
Life of Pi (2012)
=================
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ Life of Pi ဆိုတဲ့ဇာတ်ကားကို ကြည့်ဖူးလားလို့မေးရင် လူတော်တော်များများက လှေတစ်စီးပေါ်က ကောင်လေးတစ်ယောက်နဲ့ ကျားတစ်ကောင်ကားမလားလို့ တော်တော်များများကဖြေတတ်ကြပါတယ်။ ဟုတ်ပါတယ် အဖြေကတော့မှန်ပါတယ်။ ဒါပေမဲ့ တော်တော်များများက ဒီကားကိုသာမန်ရုပ်ရှင်တစ်ကားလိုပဲ မြင်နေတတ်ကြပါတယ်။ လှေတစ်စီးပေါ်မှာ ကျားတစ်ကောင်နဲ့ အတူရှိနေတဲ့ ကောင်လေးတစ်ယောက်က ဘယ်လိုမသေအောင်နေထိုင်လဲဆိုတာကို ပြတယ်ပေါ့ ဒီလိုပဲအများစုကမြင်ကြတာပါ။ တကယ်တော့ ဒီကားက အဲ့ဒီထက်ကို အများကြီးပိုပါတယ်။
Life of Pi ဇာတ်ကားကိုတော့ Life of Pi ဆိုတဲ့နာမည်ပဲပေးထားတဲ့ စာအုပ်ကို ရုပ်ရှင်အဖြစ်အသွင်ပြောင်းထားတာပါ။ စာအုပ်ကိုတော့ စပိန်မှာမွေးတဲ့ ကနေဒါစာရေးဆရာ Yann Martel ကရေးပြီးတော့ 2001 ခုနှစ်မှာထုတ်ဝေခဲ့တာပဲဖြစ်ပါတယ်။ Yann Martel က ဒီစာအုပ်နဲ့ပဲ Booker Prize ဆုကို ရရှိခဲ့ပါတယ်။
ရုပ်ရှင်ကိုတော့ ထိုင်ဝမ် ဒါရိုက်တာ Ang Lee ကပဲရိုက်ကူးခဲ့ပါတယ်။ Ang Lee က Hulk(2003) Brokeback Mountain(2005) Gemini Man(2019) အစရှိတဲ့ရုပ်ရှင်တွေကိုလဲ ရိုက်ကူးခဲ့ပါသေးတယ်။ Life of Pi ဇာတ်ကားနဲ့လဲ Ang Lee ကအကောင်းဆုံးဒါရိုက်တာဆုကို 2012 ခုနှစ်မှာ ရရှိခဲ့ပါတယ်။
ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ဖြစ်တဲ့ Pi နေရာမှာတော့ ဟိုတစ်လောကပဲ ကင်ဆာရောဂါနဲ့ ဆုံးသွားတဲ့ Irrfan Khan က သရုပ်ဆောင်ထားပါတယ်။ ဒါပေမဲ့ Irrfan Khan ကိုပဲ တစ်လျောက်လုံးတွေ့နေရမှာတော့မဟုတ်ပါဘူး။ Irrfan Khan က သူ့ရဲ့ဘဝဇာတ်ကြောင်းကို ပြန်ပြောပြနေတဲ့ အသက်အရွယ်ရလာပြီဖြစ်တဲ့ Pi နေရာကနေ သရုပ်ဆောင်ထားတာမို့လို့ပါ။ အများဆုံးတွေ့ရမှာကတော့ 16 နှစ်သား Pi အနေနဲ့ သရုပ်ဆောင်ထားတဲ့ Suraj Sharma ကိုပဲတွေ့ကြရမှာပါ။
ဇာတ်လမ်းလေးကတော့ တိရိစ္ဆာန်ရုံဖွင့်ထားတဲ့လူတစ်ယောက်ရှိတယ်။ သူ့မှာက သားနှစ်ယောက်လဲရှိတယ်။ အဲ့ဒီသားနှစ်ယောက်ထဲက တစ်ယောက်ကတော့ ဒီဇာတ်လမ်းရဲ့အဓိကသရုပ်ဆောင်ဖြစ်လာမဲ့ Pi ပေါ့။ တစ်နေ့ကျတော့ သူတို့မိသားစု ဒီကနေစွန့်ခွာပြီး တခြားတစ်နေရာကိုပြောင်းဖို့ အကြောင်းဖန်လာပါရော။ အဲ့ဒီအတွက် တိရိစ္ဆာန်ရုံကိုလဲ ရောင်းရတော့တာပေါ့။ အဲ့ဒါနဲ့သူတို့ပြောင်းရွှေ့မဲ့ ကနေဒါနိုင်ငံကို ဂျပန်သင်္ဘောတစ်စီးနဲ့ ပြောင်းကြပါရော။ သူတို့ပဲလားဆိုတော့မဟုတ်ပါဘူး။ သူတို့တိရိစ္ဆာန်ရုံက တိရိစ္ဆာန်တွေကိုပါ တစ်ခြားသူလက်ထဲကိုလွှဲပြောင်းပေးဖို့ သင်္ဘောဝမ်းထဲမှာ ထည့်လာကြပါတယ်။ တစ်ရက်မုန်တိုင်းတိုက်တော့ သူတို့စီးလာတဲ့ သင်္ဘောကလဲ မြုပ်ပါလေရော။ အဲ့ဒီထဲမှာ အကယ်လှေပေါ်ပါလာပြီး လွတ်သွားတာဆိုလို့ Pi တစ်ယောက်ပဲရှိတယ်။ နောက်တော့ Pi အပြင် မြင်းကျားတစ်ကောင် မျောက်တစ်ကောင် ခွေးအတစ်ကောင်နဲ့ ဇာတ်လိုက်ကျော် Richard Parker လို့ခေါ်တဲ့ ကျားပါ ပါလာပါရော။
