What's happening?

Video Sources 4870 Views Report Error

  • Watch traileryoutube.com
  • HD Direct StreamingUnknown resource
  • SD Direct StreamingUnknown resource
Vivo (2021)

Vivo (2021)

One song can change everything.Jul. 30, 2021USA95 Min.PG
Your rating: 0
10 1 vote

Synopsis

Vivo (2021)
=====================
ဒီနေ့မှာတော့ Netflix နဲ့ Sony Pictures Animation Studio ကနေ အားလုံးရှေ့ကို ချစ်စရာ့ Musical Animated Movie လေးတစ်ကားသယ်ဆောင်လာပြန်ပါပြီ။ Musical ဆိုတဲ့အတိုင်း သီချင်းမြူးမြူးလေးတွေ ဆွေးဆွေးလေးတွေကိုပါ ခံစားရမှာပါ။

ဇာတ်လမ်းအကျဉ်းလေးကတော့ Havana မြို့မှာ Andréလို့အမည်ရတဲ့ ဂီတပညာရှင်ကြီးရယ် Vivo လို့ခေါ်တဲ့ Kinkajou ကောင်လေးရယ်က မြို့လယ်ခေါင်တို့ ပလာဇာတို့လိုလူစည်ကားတဲ့နေရာတွေမှာ သူတို့ချစ်မြတ်နိုးတဲ့သီချင်းလေးတွေသီဆိုရင်း လူတွေကိုဖျော်ဖြေကြတယ်ပေါ့။ တစ်မြို့လုံးကလူတွေကလည်း သူတို့ကိုချစ်ကြတယ်။ သူတို့ရဲ့သီချင်းလေးတွေကိုနားထောင်ပြီး မုန့်ဖိုးလေးတွေပေးကြတယ်။ ဒီလိုနဲ့ လူအိုကြီးတစ်ယောက်နဲ့တိရစ္ဆာန်လေးတစ်ကောင် နေ့ရက်တွေကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလာရင်း တစ်ရက်မှာတော့ မမျှော်လင့်ဘဲ Marta ဆိုတဲ့ နာမည်ကြီးအဆိုတော်ဆီကနေစာတစ်စောင်ရောက်လာတယ်။

Marta ဆိုတာ အရင်က André နဲ့သီချင်းတွေအတူတူဖန်တီးသီဆိုခဲ့တဲ့သူလည်းဖြစ် André ရဲ့ချစ်ရသူလည်းဖြစ်ပေါ့။ ကွဲကွာနေတာနှစ်ပေါင်းများစွာကြာပြီးမှ Marta က André ကို သူ့ရဲ့နောက်ဆုံးနှုတ်ဆက်ဖျော်ဖြေပွဲကိုလာဖို့ အတူတူသီချင်းတွေသီဆိုကြဖို့ဖိတ်ခေါ်ခဲ့တယ်။ ဘာပြောကောင်းမလဲ .. André ကြီးတစ်ယောက် အပျော်ကြီးပျော်တာပေါ့ .. ချစ်တဲ့အကြောင်းကိုတစ်ခါလေးတောင်ဝန်မခံလိုက်ရဘဲ ကွဲကွာသွားတဲ့သူ့ချစ်ရသူနဲ့ပြန်တွေ့ရမယ်ဆိုတော့ ..။

André မှာ တစ်ချိန်က ချစ်ရသူကိုဝန်မခံဖြစ်ခဲ့ပေမယ့် Marta အပေါ်ထားတဲ့သူ့ခံစားချက်တွေအကုန်လုံးကို ထည့်သွင်းရေးဖွဲ့ထားသီချင်းလေးတစ်ပုဒ်ရှိတယ်။ အဲဒီသီချင်းလေးကိုလည်း Marta ကိုပေးရတော့မယ်ဆိုတဲ့အပျော်တွေနဲ့အိပ်စက်ပြီး André တစ်ယောက် အဲဒီညမှာပဲ ဆုံးပါးသွားခဲ့တယ်။ ဒီလိုနဲ့ Vivoလေးဟာ ချစ်ရတဲ့ André ရဲ့နောက်ဆုံးဆန္ဒလေးကိုဖြည့်ဆည်းပေးဖို့ဆုံးဖြတ်ရင်း Vivo ရယ် Gabi ဆိုတဲ့ကောင်မလေးရယ် ဘယ်လိုစွန့်စားခန်းခရီးရှည်ကြီးထွက်ကြမလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါဦးနော် ..။

Review by Lai Laii
Translated by Lai Laii, Cherry Mon & Sunny

* Application မှာလည်း ကြည့်လို့ရပါပြီ *

Google Play Store Link - https://play.google.com/store/apps/details?id=com.yeyint.goldchannelrework

Apk Pure Link - https://apkpure.com/gold-channel-movies/com.yeyint.goldchannelrework

Android Box Link – https://mega.nz/file/8thXhKRD#AhO0cQofAXN0eaq1iCqT4q7LPQWuMNTIsBMif3-sIOM

=======================

 

Vivo (2021)
Vivo (2021)
Vivo (2021)
Vivo (2021)
Original title Vivo
IMDb Rating 7.3 27 votes
TMDb Rating 7.3 3 votes

Director

Kirk DeMicco
Director

Cast

Lin-Manuel Miranda isVivo (voice)
Vivo (voice)
Gloria Estefan isMarta Sandoval (voice)
Marta Sandoval (voice)
Ynairaly Simo isGabi (voice)
Gabi (voice)
Zoe Saldana isRosa (voice)
Rosa (voice)
Michael Rooker isLutador (voice)
Lutador (voice)
Paloma Morales isCroqueta Lady
Croqueta Lady

Similar titles

Diary of a Wimpy Kid Christmas: Cabin Fever
Joy Ride
Despicable Me 3
Life of Pi (2012)
The Royal Treatment
The Northman
Starship Troopers 3: Marauder
Space Jam (1996)
The Bubble
Mortal Kombat (2021)
Dune (1984)
Blue Beetle