
Ghost Doctor (고스트 닥터)
ဒီတစ်ခါမှာတော့ Jan 3 မှာ ထွက်မယ့် “Ghost Doctor” အကြောင်း အကျဉ်းလေးပြောပြမယ်နော်
Cha Young Min (Rain) ဟာ ရွှေလက်လို ခေါ်ရလောက်အောင် ပါရမီရှိတဲ့ ခွဲစိတ်ဆရာဝန် တစ်ယောက် ဖြစ်ပေမယ့်လည်း တစ်ကိုယ်ကောင်းဆန်ပြီး မာနကြီးတဲ့သူပါ ၊ သူဟာ ဆေးပညာမှာ ဆရာတစ်ဆူဖြစ်ပေမယ့်လည်း သူ့ကိုယ်သူကလွဲလို ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ ငါစွဲသမားကြီးပေါ့
Go Seung Tak (Kim Bum) ကတော့ အလုပ်သင်ခွဲစိတ်ဆရာဝန် ဖြစ်ပြီး ကိုရီးယားထိပ်တန်းဆေးရုံတွေကို ပိုင်ဆိုင်တဲ့ မိသားစုနောက်ခံကြောင့် ဒီနေရာကို ရောက်လာတဲ့သူပါ
Jang Se-jin (Uee) ကတော့ Cha Young Min (Rain) ရဲ့ ရည်းစားဟောင်း အာရုံကြောခွဲစိတ်ဆရာဝန်အဖြစ် ပါဝင်ထားပါတယ်
တစ်နေ့မှာတော့ Cha Young Min (Rain) ဟာ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တစ်ခု ကြုံခဲ့ရပါတယ် ၊ အဲဒီဖြစ်ရပ်ကြောင့်ပဲ သူ့ဝိဉာဉ်ဟာ တခြားသူတစ်ယောက်ရဲ့ ကိုယ်ထဲ ဝင်သွားပါတော့တယ် ၊ Cha Young Min (Rain) ရဲ့ ဝိဉာဉ်ဝင်သွားတဲ့သူက တခြားသူ မဟုတ်ပါဘူး Go Seung Tak (Kin Bum) ရဲ့ ကိုယ်ထဲကိုပါ ၊ အရင်ကဆိုရင် ဆေးပညာကျွမ်းကျင်မှုမှာ မိုးနဲ့မြေ ဖြစ်နေတဲ့ သူတိုနှစ်ဦးဟာ body change ဖြစ်သွားပြီးနောက် ဘယ်လို ပေါက်ကရ ပြောင်းပြန်တွေ ဖြစ်ကြမလဲ ၊ဘယ်လို အခွီတွေ ဖန်တီးကြမလဲ စတဲ့ သူတိုရဲ့ အတွဲညီလှတဲ့ Duo Comedy ကို “Ghost Doctor” မှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်
Jang Se-jin (Uee) ကတော့ ကိုမာဖြစ်သွားမယ့် Cha Young Min (Rain) ကိုကုသပေမယ့် Cha Young Min (Rain) ရဲ့ ရည်းစားဟောင်း အာရုံကြောခွဲစိတ်ဆရာဝန်အဖြစ် ပါဝင်ထားပါတယ်
Apink အဖွဲ့ရဲ့ Son Naeun ကတော့ သဘာဝလွန်ဖြစ်ရပ်တွေကို ယုံကြည်တဲ့ အရေးပေါ်ခန်းက အလုပ်သင်ဆရာဝန်မလေး Oh Soo Jeong အဖြစ် ပါဝင်ထားပါတယ်
ထိတ်ထိတ်ကြဲ Cast တွေ ပါဝင်ထားတဲ့ ဒီဇာတ်လမ်းဟာ စွဲမက်ချင်စရာကောင်းအောင် ကြည့်ကောင်းနေမှာတော့ အသေအချာပါပဲ ၊ GC လက်ရာကိုမှ ကြိုက်လှပါတယ်ဆိုတဲ့ သဲငယ်လေးတိုအတွက် GC ကနေ တင်ဆက်ပေးသွားမှာမို GC ကို See first သာ လုပ်ထားပေတော့နော်
Translated by Elsa,Anna,Thae & Phyo
7 UP
Send me