Asterix the secret of the magic potion
ဒီဇာတ်ကားလေးကတော့ ကာတွန်းကားလေးပါ။ ရောမခေတ်ကို အခြေခံပြီးတော့ ဇာတ်အိမ်တည်ထားတာပါ။
ဇာတ်လမ်းလေးကတေယ့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရတာပျော်စရာကောင်းပါတယ်။
ဇာတ်လမ်းလေးကတော့
===============
ဂေါလ်လူမျိုးတွေနဲ့ ရောမလူမျိုးတွေက စစ်ဖြစ်နေတဲ့ကာလဖြစ်ပါတယ်။ရောမ လူမျိုးတွေက စစ်ရှုံးနေကြပါတယ်။
စစ်ရှုံးနေရချင်း အကြောင်းအရင်းကတော့ ဂေါလ်လူမျိုးတွေရဲ့ ဘုန်းတော်ကြီးတွေ ဖော်စပ်ပေးတဲ့ မှော်ဆေးရည်တွေကြောင့်ပါဘဲ။
အက်ထရစ်ရွာလေးမှာတော့ ဘုန်းတော်ကြီးတွေထဲမှာ အကျော်ကြားဆုံးဖြစ်တဲ့ ဂတယ်ဖစ်ဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးရှိပါတယ်။
သူက တစ်နေ့မှာတော့ သစ်ပင်ပေါ်က ပြုတ်ကျပြီးတော့ ခြေကျိုးသွားခဲ့ပါတယ်။
ဒါကြောင့် သူဟာအနားယူတော့မယ်ဖြစ်တဲ့အတွက် သူ့ရဲ့ခွန်အားတိုးစေတဲ့ လျို့ဝှက်မှော်ဆေးရည်ဖော်စပ်နည်းကို လက်ဆင့်ကမ်းပေးဖို့အတွက် ဆက်ခံသူကိုရှာဖွေခဲ့ပါတော့တယ်။
သူ့ရဲ့ ဆက်ခံသူကိုရှာဖွေဖို့်အတွက် ခရီးမှာ ဘယ်လိုအခက်အခဲတွေရှိနေမလဲ။
သူ့ရဲ့မှော်ဆေးရည်ကကော လျို့ဝှက်ထားရလောက်တဲ့အထိအောင် ဘယ်လိုမျိုးအစွမ်းတွေရှိလို့လဲ။
သူကကော ဆက်ခံသူကို ရှာတွေ့ပါ့မလား။
ရွာလေးကကော အေးအေးချမ်းချမ်းနဲ့အဆင်ပြေပြေ ဖြစ်နေပါ့မလားဆိုတာ စောင့်ကြည့်ရမှာဘဲ ဖြစ်ပါတယ်။
Translated by Tun Tauk Nyo Lwin
Encoded by Ada
imdb – 6.8
genre – Animation, Adventure, Comedy
run time – 1h25min