
Mama Weed (2020)
================
Hannelore Cayreရဲ့ ဝတ္ထုကို အခြေခံ ရိုက်ကူး ထားတဲ့ ပြင်သစ်ရုပ်ရှင်ဖြစ်လို ပြင်သစ်ရုပ်ရှင်ဝါသနာအိုးများကတော့ မွှေနှောက်ရှာဖွေ သိထားလောက်ပါပြီ။ ဇာတ်လမ်းအရ အမျိုးသမီးအဓိကဇာတ်ဆောင် Patience Portefeux ဟာ မူးယစ်တပ်ဖွဲ့စုတစ်ခုအတွက် အလုပ်လုပ်ပေးနေတဲ့ အာရပ်-ပြင်သစ် စကားပြန်တစ်ယောက်ပါ။ ရဲဘက်က အလိုရှိနေတဲ့ မူးယစ်ဆေးလောကသမားတွေရဲ့ဖုန်းလိုင်းကို ကြားဖြတ်နားထောင်ပြီး ဘာသာပြန်ပေးရတဲ့ သူ့ရဲ့အလုပ်ဟာ လစာလည်းနည်း ပင်လည်းပင်ပန်းတဲ့အလုပ်တစ်ခုဖြစ်ပေမယ့် သူမရဲ့အထက်အရာရှိကတော့ သဘောမနောကောင်းသူတစ်ဦးဖြစ်ပါတယ်။
တစ်နေ့ ရဲတွေလိုချင်နေတဲ့ ဆေးရောင်းဝယ်သူတွေရဲ့ဖုန်းကို ကြားဖြတ်နားထောင်နေတုန်းမှာ ၄င်းလူတွေထဲကတစ်ယောက်ဟာ သူမရဲ့အမေကိုပြုစုပေးနေတဲ့သူနာပြုတစ်ဦးရဲ့ သားဖြစ်နေတာကို သိလိုက်ရပါတယ်။ သူနာပြုရဲ့သားကို ကာကွယ်ပေးဖိုကြိုးစားရင်း Patience တစ်ယောက် မူးယစ်ဆေးလောကထဲကို ရောက်လာခဲ့ပါတော့တယ်။ ဆေးခြောက်ပမာဏအများကြီးကို ကိုင်တွယ်ဖိုအခြေအနေဖြစ်လာတဲ့အခါ ဇာတ်ကောင် Patience တစ်ယောက် သူ့မှာရှိပြီးသားအတွေ့အကြုံနဲ့ စကားပြန်လုပ်ငန်းက ရပြီးသားအချက်အလက်တွေကြောင့် သူကံကောင်းသွားမလား။ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်ရအောင်ပါ။
ငွေကို “လိုအပ်သလောက်”မသုံးနိုင်တဲ့အခါ ပင်ပန်းလာတဲ့စိတ်အခြေအနေတွေရယ် ငွေရတဲ့အချိန်မှာ ရွှင်မြူးလာတဲ့စိတ်ရယ် ရှိသင့်တာထက်ပိုရှိလာတဲ့အခါ ပြောင်းလဲသွားတတ်တဲ့ လူ့သဘာဝရယ် ဒါတွေကို Patience ဆီမှာ မြင်ရမှာပါ။ “ရုပ်ရှင်ကြည့်တာ ပျော်ချင်လို့” ဆိုတဲ့သူတွေအတွက်လည်း ဒီကားလေးက အဆင်ပြေပါတယ်။ အကြောင်းကတော့ Scotch နဲ့ Puff ဆိုတဲ့ ရဲတွေပေးထားတဲ့နာမည်ဝှက် နှစ်ဦးဟာ မူးယစ်ဆေးလောကကို ကဗျာဆန်စေတဲ့အပြင် Patience ရဲ့အိမ်နီးချင်းဖြစ်တဲ့ တရုတ်မကြီး Colette Fuကလည်း သင့်ကို အံ့သြပြုံးလေး ပြုံးမိစေပါလိမ့်မယ်။ ဒီလို ရိုက်ကူးထားတဲ့ မှုခင်း၊ ဒရမ်မာ၊ ဇာတ်မြူး ကားလေးဖြစ်လို ရသစုံခံစားရမှာပါ။ ကိုဗစ်ကာလအတွင်း ရုံတင်တဲ့ကားတွေထဲမှာ အောင်မြင်ရထားတဲ့ရုပ်ရှင်ကားလေးလည်းဖြစ်ပြီး IMDB rating 6.1 ရရှိထားတဲ့ ဒီကားလေးကို GC မှာကြည့်နိုင်ပါပြီ။
Translated and Review by May Hsu Wathan Htet
Encoded by Noah
Quality – Bluray
Size – 1GB / 400MB
IMDB – 6.1
Genres – Comedy, Crime, Drama
Run Time – 1 Hr 44 mins