What's happening?

Video Sources 5491 Views Report Error

  • HD Direct StreamingUnknown resource
  • SD Direct StreamingUnknown resource
The Women and the Murderer (2021)

The Women and the Murderer (2021)

Sep. 09, 2021Unknown92 Min.Not Rated
Your rating: 0
7 1 vote

Synopsis

The Women and the Murderer (2021)

Parisလို့ပြောလိုက်တာနဲ့ အေးချမ်းလှပတဲ့ အချင်းချင်းရိုင်းပင်းကူညီတတ်တဲ့ ပျော်ပျော်နေဖို့ကို အလေးထားတဲ့လူတွေနေကြတဲ့ အလည်အပတ်သွားချင်စရာ မြို့တစ်မြို့ကို ပြေးမြင်မိမှာပါ။ ပျော်စရာကောင်းတဲ့မြို့တစ်မြို့ဖြစ်တာကြောင့် ရာဇဝတ်မှုကြီးကြီးမားမားတို့ စိတ္တဇလူသတ်သမားတို့ဆိုတာ ၁၉၉၀ ဝန်းကျင်မှာ ပဲရစ်မြို့အတွက်တော့ အထူးအဆန်းပေါ့။ ကွင်းဆက်လူသတ်သမားဆိုတဲ့အသုံးအနှုန်းကိုတောင်မှ သူတို့မသုံးကြတဲ့အထိပါပဲ။

ဒီလိုနေချင်စရာမြို့ကလေးမှာ ထိတ်လန့်စရာကောင်းတဲ့ မုဒိန်းကျင့်ပြီးလူသတ်တဲ့ ကွင်းဆက်လူသတ်သမားရယ်လို့ ရုတ်တရက်ကြီးပေါ်လာတဲ့အခါ ဒီလိုအမှုကြီးမျိုးကို မကြုံဖူးတဲ့ရဲတွေအတွက် အခက်တွေ့စရာဖြစ်လာပါတော့တယ်။ ၁၉၉၁ ခုနှစ်က စတင်ကျူးလွန်လာခဲ့ပြီး နှစ်အနည်းငယ်ကြာမှသာ ဒီအမှုကိုကွင်းဆက်လူသတ်မှုအဖြစ် သံသယဝင်လာတာကတစ်ကြောင်း ခေတ်မှီနည်းပညာတွေ ပြင်သစ်မှာမရှိသေးတာကတစ်ကြောင်း forensic ကလည်း မဖွံ့ဖြိုးသေးတာကတစ်ကြောင်းနဲ့ အသာစီးရနေတဲ့ ဒီလူသတ်သမားဟာ ပိုမိုရဲတင်းလာပြီး လူသတ်မှုတွေကို ဆက်တိုက်ကျူးလွန်လာတဲ့အခါ အမျိုးသမီးရဲအရာရှိနဲ့ နစ်နာသူတစ်ဦးရဲ့မိခင်ဖြစ်သူရဲ့ မလျှော့သောဇွဲနဲ့ အမှုလိုက်ခဲ့ရပုံကို မှတ်တမ်းရုပ်ရှင်အနေနဲ့ တင်ဆက်ထားတာပါ။

ဒီရုပ်ရှင်လေးမှာတော့ နည်းပညာမဖွံ့ဖြိုးခင် ပြင်သစ်မှာ ကွင်းဆက်လူသတ်မှုရယ်လို့ ရှားပါးချိန်မှာ ဘဲဥအစရှာမရသလိုအမှုလိုက်ရပုံတွေ အဆင်မပြေမှုတွေ ကြုံရဆုံရတဲ့အခက်အခဲတွေ ပြည်သူလူထုရဲ့ထိတ်လန့်မှုတွေကို ကွင်းကွင်းကွက်ကွက် သရုပ်ဖော်ထားပြီး နောက်ဆုံးမှာ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိဆိုတဲ့အတိုင်း ဒီလူသတ်သမားကို ခုံရုံးပို့ဖို့ ရဲအရာရှိတွေ ဥပဒေဘက်တော်သားတွေ ဘယ်လိုကြိုးစားကြလဲဆိုတာကို တင်ဆက်ထားတာဖြစ်လို့ documentaryကိုမှနှစ်သက်တဲ့ ပရိသတ်တို့ အကြိုက်တွေ့စေမယ့် ရုပ်ရှင်တစ်ကားဖြစ်မှာပါ။

Review by MaryChrist
Translated by MaryChrist & Sunny

* Application မှာလည်း ကြည့်လို့ရပါပြီ *

Google Play Store Link – https://play.google.com/store/apps/details?id=com.yeyint.goldchannelrework

Apk Pure Link – https://apkpure.com/gold-channel-movies/com.yeyint.goldchannelrework

=======================

The Women and the Murderer (2021)
Original title The Women and the Murderer

Director

Mona Achache
Director

Cast

Similar titles

Ava (2020)
Halftime
The Beast (2020)
First Love (2019)
Renegades
The Procurator
The Equalizer 2 (2018) မြန်မာစာတန်းထိုး
House of 1000 Corpses
Class of ’83
Bachchhan Paandey
Easy Does It
Savage (2019)