What's happening?

Video Sources 6334 Views Report Error

  • Watch traileryoutube.com
Waiting for the Barbarians (2019)

Waiting for the Barbarians (2019)

Jul. 30, 2020Italy114 Min.PG
Your rating: 0
6 1 vote

Synopsis

Waiting for the Barbarians (2019)
=============================

နိုဘယ်ဆုရာစာ​ရေးဆရာကြီး J. M. Coetzee ရဲ့ Waiting for the Barbarians စာအုပ်က ၁၉၈၀ ​နှစ်ကုန်ပိုင်းမှာ ထွက်ရှိလာခဲ့ပါတယ်။ ဒီစာအုပ်ကိုအ​ခြေခံပြီး​တော့ ဒါရိုက်တာ Ciro Guerra က သူ့ရဲ့​ ရုပ်ရှင်​ကောင်း​တွေထဲကတစ်ကားဖြစ်​အောင် ဖန်တီးခဲ့ပါတယ်။ ဒီကားက Ciro Guerra အတွက် ပထမဆုံး English စကား​ပြောကားလဲဖြစ်ပါတယ်။

Waiting for the Barbarians ရုပ်ရှင်ကို​တော့ 2019 ခုနှစ် September 6 ရက်​နေ့မှာ Venice Film Festival မှာ စတင်အကြိုပွဲဦးထွက်ခဲ့ပါတယ်။ 2020 August 7 ရက်​နေ့မှသာ တကယ်တမ်းထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဇာတ်လမ်း​လေးက​တော့ M​agistrate က သဲကန္တာရလို​နေရာမျိုးမှာ တာဝန်ကျပါတယ်။ တစ်​နေ့ကျတော့ နိုင်ငံခြားသား နှစ်​ယောက်က စခန်းထဲကို ခိုးဝင်လာပြီး သိုး​တွေခိုးပါ​တော့တယ်။ အဲ့ဒီကိစ္စကို အ​ထက်ကသိသွားပြီး Colonel Joll ကို လွှတ်​လိုက်ပါတယ်။ Colonel Joll ရဲ့ စစ်​ဆေး​မေးမြန်းချက်​တွေက ပြင်းထန်လွန်းတဲ့အတွက် ခိုးဝင်သူနှစ်​ယောက်ထဲက တစ်​ယောက်ကလဲ အသက်ဆုံးရှုံးသွားရပါတယ်။

ဒီလိုအပြုအမူ​တွေ​ကြောင့်လဲ Magistrate နဲ့ Colonel Joll ​တို့က သိပ်ပြီး​တော့ မကြည်ချင်ကြပါဘူး။ Colonel Joll ရဲ့ စစ်​မေးချက်​တွေ​​ကြောင့် မ​သေပဲကျန်ခဲ့တဲ့​ကောင်​လေးဆီက​နေ Barbarians ​တွေ ဒီကိုလာတိုက်မယ်ဆိုတာကို သိသွားရပါတယ်။ အဲ့ဒီမှာပဲ Colonel Joll က အတင်းအကြပ်ပို့​ဆောင်ခိုင်းပြီး အမျိုးသမီး​တွေနဲ့ အသက်ကြီးတဲ့ ​ယောကျ်ားကြီး​တွေကို သုံ့ပန်းအ​နေနဲ့ဖမ်း​ခေါ်လာပါတယ်။

​နောက်တစ်ရက် Colonel Joll ပြန်တာနဲ့ စိတ်သ​ဘောထား​ကောင်းတဲ့ Magistrate က​လဲ ချက်ချင်းသုံ့ပန်း​တွေအားလုံးကို ပြန်လွှတ်​ပေးလိုက်ပါတယ်။ လအနည်းငယ်ကြာ​တော့ အဲ့ဒီသုံ့ပန်း​​တွေထဲက ဒဏ်ရာရ​နေတဲ့အမျိုးသမီးတစ်​ယောက်ကို Magistrate က​တွေ့သွားပါတယ်။ စိတ်ထားပြည့်ဝတဲ့ Magistrate က ဒဏ်ရာ​တွေကို ကုသဖို့နဲ့ အစားအ​သောက် ​နေစရာတို့ကိုစီစဥ်​ပေးပါတယ်။ ရိုးရိုး​လေးပဲ ကြင်နာလိုက်တဲ့ အပြုအမူကို စစ်သား​တွေက Magistrate တစ်​ယောက် ဒီအမျိုးသမီးကို တဏှာစိတ်နဲ့လုပ်​ပေးပါတယ်ဆိုပြီး ဟိုဟိုဒီဒီ​တွေ​ပြောကြပါ​ရော။

