What's happening?

Video Sources 3035 Views Report Error

  • Watch traileryoutube.com
  • FHD Direct StreamingUnknown resource
  • HD Direct StreamingUnknown resource
  • SD Direct StreamingUnknown resource
The Outfit

The Outfit

Everyone has something up their sleeves.Feb. 25, 2022USA105 Min.R
Your rating: 0
8 1 vote

Synopsis

The outfit ( 2022)

================
2022 ခုနှစ်ရဲ့ mystery, thriller ,ရုပ်ရှင်
The outfit!!
Georgia သမိုင်းမှာ Joseph Stalin ရဲ့ အကြီးကျယ်ဆုံးသော ဘဏ်ဓားပြမှုဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ THRILLER ဇာတ်ကား။
စထွက်ပြီဆိုတည်းက Rotten 🍅 86%
Audience score 92% နဲ့ပွဲထွက်လာခဲ့တဲ့ အကြမ်းစား ဇာတ်ကားလေးပါ။
Box office $3.2 M 🤑 နဲ့ ၁နာရီ ၄၅မိနစ်စာ ဒီရုပ်ရှင်ဇာတ်ကားကို theater တွေမှာ မတ်လ ၁၈ ရက်နေ့က ပြသခဲ့တဲ့ Dolby Digital,Stereo နဲ့အမိုက်စားဖြစ်နေခဲ့တဲ့ ဒီဇာတ်ကားကို GC မှ တင်ဆက်ပေးလိုက်ပါတယ်။
Review အနေနဲ့
Suit တွေချုပ်လုပ်တဲ့ အတတ်ပညာမှာ တစ်ဖက်ကမ်းခတ်တော်သူ Leonard (Mark Rylance) ,
တိကျမှု၊သေသပ်မှုတွေနဲ့ လူသိများတဲ့ Tailorကြီး ( တကယ်တမ်းလဲ ဒီဇာတ်ကားတစ်ခုလုံးကို Mark Rylanceရဲ့ action တွေကပဲဆွဲသိမ်းသွားခဲ့တာပါ)။
သူနဲ့အတူ သူ့ရဲ့အတွင်းရေးမှူး Mable (Zoey Deutch)၊ အသံချိုချိုလေးနဲ့ ကမ္ဘာပတ်ချင်တဲ့အကြောင်း အမြဲကြွေးကြော်နေတတ်သူ။
Leonard နဲ့ Mable ရဲ့ဆက်ဆံရေးက ထုတ်မပြောပြကြတဲ့ သားအဖတွေလို ရင်းနှီးမှူမျိုးတွေပါ။
Leonardကတော့ သူတတ်မြောက်ထားတဲ့ ပညာကို Mable ကိုအမွေတွေပေးချင်ခဲ့တာ။
Mable ကတော့ ထုံးစံအတိုင်း ကမ္ဘာပတ်မယ်၊ ခရီးသွားမယ်။
ဒီလို တစ်ဖက်ကမ်းခတ်တော်ပြီး ကျွမ်းကျင်လှတဲ့ Leonardရဲ့ Tailor’s shop လေးမှာ ဖောက်သည်တွေလဲ ဝင်ချည်ထွက်ချည်။
သူ့ဆီက အကောင်းဆုံးသော ဝတ်စုံတွေကို ထိပ်တန်းအဆင့်သူတွေတောင် နှစ်ခြိုက်ကြတယ်။
ဒါပေမယ့် Leonardတစ်ယောက်တော့ ဘယ်သူ့ကိုဖြင့် လက်ခံချုပ်လုပ်ပေးမယ်၊ ဘယ်သူ့ကိုဖြင့် ငြင်းဆန်မယ်လို့ မလုပ်နိုင်ခဲ့လေတော့ ယခုလို Thriller ဇာတ်ကားရဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်လာပါတော့တယ်။
ပုံမှန်ဖောက်သည်တွေထဲက အဆိုးအပေအတေလေး Richie (Dylan O’Brien )။
သူဌေးသား အပေအတေ ဘာကိုမှဂရုမစိုက်တဲ့ Daddy issue ရှိသူလေးပါ။
စကားပြောရင် အထေ့အငေါ့နဲ့ သူ၊ လေးစားသမှုမရှိတဲ့သူ။
ငယ်ငယ်ချောချောရေလျှံသူမလို့ Leonardတစ်ယောက်တော့ သမီးလိုခင်ရတဲ့ Mable အတွက်စိတ်မအေးနိုင်ခဲ့ပါ။
ထင်တဲ့အတိုင်းပဲ Mable နဲ့လဲ ဆက်ဆံရေးတွေ ပိုမိုနေခဲ့ပါတယ်။
တစ်ည တစ်ညမှာတော့ Leonard ဆိုင်ထဲကို Richie နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် Francis တို့ ဝုန်းဒိုင်းကြဲပြီး ဝင်ရောက်လာတဲ့အခါ….
Richie ဗိုက်မှာ ကျည်ဖောက်ရာနဲ့ Richie တို့ကတော့ အရှုပ်ထုပ်ကြီး Leonard ခေါင်းပေါ်တင်လာတဲ့အခါ။
အပြင်မှာလဲ ဝိုင်းနေကြသူ အုပ်စုနဲ့ Leonard တစ်ယောက် ဘယ်လိုအစွမ်းတွေပြမလဲ၊ နောက်ဆက်ဘယ်လို Action, Mystery, Thrillerမျိုးစုံသိရမလဲဆိုတာ ဒီကနေ ကြည့်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။
Reviewed by Phyo
Translated by Phyo,egg,Sarah & Maymie kyaw

Application ဖြင့်လည်း ကြည့်ရှုနိုင်ပါပြီ
App Download Link > https://play.google.com/store/apps/details?id=com.goldchannel.app

The Outfit
The Outfit
The Outfit
The Outfit
Original title The Outfit
IMDb Rating 7.5 1,748 votes
TMDb Rating 7.3 13 votes

Similar titles

This Is Me…Now
Angel of Mine (2019)
San Andreas
The Women and the Murderer (2021)
Sentinelle (2021)
Waiting for Anya
Harriet
Pada
Toofaan
Kabayo
Rocketman
Penguin Bloom (2020)