Waiting for the Barbarians (2019)
=============================
နိုဘယ်ဆုရာစာရေးဆရာကြီး J. M. Coetzee ရဲ့ Waiting for the Barbarians စာအုပ်က ၁၉၈၀ နှစ်ကုန်ပိုင်းမှာ ထွက်ရှိလာခဲ့ပါတယ်။ ဒီစာအုပ်ကိုအခြေခံပြီးတော့ ဒါရိုက်တာ Ciro Guerra က သူ့ရဲ့ ရုပ်ရှင်ကောင်းတွေထဲကတစ်ကားဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဒီကားက Ciro Guerra အတွက် ပထမဆုံး English စကားပြောကားလဲဖြစ်ပါတယ်။
Waiting for the Barbarians ရုပ်ရှင်ကိုတော့ 2019 ခုနှစ် September 6 ရက်နေ့မှာ Venice Film Festival မှာ စတင်အကြိုပွဲဦးထွက်ခဲ့ပါတယ်။ 2020 August 7 ရက်နေ့မှသာ တကယ်တမ်းထွက်ရှိလာခဲ့တာဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့ Magistrate က သဲကန္တာရလိုနေရာမျိုးမှာ တာဝန်ကျပါတယ်။ တစ်နေ့ကျတော့ နိုင်ငံခြားသား နှစ်ယောက်က စခန်းထဲကို ခိုးဝင်လာပြီး သိုးတွေခိုးပါတော့တယ်။ အဲ့ဒီကိစ္စကို အထက်ကသိသွားပြီး Colonel Joll ကို လွှတ်လိုက်ပါတယ်။ Colonel Joll ရဲ့ စစ်ဆေးမေးမြန်းချက်တွေက ပြင်းထန်လွန်းတဲ့အတွက် ခိုးဝင်သူနှစ်ယောက်ထဲက တစ်ယောက်ကလဲ အသက်ဆုံးရှုံးသွားရပါတယ်။
ဒီလိုအပြုအမူတွေကြောင့်လဲ Magistrate နဲ့ Colonel Joll တို့က သိပ်ပြီးတော့ မကြည်ချင်ကြပါဘူး။ Colonel Joll ရဲ့ စစ်မေးချက်တွေကြောင့် မသေပဲကျန်ခဲ့တဲ့ကောင်လေးဆီကနေ Barbarians တွေ ဒီကိုလာတိုက်မယ်ဆိုတာကို သိသွားရပါတယ်။ အဲ့ဒီမှာပဲ Colonel Joll က အတင်းအကြပ်ပို့ဆောင်ခိုင်းပြီး အမျိုးသမီးတွေနဲ့ အသက်ကြီးတဲ့ ယောကျ်ားကြီးတွေကို သုံ့ပန်းအနေနဲ့ဖမ်းခေါ်လာပါတယ်။
နောက်တစ်ရက် Colonel Joll ပြန်တာနဲ့ စိတ်သဘောထားကောင်းတဲ့ Magistrate ကလဲ ချက်ချင်းသုံ့ပန်းတွေအားလုံးကို ပြန်လွှတ်ပေးလိုက်ပါတယ်။ လအနည်းငယ်ကြာတော့ အဲ့ဒီသုံ့ပန်းတွေထဲက ဒဏ်ရာရနေတဲ့အမျိုးသမီးတစ်ယောက်ကို Magistrate ကတွေ့သွားပါတယ်။ စိတ်ထားပြည့်ဝတဲ့ Magistrate က ဒဏ်ရာတွေကို ကုသဖို့နဲ့ အစားအသောက် နေစရာတို့ကိုစီစဥ်ပေးပါတယ်။ ရိုးရိုးလေးပဲ ကြင်နာလိုက်တဲ့ အပြုအမူကို စစ်သားတွေက Magistrate တစ်ယောက် ဒီအမျိုးသမီးကို တဏှာစိတ်နဲ့လုပ်ပေးပါတယ်ဆိုပြီး ဟိုဟိုဒီဒီတွေပြောကြပါရော။
Colonel Joll နေရာမှာ သရုပ်ဆောင်တာကတော့ ကျွန်တော်တို့တွေ အရမ်းသဘောကျခဲ့ရတဲ့ အများကဂျက်စပဲရိုးလို့ခေါ်ကြတဲ့ မင်းသားကြီး Johnny Depp ဖြစ်ပါတယ်။ Johnny Depp ဟာလဲ လတ်တလောမှာ ဇနီးဟောင်း Amber Heard ကို ကိုယ်ထိလက်ရောက်စော်ကားတဲ့အတွက်ကြောင့်လဲ ရုံးတော်မှာရင်ဆိုင်နေရတာဖြစ်ပါတယ်။ ကျွန်တော်တို့ တွေ့ရသလောက်ကတော့ Amber Heard မှာ ဘာဒဏ်ရာဒဏ်ချက်မှမရှိပဲ Johnny Depp ကိုပဲ ဒဏ်ရာမျိုးစုံနဲ့ တွေ့မြင်နေရတာပါ။
Magistrate နေရာမှာ သရုပ်ဆောင်တာကတော့ Tom Hanks ရဲ့ Bridges of Spies ဇာတ်ကားမှာ အကောင်းဆုံးဇာတ်ပို့ဆုအဖြစ်လဲ အော်စကာရထားတဲ့ Mark Rylance ပဲဖြစ်ပါတယ်။ နောက်ထပ်တစ်ယောက်အနေနဲ့ကတော့ Twilight ဇာတ်ကားတွေနဲ့ နာမည်ရလာတဲ့ မင်းသား Robert Pattinson ပဲဖြစ်ပါတယ်။ Robert ကတော့ Colonel Joll မရှိတဲ့အချိန်မှာ Colonel Joll ရဲ့တာဝန်ကို ယူထားတဲ့ နေရာမှာပါဝင်တာဖြစ်ပါတယ်။ Robert ကတော့ နှစ်တိုင်းဇာတ်ကားတွေရှိနေတဲ့အတိုင်းပဲ ဒီနှစ်မှာလဲ Telnet ဆိုတဲ့တစ်ကားထွက်ရှိဖို့ ရှိနေပါသေးတယ်။ The Batman ဇာတ်ကားကိုလဲ ရိုက်ကူးနေဆဲဖြစ်ပါတယ်။
ကဲပြောတာတွေလဲ များပြီဆိုတော့ ဒီနေရာလေးမှာရပ်လိုက်ပြီးတော့ အခုလို မင်းသားကြီးတွေလာ ဆုံနေတဲ့ Waiting for the Barbarians ဇာတ်ကားကို မင်းသားကြိုက်လို့ပဲ ဖြစ်စေ ဇာတ်ကားအကြောင်းလေးကို သဘောကျလို့ပဲဖြစ်စေ ကြည့်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
Review by Aung Htoo Khaing
Translated by Thu Nay Nay
Encoded by MgKyaw
Quality – Web-DL
Size – 1GB / 400MB
IMDB – 5.9
Genres – Drama
Run Time – 1 Hr 52 mins
***Gold Channel – GC*** Page အသစ်ဖွင့်ထားပါတယ်။ Download လုပ်ရတာအဆင်မပြေတဲ့လူတွေ အနေနဲ့ ကျွန်တော်တို့ Application လေးကို Gold Channel – GC Page ရဲ့ Messenger မှာ Application Download Link , Username နဲ့ Password တို့ကို လာတောင်းလို့ရပါတယ်နော်