သွေးတွေနဲ့ လဲကွဲနေပေမယ့် ပါမောက္ခကြီးတစ်ယောက်ကတော့ နောက်ခန်းကိုပဲအာရုံရောက်နေခဲ့တယ်၊ ပိုက်ဆံတွေ၊ သူ့တစ်သက်မမြင်ဖူးခဲ့တဲ့ငွေတွေ။ ဒီငွေတွေကို သူယူလိုက်မိတဲ့အချိန်ကစပြီး မူးယစ်ဆေးအရောင်းအဝယ်လုပ်ငန်းစုကြီးနဲ့ ပတ်သတ်မိတော့တာပဲ၊ အဆိုးထဲကအဆိုးဖြစ်သွားရှာတဲ့ ပါမောက္ခကြီးတစ်ယောက်တော့ ကံစီမံရာအတိုင်းလိုက်ရင်း သူ့ရှင်သန်မှုရည်ရွယ်ချက်ကို ဖြည့်ဆည်းနိုင်ပါ့မလား။
နောက်လှည့်ကြည့်တိုင်း အမြဲရှိနေမယ်ဆိုတဲ့ မိသားစုကရော ရှိနေပေးနိုင်ဦးမလား။
ပါမောက္ခကြီးကရော ကာကွယ်ပေးနိုင်ပါ့မလား။

ဒီလို ဘဝရည်ရွယ်ချက်နောက်လိုက်ရင်း အဆိုးတွေကြားထဲ ဒီမိသားစုရုန်းကန်ကြတဲ့ a model family drama လေးကို August 12 မှာ ၁၀ ပိုင်းလုံး တစ်ပြိုင်တည်းထွက်မှာကို GC နဲ့အတူစောင့်ကြည့်ကြမယ်နော်။
Bonus အနေနဲ့ကတော့ villain Gwang cheol (Park hee soon ) ပါပြီး Action, Thriller ဇာတ်ကြမ်းလေးကို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း....
First air date Aug. 12, 2022
Last air date Aug. 12, 2022

Similar titles

A Dream of Splendor (2022) မြန်မာစာတမ်းထိုး
The Eighth Sense
Mysterious Lotus Casebook
The Sandman
Perry Mason (2020)
The Wife
The 8 Show
I Haven’t Done My Best Yet!
My Romance From Far Away
Cupid’s Last Wish
Extracurricular
Hometown Cha-Cha-Cha