ဟေမာန်ဆောင်းည တေးကဗျာ (Winter Night)
သင်ဟာ အချိန်ခရီးသွားဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူလား? သဘာဝလွန်ချစ်ခြင်းမျိုးတွေ သဘောကျတတ်လား? ဒါဆိုရင်တော့ အခု GC Chinese Team ကတင်ဆက်ပေးမဲ့ ဟေမာန်ဆောင်းည တေးကဗျာ (Winter Night) ဆိုတဲ့ဇာတ်ကားလေးကို လက်မလွှတ်ဘဲကြည့်ရှုဖို့ လိုမယ်နော်
ဒီဇာတ်လမ်းလေးကတော့ သာမန် သမာရိုးကျဇာတ်လမ်းဇာတ်အိမ်များနဲ့မတူဘဲ မတူညီတဲ့ အချိန်နဲ့နေရာက ချစ်သူနှစ်ဦးရဲ့ ချစ်ဇာတ်လမ်းလေးကို စိတ်ဝင်စားဖွယ် ရိုက်ကူးပုံဖော်ထားတဲ့ အချိန်ခရီးသွားဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းလေးမှာ You Complete Me, Dream Garden, Autumn Ballad ဇာတ်ကားများထဲမှ မင်းသမီးအလှလေး Qiao Xin နှင့် Hello The Sharpshooter, When You Be Me ဇာတ်ကားတို့၏ဇာတ်လိုက်မင်းသားဖြစ်သော တက်သစ်စမင်းသားချောလေး Kido Ma (Ma Sichao) တို့မှ အဓိကသရုပ်ဆောင်များအဖြစ် ပါဝင်သရုပ်ဆောင်ထားကာ အခြားနာမည်ကျော် ဇာတ်ပို့ဇာတ်ရံများမှလည်း ပူးပေါင်းအားဖြည့်ပေးထားပါတယ်
ဇာတ်လမ်းအညွှန်း
ကျိမ့်သာချန်လို့ အမည်ရတဲ့ မိန်းကလေးဟာဆိုရင်ဖြင့် မြို့ပြမှာ နေထိုင်ရင်း အချစ်ရေးမှာရော အလုပ်မှာပါ ကျရှုံးခဲ့ရသူ တစ်ဦးဖြစ်ပါတယ်။ ဒီလိုရှုံးနိမ့်မှုတွေကို ရင်ဆိုင်ပြီးတဲ့ နောက်မှာတော့ သူက သူ့ရဲ့မွေးရပ်မြေကို ပြန်လာခဲ့ပါတယ်။ မွေးရပ်မြေကို ပြန်လာတဲ့လမ်းမှာ ရုတ်တရက် သူဟာ သံလိုက်စက်ကွင်းတစ်ခုရဲ့ ဆွဲငင်ခြင်းကို ခံလိုက်ရပြိး အချိန်နဲ့နေရာ မတူတဲ့အပြိုင်စကြဝဠာဆီကို ရောက်သွားပါတော့တယ်။
အဲဒီနေရာမှာတော့ သူ့ရဲ့ ပြိုကွဲသွားတဲ့ မိသားစုလေးဟာလည်း ပျော်ရွှင်တဲ့မိသားစုလေးဖြစ်နေပြီး သူ့ရဲ့ အချစ်ဦး မုဇီလီလည်း အဲဒီနေရာမှာ ထူးဆန်းစွာ ရှိနေတာကို သူတွေ့မြင်လိုက်ရပါတယ်။ မူလကမ္ဘာကို ပြန်သွားလို့ မရနိုင်တော့တဲ့ သူဟာ ယခုရောက်နေတဲ့ ကမ္ဘာမှာပဲ သူ့ရဲ့ ဘဝကို အစကနေ အကောင်းဆုံး ပြန်လည်ရှင်သန်ဖို့ ကြိုးစားပါတော့တယ်။
သူကြိုးစားရှင်သန်နေချိန်မှာပဲ နောက်ထပ်သံလိုက်စက်ကွင်းဆွဲငင်မှုကို ခံရပြီး ကျိမ့်သာချန်နဲ့ မုဇီလီတို့လည်း အချိန်နဲ့ နေရာ မတူတော့တဲ့ မတူညီတဲ့ ကမ္ဘာနှစ်ခုက ချစ်သူတွေ အဖြစ်ကို မထင်မှတ်ဘဲ ရောက်ရှိသွားတဲ့အခါမှာတော့ သူတို့ဘယ်လိုဆက်ဖြစ်ကြမလဲ ကျိမ့်သာချန်ကရော သူ့ချစ်သူဆီ နောက်ထပ်ပြန်လာနိုင်ဦးမလား ဆိုတာတွေကို ဇာတ်ဆောင်နဲ့ထပ်တူ စီးမျောခံစားလိုတယ်ဆိုရင်ဖြင့် ဟေမာန်ဆောင်းည တေးကဗျာ (Winter Night)လို့အမည်ရတဲ့ တရုတ် အချိန်ခရီးသွား ဇာတ်လမ်းတွဲလေးကို အောက်တိုဘာ31ရက်နေ့ ညမှစတင်ပြီး အပတ်စဉ် တနင်္လာ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ GC Drama telegram channelနဲ့ GC website တို့တွင် စောင့်မျှော်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်
Reviewed by April Chyu & Feyremme
Translated by GC Chinese Team
Encoded by WP
[email protected]