ဇာတ်လမ်းက အခုမှတကယ်စတာ။ သိပ်မကြာလိုက်ပါဘူး အကြောင်းအမျိုးမျိုးနဲ့ Pi နဲ့ Richard Parker တို့ နှစ်ယောက်ပဲ ကျန်ပါတော့တယ်။ သိတဲ့အတိုင်းပဲ ကျားဆိုတာလဲ ယုံရတဲ့အမျိုးမှမဟုတ်တာ။ ပြီးတော့ ရောက်နေတဲ့နေရာကလဲ ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်မှာ။ ဘယ်နရက်ကြာမယ်မှန်းလဲမသိ။ ဘယ်နေ့အထိအသက်ရှင်မယ်မှန်းမသိတဲ့အခြေအနေမှာ Pi တစ်ယောက် Richard Parker နဲ့ နှစ်ပါးသွားရပါတော့တယ်။
ကြာလာတော့လဲ Pi နဲ့ Richard Parker တို့က စိမ်းတော့လဲမစိမ်းကြတော့ပါဘူး။ Richard Parker ကလဲ Pi ကိုစားမဲ့ပုံလဲ မပေါ်ဘူး။ ဒါပေမဲ့ လူနဲ့ ကျားဆိုတော့လဲ Pi တစ်ယောက် ညအိပ်တာတောင် စိတ်မချလို့ အစားအသာက်တွေထည့်ထားတဲ့ အထုပ်ကို လှေနဲ့တွဲချည် ဖောင်လိုလုပ်ပြီး လှေနဲ့ ခပ်လှမ်းလှမ်းကနေ အိပ်ရရှာတယ်။
ဒီဇာတ်လမ်းက ဒိုင်ယာလော့တွေက ဝေဖန်သူတွေကြားထဲမှာလဲ တော်တော်လေးကိုပွက်လောရိုက်ခဲ့တာပါ။ ဘာသာရေးအကြောင်းတွေပွထနေအောင် အစပိုင်းမှာထည့်ထားတာလဲပါမယ်ထင်ပါတယ်။ ရထားတဲ့ ဆုတွေကလဲ မနည်းမနောဆိုတော့ ဒီဇာတ်လမ်းရဲ့ အလှတရားတွေ ရေပြာပြာအောက်က အရောင်စုံနေတဲ့ ငါးလေးတွေ ညဘက်ရှင်းလင်းနေတဲ့ ကောင်းကင်ပေါ်က ကြယ်လေးတွေနဲ့ကြည့်တဲ့လူကို တော်တော်လေးဖမ်းစားနိုင်ပါတယ်။
သင်ရော ကျားတစ်ကောင်နဲ့ ဒီလိုအခြေအနေမှာရှိမယ်ဆိုရင် အိမ်ပြန်ရောက်နိုင်မယ်ထင်လား။ တိရိစ္ဆာန်ဖြစ်နေတယ်ဆိုပေမဲ့ သက်ရှိဆိုတဲ့အတိုင်း နှလုံးသားတော့လဲရှိကြတာပဲ။ ကူကယ်ရာမဲ့နေတဲ့အချိန်မှာ အနားမှာရှိတဲ့အရာကို မျှော်လင့်ချက်အနေနဲ့ ဖမ်းဆုပ်တတ်တာကတော့ သဘာဝပါပဲ။ Richard Parker လဲ Pi ကို မသတ်စားတာက ဒီလိုပဲဖြစ်ကောင်းဖြစ်မှာပါ။ သေချာတာကတော့ စာရေးသူကိုယ်တိုင်ပဲသိနိုင်မှာပါ။ Richard Parker ကို ကြည့်တဲ့ အဓိပ္ပါယ်ပြည့်တဲ့ မျက်လုံးတွေကြောင့်လဲ ဒီဇာတ်ကားက ပိုပြီးအသက်ဝင်သွားခဲ့တာပါ။ ဒီဇာတ်ကားမှာ ကျွန်တော်ခံစားလိုက်ရတဲ့ အရာတွေကတော့ အများကြီးကျန်ပါသေးတယ် ပြောလိုက်ရင် ကြည့်တဲ့လူတွေ ဟာတာတာဖြစ်သွားမှာစိုးလို့ ချန်ခဲ့လိုက်ပါပြီ။ ကြည့်ပြီးလို့ သဘောကျတာလေးတွေ ခံစားမိတာလေးတွေရှိရင် Comment မှာ ဝင်ရေးသွားပေးကြပါ။
Review by Aung Htoo Khaing
Translated by JoJoVa
Encoded by MgKyaw
Quality – Web-DL
Size – 2GB / 1GB / 440MB
IMDB – 7.9
Genres – Adventure, Drama, Fantasy
Run Time – 2 Hr 7 mins
Options | Quality | Language | Size |
---|---|---|---|
Megaup SD | ?????? | 450 mb | |
Megaup HD | ?????? | 1 gb | |
Mega SD | ?????? | 450 mb | |
Mega HD | ?????? | 1 gb | |
Mega FHD | ?????? | 2 gb | |
GDrive SD | ?????? | 450 mb | |
GDrive HD | ?????? | 1 gb | |
GDrive FHD | ?????? | 2 gb | |
Mediafire SD | ?????? | 450 mb | |
Mediafire HD | ?????? | 1 gb | |
Mediafire FHD | ?????? | 2 gb |