What's happening?

Video Sources 12958 Views Report Error

  • Watch traileryoutube.com
  • FHD Direct StreamingUnknown resource
Hugas

Hugas

Jan. 14, 202299 Min.
Your rating: 0
8 1 vote

Synopsis

Hugas (2022)

=========

ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် Rating 7.2/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင် ထွက်ရှိပြီးပြီးချင်းမှာပဲ အားပေးမှုအများကြီးရရှိထားတာဖြစ်တဲ့အတွက် ပရိသတ်နှစ်သက်သဘောကျစေမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တယ်ဆိုတာတော့ အထူးညွှန်းစရာမလိုဘူးထင်ပါတယ်။
မိန်းကလေးတိုင်းကြွေဆင်းသွားရလောက်တဲ့ ချောမောတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ အယ်လ်ဟာ တွေ့ရာမိန်းကလေးတိုင်းနဲ့ ပျော်ပါးတတ်လေ့ရှိပါတယ်။ အယ်လ်ဟာ သူ့သူငယ်ချင်းရဲ့အကူအညီနဲ့ ဒန်စီရိုခေါင်းဆောင်တဲ့ လူဆိုးဂိုဏ်းတစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ မြို့မှာရှိတဲ့ ဘဏ်ငယ်လေးတစ်ခုကို ဓားပြတိုက်ပြီးတော့ ဘဏ်မှာရှိသမျှငွေအားလုံးကို သိမ်းယူလာခဲ့ပါတယ်။ သူတို့ဂိုဏ်းရဲ့ထူးခြားချက်ကတော့ လုယက်မှုတွေ လူသတ်မှုတွေကျူးလွန်ပြီးတိုင်း ဘုရားကျောင်းတက်ပြီးတော့ ခံရသူတွေရဲ့ စိတ်ဝိဉာဉ်အတွက် ဆုတောင်းမေတ္တာပို့သပေးလေ့ရှိပါတယ်။
တစ်နေ့မှာတော့ ဒန်စီရိုရဲ့ရန်သူ ဒီဒိုခေါင်းဆောင်တဲ့အဖွဲ့ရဲ့ အလစ်တိုက်ခိုက်တာကို အယ်လ်တို့အဖွဲ့ခံလိုက်ရပြီးတော့ လီဇယ်လ်ရဲ့ဦးလေး ဘိုရောင်း သေဆုံးခဲ့ရပါတယ်။ ဦးလေးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အတွက် လီဇယ်လ်ဟာ ဓားပြတိုက်တဲ့အလုပ်ကို ဆက်မလုပ်ချင်လောက်အောင် ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဓားပြတိုက်တဲ့အလုပ်တစ်ခုပဲ လုပ်တတ်တဲ့ လီဇယ်လ်ဟာ အယ်လ်နဲ့ ချစ်သူတွေဖြစ်သွားကြပြီးတော့ ဒီဂိုဏ်းထဲမှာပဲ မကောင်းမှုတွေကျူးလွန်းရင်း အချိန်ကုန်နေခဲ့ပါတယ်။ ဒီတော့ အယ်လ်တို့နှစ်ယောက် ဘယ်လိုတွေ သောင်းကျန်းကြမလဲ သူတို့ခေါင်းဆောင်ဒန်စီရိုနဲ့ရော ဘယ်လိုပြသနာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှူလိုက်ကြပါစို့။
Review and Translated by Maymie Kyaw

Original title Hugas
TMDb Rating 6 1 votes

Similar titles

The Host (2020)
The Wall (2017)
Addams Family Reunion (1998)
How to Blow Up a Pipeline
47 Meters Down: Uncaged (2019)
Nitram
World Trade Center
Play Back (2021)
The Guardian
Resurrection
Minority Report
Driving Licence (2019)