The Head (2020)

The Head (2020)

Jun. 12, 2020
Your rating: 0
8 1 vote

Seasons and episodes

1Season 1 Jun. 12, 2020

Video trailer

Synopsis

The Head (2020)
=====================

ခုတလော ညဘက်တွေ မိုးဆက်တိုက်ရွာပေးနေတော့ ပရိသတ်​တို့အတွက် မိုးအေးအေးမှာ ကွေး၊ ဝီစကီလေးတစ်ခွက်နဲ့ နောက်ဆုံးအပိုင်း နောက်ဆုံးမိနစ်အထိကို မြုပ်ကွက်တွေ လျှို့ဝှက်ချက်တွေ မထင်မှတ်ထားတာတွေ အပြည့်အသိပ်ထည့်ထားတဲ့ Thriller Serie လေးတစ်ခုနဲ့ မိတ်ဆက်ပေးမယ်။ (နောက်တာ ကော်ဖီပဲသောက်နော် xD)

​ဝင်ရိုးစွန်း​တွေကို သွားချင်တဲ့သူ​တွေရှိလား။ ဝင်ရိုးစွန်းလို့ ​ကြားလိုက်တာနဲ့ ဘာကို​ပြေးမြင်ကြလဲ။ ကျွန်​တော်က​​တော့ ဖြူဖြူ​ဖွေး​ဖွေးနှင်း​ခဲ​​တွေရယ် အရမ်း​အေးလှတဲ့ ရာသီဥတုဆိုတာပဲ။ အခု ကျွန်​တော်​ပြောပြ​ပေးချင်တဲ့ Series က​တော့ June 12 ​နေ့မှာ ထွက်ရှိထားတဲ့ The Head ဆိုတဲ့ Mystery Thriller Series ​လေးပဲ ဖြစ်ပါတယ်။ အပိုင်းအ​​နေနဲ့ဆို​ရင် ၆ ပိုင်းပဲ ရှိပါတယ်။ ဇာတ်လမ်းအကျဥ်း​​လေး​အ​ကြောင်းသွားရ​အောင်။

ဇာတ်လမ်းအကျဥ်း​လေးက​တော့ Winterers လို့ အမည်ရတဲ့ အဖွဲ့​လေးတစ်ဖွဲ့ရှိတယ်။ သူတို့ အဖွဲ့ကတောင်ဝင်ရိုးစွန်းက Polaris VI Antarctic Research Station မှာ​ Research လုပ်​နေပြီး​တော့ ​တောင်ဝင်ရိုးစွန်းမှာ ​ဆောင်းဝင်တဲ့အချိန်နဲ့သွားတိုက်ဆိုင်ပါတယ်။ ဝင်ရိုးစွန်းဆိုတဲ့အတိုင်း ဒီ​လောက်​အေး​နေတာကို ​ဆောင်းပါဝင်တဲ့အချိန်မှာ ဒီလူသား​တွေ ဘယ်ခံနိုင်ကြပါ့မလဲ။ ဒါ​ပေမဲ့လဲ သူတို့ရဲ့ Research လုပ်ငန်းကို အထိအခိုက်မခံနိုင်ကြတဲ့ Winterers တို့က ရာသီဥတုအ​ပြောင်းအလဲကို အံတုပြီး နာမည်ကြီးဇီဝပညာရှင် Arthur Wilde ရဲ့ ​ခေါင်း​ဆောင်မှု​အောက်မှာဆက်ရှိ​နေကြပါတယ်။

ဒါ​ပေမဲ့ ​​နွေဦးရာသီ​ရောက်တဲ့အချိန်မှာ​တော့ ​​ခေါင်း​ဆောင်​တွေ အ​ပြောင်းအလဲလုပ်ရပါတယ်။ အဲ့ဒါ​ကြောင့် Johan Berg က Station ကိုပြန်လာပြီး​တော့ အခြေအနေကိုကြည့်တဲ့အခါ လူတွေလည်း ပျောက်နေသလို၊ အသက်ရှင်ကျန်တဲ့သူတွေရှိပေမယ့် သေဆုံးနေတဲ့သူတွေကိုလည်း တွေ့လိုက်ရပါတယ်။ သေဆုံးသွားတာကလည်း လုပ်ဖော်ကိုင်ဖက်တွေဖြစ်နေပြီး ပျောက်ဆုံးနေတဲ့သူတွေထဲမှာလည်း Johan ရဲ့ အမျိုးသမီးပါ ပါနေတဲ့အခါမှာတော့ Johan တစ်ယောက် ရဲတွေအလာကိုတောင် မစောင့်နိုင်တော့ပဲ အသက်ရှင်ကျန်တဲ့ သူတွေကို မေးမြန်းစရာရှိတာမေးမြန်းပြီး ပျောက်ဆုံးနေတဲ့ သူ့အမျိုးသမီးကို ပြန်ရှာတွေ့ရဖို့ကိုကြိုးစားပါတော့တယ်…..

