ယခုဇာတ်ကားလေးသည် မော်လမ် အဆိုတော်လေး နှင့် ဆရာဝန်မလေးတို့၏ ရယ်ရွှင်ဖွယ်ရာ အချစ်ဟာသဇာတ်ကားလေး ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းမှာ စုံထောက်ထိပ်ထိုင်း (ခ) မော်လမ်အဆိုတော် လုံ့ဖါး သည် မိဘနှစ်ပါးကို လမ်းမခွဲစေချင်သည့်အတွက် ဖခင်ဖြစ်စေချင်သော မော်လမ်အဆိုတော် အလုပ္ကို လုံ့ဖါး အမည်ဖြင့် လည်ကောင်း မိခင် ဖြစ်စေချင်သော ကျားကျားရားရား ရဲသားကြီး အလုပ်ကို စုံထောက်ထိပ်ထိုင်း အဖြစ်ဖြင့် လည်းကောင်း အသီးသီး လုပ်ဆောင်နေရသူ ဖြစ်ပါတယ်… အဆိုပါ မော်လမ် အဆိုတော်လေး ရွိရာ မြိုလေးကို ဘန်ကောက်မှ ဆရာဝန်မလေး လုပ်အားပေးရောက်လာခဲ့ရာမှ ဇာတ်လမ်းလေး စတင်ခဲ့ပါတယ် အငြိုးအတေးတစ်ခုကြောင့် ဆရာဝန်မလေးအား လူဆိုးတွေ လိုက်သတ်သော အခါ… မော်လမ်အဆိုတော် တစ်ဖြစ်လဲ စုံထောက်ကြီး ထိပ်ထိုင်းက တာဝန်ယူ ကာကွယ် စောင့်ရှောက်ပေးရင်း…. ဆရာဝန်မလေး နဲ့ သက်တော်စောင့် မော်လမ်တို့ အိုးချင်းထားလို့ အိုးချင်းထိ သွားမလား ကြိုးချင်းထားလို့ ကြိုချင်းငြိသွားမလား ဆိုတာ Morlam Bodyguard (2022) မှာ ကြည့်ရှုခံစားကြပါလို့