Ip man 2 (2010)
Ip man 1 မှာဆိုရင်ဖြင့် တရုတ်ကို ဂျပန်က သိမ်းပိုက်ထားတဲ့ အခြေအနေမှာ တော်လှန်ရေးလုပ်တာနဲ့ အဆုံးသတ်သွားခဲ့ပါတယ်
အခု Ip man 2 မှာတော့ ပြန်လည်တည်ဆောက်ရေးကာလနဲ့ ဇာတ်လမ်းစထားပါတယ်
2 မှာဆိုရင်ဖြင့် ကွမ်ဖူးဆရာ ရီမန်းဟာ Wing Han မြို့ကို စွန့်ခွာပြီးတော့ ဟောင်ကောင်မှာ အချေချဖို့ကြိုးစားပါတော့တယ် တသက်လုံး ကွန်ဖူးပညာကိုပဲလေ့ကျင့်ခဲ့တဲ့ ဆရာရိမနိးမှာ ဟောင်ကောင်မြို့မှာရပ်တည်ဖို့အတွက် သူ့ပညာနဲ့ပဲ ကိုယ်ခံပညာသင်တန်းကျောင်းဖွင့်ဖို့ ကြိုးစားပါတယ်
ဘယ်အရာမဆို ကြီးနိုင်ငယ်ညဉ်းသဘောရှိတဲ့ အတိုင်းပဲ ဟောင်ကောင်မှာရှိတဲ့ မြွေသိုင်း ကျားသိုင်း မျောက်သိုင်း (အမလေး များလိုက်တာ) စတာတွေကို သင်ပေးတဲ့ဆရာတွေဟာ ဆရာရီရဲ့ သိုင်းပညာကို စိန်ခေါ်ပါတော့တယ်
လူရော နှလုံးသားပါပြည့်ဝတဲ့ ဆရာရီရဲ့ အစွမ်းကို ဟောင်ကောင်မြို့က သိုင်းဆရာတွေက မယှဉ်နိုင်တဲ့အဆုံးတော့ လက်ခံလိုက်ရပြီး ဆရာရီသင်တန်းဖွင့်တာကိုရော ဘယ်လိုလိုက်နှောက်ယှက်မလဲ အများနဲ့တယောက်ပေါင်းပြီး ဆရာရီကို ဘယ်လိုအနိုင်ကျင့်မလဲ ဆရာရီရော ဒီအခြေအနေတွေက ကျော်ဖြတ်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ
ပြီးတော့ ဟောင်ကောင်ဟာ အင်္ဂလိပ် ကွန်မြူနစ်တွေ လက်အောက်မှာ ကျရောက်နေတာဖြစ်တဲ့ အတွက်ကြောင့်လည်း အင်္ဂလိပ်တွေအထင်သေးလှတဲ့ တရုတ်ရိုးရာ သိုင်းပညာတွေရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုပြန်မြင့်တင်ပေးမှာလဲဆိုတာ အက်ရှင်အမိုက်စားတွေနဲ့ 2 မှာ ဆက်လက်စောင့်ကြည့်ရမှာပါ
Quality-Blueray
Size-400/800 mb
Genre-Action, Biography, Drama
Imdb-7.5 by 10