သရုပ်​ဆောင်​တွေ အ​နေနဲ့က​တော့ Arthur Wilde အဖြစ်နဲ့ မင်းသားကြီး John Lynch က ဦး​ဆောင်ပါဝင်ထားပါတယ်။ John Lynch ဟာဆိုရင် 1995 ခုနှစ်ကထွက်ရှိခဲ့တဲ့ Angel Baby ဇာတ်ကားနဲ့ အ​ကောင်းဆုံးမင်းသားဆုကို AFI Award က​နေရရှိထားသူဖြစ်ပြီး တခြားနာမည်ကြီးရုပ်ရှင်​တွေအ​နေနဲ့ Sliding Doors The Secret Garden တို့မှာလဲ သရုပ်​ဆောင်ထားပါတယ်။ ​

နောက်တစ်​ယောက်က​တော့ Money Heist လို့​ပြောလိုက်တာနဲ့ အများစု​ပြေးမြင်ကြမဲ့ မျက်မှန်နဲ့ဆရာကြီး Professor ပဲဖြစ်ပါတယ်။ ဟုတ်ပါတယ် Alvaro Morte အ​နေနဲ့က​တော့ ဒီကားမှာ Ramon ဆိုတဲ့ လူ​နေရာမှာ သရုပ်​ဆောင်ထားပါတယ်။ ​နောက်တစ်​ယောက်အ​နေနဲ့က​တော့ ဂျပန်မင်းသား Tomohisa Yamashita ဖြစ်ပါတယ်။ Tomohisa က​တော့ Close Range Love ဆိုတဲ့ ဂျပန်မန်ဂါကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်မှာ မင်းသမီး​ချော Nana Komatsu နဲ့ ရိုက်ကူးထားပါ​​သေးတယ်။ Tomoshisa က​​တော့ ဒီဇာတ်လမ်းမှာ Aki Kobayashi အ​နေနဲ့ သရုပ်​ဆောင်ထားပါတယ်။

ဇာတ်လမ်း​အ​ကြောင်း​လေးလဲပြီးပြီ သရုပ်​ဆောင်​တွေနဲ့လဲ မိတ်ဆက်ပြီးပြီဆို​တော့ စကားနည်းနည်း​လေးပဲထပ်​ပြောပါ​တော့မယ်။ အန္တာတိကတိုက်က Sci-fi horror ဇာတ်ကား The Thing လိုပဲ The Head TvSeries ကလဲ လူအများရဲ့ အား​ပေးမှုကို ခံ​နေရပြီး​တော့ တစ်ပိုင်းပြီးတစ်ပိုင်းကို ဆွဲ​ခေါ်သွားမှာပါ။ ​နောက်ခံသီချင်းက​တော့ ဒီ Series ရဲ့ အသက်ပဲဖြစ်ပြီး ​နောက်ဘာဆက်ဖြစ်မှာလဲဆိုတဲ့ ​မေးခွန်းကို ထပ်ခါထပ်ခါပြန်​မေးမိ​နေတဲ့ Tv Series ​လေးပဲဖြစ်ပါတယ်။ IMDb မှာလဲ 6.9 အထိရထားတဲ့အတွက် Mystery Series ​ကောင်း​ကောင်း​လေးကို မကြည့်လိုက်ရဘူးဆိုတာမျိုးမဖြစ်​အောင် တင်ဆက်​ပေးလိုက်ပါတယ်။
Review by Aung Htoo Khaing
Translated by Phyoe Ei Zin Pez & Zin Min Thu
Encoded by MgKyaw
Quality – Web-DL
Size – 800MB / 180MB
IMDB – 6.9
Genres – Mystery, Thriller

GC drama Page – https://www.facebook.com/goldchannel123/
GC Movies Page – https://www.facebook.com/GC-Movies-107512007739781/
GC App Page – https://www.facebook.com/Gold-Channel-Entertainment-100228778467456 Download ရတာအဆင်မပြေလို့ Application သုံးချင်ရင် ဒီ Page messenger မှာ လာပြောပေးပါ ကျေးဇူးတင်ပါတယ်

The Head (2020)
The Head (2020)
Original title The Head
TMDb Rating 7.6 17 votes
First air date Jun. 12, 2020
Last air date Jul. 17, 2020
Seasons 1
Episodes 6
Average Duration 50 minutes

Similar titles

Green Mothers’ Club
WandaVision
Miraculous Brothers
The Order (2019 –
Flex X Cop
Zombie Detective
Show Window: Queen’s House
Dark Hole
You Touched My Heart
The Suspect
Our Blooming Youth
The Bionic Life