What's happening?

Video Sources 4257 Views Report Error

  • Watch traileryoutube.com
Locked Down (2021)

Locked Down (2021)

Some people unravel faster than others.Feb. 25, 2021UK118 Min.R
Your rating: 0
5 1 vote

Synopsis

Locked Down (2021)
=================

အခုတစ်ခါတင်ဆက်ပေးမှာကတော့ Locked Down ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ January 14/2021 တုန်းကမှ အသစ်ထွက်ရှိထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်ရောဂါပိုးကြောင့် တစ်မြို့လုံးအပြင်မထွက်ရဘဲ အိမ်ထဲမှာဘဲနေနေရတဲ့ လော့ဒေါင်းကာလမှာ ကွာရှင်းပြတ်စဲဖို့ရည်ရွယ်ထားတဲ့လူနှစ်ယောက်ရဲ့ အိမ်ထောင်ရေးပြဿနာကို ပြေလည်တဲ့ အိမ်ထောင်ရေးလေးဖြစ်အောင် ပြန်လည်ကြိုးစားညှိနှိုင်းကြတာကို ဒီဇာတ်ကားလေးထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ် ။

ဇာတ်လမ်းအကျဉ်းလေးကတော့ လင်ဒါနဲ့ ပတ်တွန်တို့က နားလည်မှုလွဲနေ ကြတဲ့ လင်မယားတွေဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် လန်ဒန်တစ်မြို့လုံး လော့ဒေါင်းကာလသတ်မှတ်ထားတာကြောင့် မကွာရှင်းကြသေးဘဲ အိမ်ထဲမှာဘဲခွဲနေကြပါတယ်။ ကိုဗစ်ရောဂါကြောင့် စီးပွားရေးမပြေလည်တဲ့အချိန်မှာ ဟားရော့စ်ကုန်တိုက်ကြီးကို ပိတ်သိမ်းဖို့ဖြစ်လာပါတယ်။ ကုန်တိုက်ထဲမှာရှိတဲ့ ကုန်ပစ္စည်းတွေကိုရွှေ့ပြောင်းဖို့ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေလိုအပ်လာပါတယ်။ ဘီတူးဘီပရို သယ်ယူပို့ဆောင်ရေးဌာနက ပတ်တွန်ကိုယာဉ်မောင်းတာဝန်ပေးအပ်လိုက်ပါတယ်။

လင်ဒါကတော့ မီရာကိုးလုပ်ငန်းစုရဲ့ စီအီးအိုတစ်ယောက်ဖြစ်ပါတယ်။ ဟားရော့စ်ကုန်တိုက်ထဲမှာရှိတဲ့ စတာလင်ပေါင်သုံးသန်းတန်တဲ့စိန်ကို နယူးယောက်ကိုပို့ပေးဖို့ ဖြစ်လာပါတယ်။ ဒီအချိန်မှာ ပတ်တွန်ကလည်း ဟားရော့စ်မှာရှိတဲ့ အီရှာဝါကုမ္ပဏီရဲ့ကုန်စည်တွေကို ရွှေ့ပြောင်းပေးရမှာနဲ့တိုက်ဆိုင်လာပါတော့တယ်။ အဆင်မပြေတဲ့လင်မယားနှစ်ယောက် ပေါင်သုံးသန်းတန်တဲ့စိန်ကို အပိုင်သိမ်းဖို့ကြံစည်ကြပါတော့တယ်။ စိန်ကိုခိုးယူဖို့ တိုင်ပင်ကြရင်း တစ်ဦးနဲ့တစ်ဦးကြားက နားလည်မှုလွဲခဲ့တာတွေကို ဖြေရှင်းဖို့အခွင့်အရေးရခဲ့ပါတယ်။ စိန်အစစ်ကိုရဖို့ သူတို့ဘယ်လိုလှည့်စားမှုတွေနဲ့ ကြိုးစားကြမလဲ ၊ သူတို့အိမ်ထောင်ရေးရော ထာဝရပြေလည်သွားနိုင်မလားဆိုတာ စိတ်လှုပ်ရှားဖွယ်ဆက်လက်ကြည့်ရှုလိုက်ပါဦးပရိသတ်ကြီးရေ….

Translated and Review by Maymie Kyaw
Encoded by Noah
Quality – Web
Size – 1GB / 450MB
IMDB – 5
Genres – Comedy, Crime Romance
Run Time – 1 Hr 58 mins

Locked Down (2021)
Locked Down (2021)
Locked Down (2021)
Original title Locked Down
IMDb Rating 5.0 2,841 votes

Similar titles

Outlaws (2021)
The People We Hate at the Wedding
Black Mass
Drama Special Season 13: Nineteen Otters
Savage Youth (2018) မြန်မာစာတမ်းထိုး
Seetimaarr (2021)
A Haunting in Venice
Side Effects (2013)
The Dead Don’t Die (2019)
Ip Man 2 (2010)
Debt Collectors
Men of Plastic: 압꾸정 (2022)