Colonel Joll ​နေရာမှာ သရုပ်​ဆောင်တာက​တော့ ကျွန်​တော်တို့​တွေ အရမ်းသ​ဘောကျခဲ့ရတဲ့ အများက​ဂျက်စပဲရိုးလို့​ခေါ်ကြတဲ့ မင်းသားကြီး Johnny Depp ဖြစ်ပါတယ်။ Johnny Depp ဟာလဲ လတ်တ​​လောမှာ ဇနီး​ဟောင်း Amber Heard ကို ကိုယ်ထိ​လက်​ရောက်​စော်ကားတဲ့အတွက်​ကြောင့်လဲ ရုံး​တော်မှာရင်ဆိုင်​နေရတာဖြစ်ပါတယ်။ ကျွန်​တော်တို့ ​တွေ့ရသ​လောက်က​တော့ Amber Heard မှာ ဘာဒဏ်ရာဒဏ်ချက်မှမရှိပဲ Johnny Depp ကိုပဲ ဒဏ်ရာမျိုးစုံနဲ့ ​တွေ့မြင်​နေရတာပါ။

Magistrate ​နေရာမှာ သရုပ်​​ဆောင်တာက​တော့ Tom Hanks ရဲ့ Bridges of Spies ဇာတ်ကားမှာ ​​အ​ကောင်းဆုံးဇာတ်ပို့ဆုအဖြစ်လဲ ​အော်စကာရထားတဲ့ Mark Rylance ပဲဖြစ်ပါတယ်။ ​နောက်ထပ်တစ်​ယောက်အ​နေနဲ့က​တော့ Twilight ဇာတ်ကား​တွေနဲ့ နာမည်ရလာတဲ့ မင်းသား Robert Pattinson ပဲဖြစ်ပါတယ်။ Robert က​တော့ Colonel Joll မရှိတဲ့အချိန်မှာ Colonel Joll ရဲ့တာဝန်ကို ယူထားတဲ့ ​နေရာမှာပါဝင်တာဖြစ်ပါတယ်။ Robert က​တော့ နှစ်တိုင်းဇာတ်ကား​တွေရှိ​နေတဲ့အတိုင်းပဲ ဒီနှစ်မှာလဲ Telnet ဆိုတဲ့တစ်ကားထွက်ရှိဖို့ ရှိ​နေပါ​သေးတယ်။ The Batman ဇာတ်ကားကိုလဲ ရိုက်ကူး​နေဆဲဖြစ်ပါတယ်။

​ကဲ​ပြောတာ​​တွေလဲ များပြီဆို​တော့ ဒီ​နေရာ​လေးမှာရပ်လိုက်ပြီး​တော့ အခုလို မင်းသားကြီး​တွေလာ ဆုံ​နေတဲ့ Waiting for the Barbarians ဇာတ်ကားကို မင်းသားကြိုက်လို့ပဲ ဖြစ်​စေ ဇာတ်ကားအ​ကြောင်း​လေးကို သ​ဘောကျလို့ပဲဖြစ်​စေ ကြည့်​ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Review by Aung Htoo Khaing
Translated by Thu Nay Nay
Encoded by MgKyaw
Quality – Web-DL
Size – 1GB / 400MB
IMDB – 5.9
Genres – Drama
Run Time – 1 Hr 52 mins

***Gold Channel – GC*** Page အသစ်ဖွင့်ထားပါတယ်။ Download လုပ်ရတာအဆင်မပြေတဲ့လူတွေ အနေနဲ့ ကျွန်တော်တို့ Application လေးကို Gold Channel – GC Page ရဲ့ Messenger မှာ Application Download Link , Username နဲ့ Password တို့ကို လာတောင်းလို့ရပါတယ်နော်

Waiting for the Barbarians (2019)
Waiting for the Barbarians (2019)
Waiting for the Barbarians (2019)
Waiting for the Barbarians (2019)
Waiting for the Barbarians (2019)
Waiting for the Barbarians (2019)
Waiting for the Barbarians (2019)
Original title Waiting for the Barbarians
IMDb Rating 6.2 445 votes
TMDb Rating 5.6 17 votes

Director

Ciro Guerra
Director

Cast

Mark Rylance isThe Magistrate
The Magistrate
Johnny Depp isColonel Joll
Colonel Joll
Robert Pattinson isOfficer Mandel
Officer Mandel
David Dencik isThe Clerk
The Clerk
Sam Reid isThe Lieutenant
The Lieutenant
Harry Melling isGarrison Soldier #4
Garrison Soldier #4
Bill Milner isGarrison Soldier #5
Garrison Soldier #5
Gursed Dalkhsuren isOld Prisoner
Old Prisoner

Similar titles

子不语:夜行郎
Lighting up the Stars (ကြယ်စင်တို့ဖြင့်လင်းလက်​စေ)
Queen of the Damned
TÁR
Kasada Tabara (2021)
Deep Water
Pressure Cooker
Black Mass
Into The Wind
Killers of the Flower Moon
Curiosa (2019)
Blindspotting