What's happening?

Video Sources 11215 Views Report Error

  • Watch traileryoutube.com
  • HD Direct StreamingUnknown resource
Bone Tomahawk (2015)

Bone Tomahawk (2015)

May the Lord have mercy and grant you a swift deathOct. 23, 2015USA132 Min.Not Rated
Your rating: 0
8 1 vote

Synopsis

Bone Tomahawk (2015)
========================
ပရိသတ်တို့ထဲမှာ Western ကားတွေကို သဘောကျတဲ့သူတွေရှိကြလား။ Western ကားဆိုတာက အလွယ်ပြောရရင် ကောင်းဘွိုင်ကားပေါ့ဗျာ။ အခုနောက်ပိုင်းကာလမှာ Western ကို အခြေခံတဲ့ကားတွေအတော်လေးနည်းလာသလို တစ်ချိန်က Western ကားတွေကြီးစိုးခဲ့တဲ့ အချိန်ကကားတွေနဲ့စာရင်တော့ ပြောရရင်ပေါ့နေသေးတာပေါ့။ အဲ့ဒါကြောင့်လည်း Western ကားတွေ ထင်သလောက်သိပ်မပေါက်တော့တာလည်းဖြစ်နိုင်ပါတယ်။ အခုတစ်ခါတင်ဆက်ပေးမှာကတော့ Western တော့ Western ကားပဲ ဒါပေမယ့် လုံးဝ Western သီးသန့်မဟုတ်ဘဲ Drama, Thriller လေး အနည်းငယ်ပါပါမယ်။

ဇာတ်ကားနာမည်လေးကတော့ Bone Tomahawk ပဲဖြစ်ပါတယ်။ Bone Tomahawk ဟာဆိုရင် ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီးတော့ ၆ နှစ်အကြာ ၂၀၂၁ ခုနှစ်မှာတော့ IMDb rating 7.1 မှာဆက်ပြီးရပ်တည်နေတာဆိုတော့ ကောင်းမကောင်းကိုသိနိုင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ The Things (1982) နဲ့ The Hateful Eight(2015) တို့မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Kurt Russell, Conjuring ပရိသတ်တိုင်းသိမယ့် Patrick Wilson တို့က အဓိကပါဝင်သရုပ်ဆောင်ထားပေးပါတယ်။

ဇာတ်ကြောင်းလေးကတော့ Kurt Russell ဟာ အရွယ်ရောက်နေပြီဖြစ်တဲ့ Sheriff တစ်ယောက်ပါ။ Kurt Russell အုပ်ချုပ်နေတဲ့ Bright Hope ဆိုတဲ့ ငြိမ်းချမ်းတဲ့မြို့လေးကို မမျှော်လင့်တဲ့အန္တရာယ်ဆိုးတစ်ခုကဝင်ရောက်လာခဲ့ပါတယ်။ ဘယ်လိုအန္တရာယ်မျိုးလဲဆိုတော့ လူသားစားတဲ့ဂူအောင်းသားတွေပဲဖြစ်ပါတယ်။ အဲ့ဒီဂူအောင်းသားတွေက ရွှေ့ပြောင်းနေထိုင်တဲ့သူတွေကို ဖမ်းဆီးစားသောက်ပါတယ်။ အဲ့ဒီကနေမှတဆင့် ဒီမြို့လေးက နယ်ခံတစ်ယောက်ရဲ့ ဇနီးဖြစ်သူကလည်း ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ ဒီအတွက် Sheriff ရယ်၊ နယ်ခံလေးရယ်နဲ့ လက်ဖြောင့်သေနတ်သမားတို့ သုံးယောက်က ဦးဆောင်ပြီးတော့ ဖမ်းဆီးခံလိုက်ရတဲ့ မိန်းကလေးကိုသွားရောက်ကယ်တင်မှာပဲဖြစ်ပါတယ်။

ဇာတ်အိမ်တည်ထားတာကတော့ Western အချိန်တွေရဲ့ နောက်ဆုံးအချိန်အပိုင်းအခြားတစ်ခုဖြစ်တဲ့ 1890 ဝန်းကျင်ဖြစ်ပြီးတော့ လက်ရှိ Texas မြို့နဲ့ New Mexico မြို့နားမှာ ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ ဇာတ်ကားထဲက လူသားစားဂူအောင်းသားတွေကိုတော့ Native American တွေလို့ပြောကြတာမျိုးရှိပေမယ့် တကယ့်အတည်ပါလို့လည်း ပြောဆိုထားခြင်းတော့မရှိပါဘူး။ ဒီဇာတ်လမ်းကလည်း တကယ့်ဖြစ်ရပ်ကိုအခြေခံထားတာမဟုတ်တဲ့အတွက် စိတ်ကူးယဥ်သက်သက်ပဲဖြစ်မယ်လို့ ထင်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ စိတ်ဝင်စားစရာ Western ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။

Review by Bruce

* Application မှာလည်း ကြည့်လို့ရပါပြီ *
App Download Playstore Link – https://play.google.com/store/apps/details?id=com.gc.movies11
Apk Pure Link – https://apkpure.com/gold-channel/com.gc.movies11
=======================

Bone Tomahawk (2015)
Bone Tomahawk (2015)
Bone Tomahawk (2015)
Bone Tomahawk (2015)
Bone Tomahawk (2015)
Bone Tomahawk (2015)
Bone Tomahawk (2015)
Bone Tomahawk (2015)
Bone Tomahawk (2015)
Bone Tomahawk (2015)
Original title Bone Tomahawk
IMDb Rating 7.1 89,323 votes
TMDb Rating 6.8 1,412 votes

Director

Cast

Kurt Russell isSheriff Franklin Hunt
Sheriff Franklin Hunt
Patrick Wilson isArthur O'Dwyer
Arthur O'Dwyer
Matthew Fox isJohn Brooder
John Brooder
Lili Simmons isSamantha O'Dwyer
Samantha O'Dwyer
Fred Melamed isClarence
Clarence

Similar titles

The Villagers (2018)
Bosco
Intruder (2020)
You’re Not Alone
The Vanishing (2018)
To Catch a Killer
Spooks: The Greater Good
Gunpowder Milkshake (2021)
2 Fast 2 Furious (2003)
Ma (2019)
Smallfoot (ျမန္မာစာတန္းထိုး)
Hugas