ဒီကားဟာဆိုရင် မိသားစုတစ်စုကြားကပြဿ နာကိုဖော်ပြထားတဲ့ကားလေးပါ။ အင်္ဂလိပ်ကားဖြစ်ပြီးတော့အဲ့မိသားစုမှာမိခင်ဖြစ်သူကခရစ်ယာန်ဘာသာဝင်တစ်ယောက်ပါ ။ အဓိကပြဿ နာကတော့ဖိုတ်ဆိုတဲ့ကောင်မလေးရဲ့အမေနဲ့အဖေကသက်သက်စီခွဲနေကြတယ် ။ ဖိုတ်ကအဖေနဲ့နေတယ် ။ သူမမှာဂျက်စီကာနဲ့အိုလီဗာဆိုတဲ့သူငယ်ချင်း ၂ ယောက်ရှိတယ် ။ တစ်နေ့မှာ သူ့သူငယ်ချင်းတွေကြောင့်သူထောင်ထဲရောက်သွားတယ် ။ သူထောင်ထဲခဏခဏရောက်လို့သူ့အဖေကထောင်ထဲကနေမထုတ်ပေးတော့ဘူး ။ သူ့အမေထောင်မှာလာတွေ့တော့ပြန်မလိုက်ဘူးလို့အတင်းငြင်းတယ် ။ အဲ့မှာထောင်မှူးတစ်ယောက်နဲ့တွေ့ပြီးတော့သူစိတ်ဓာတ်တွေပြောင်းလဲသွားတယ် ။ အဲ့အချိန်သူ့အမေမှာကင်ဆာရောဂါရှိနေတယ် ။ နောက်ပိုင်းမှာသူ့အမေဆီလိုက်သွားမလား သူ့အဖေနဲ့ပဲနေခဲ့မလားဆိုတာတော့ …… ဒီကားလေးကိုကြည့်လိုက်တာနဲ့ပညာတအားရပါတယ် ။ ကောင်မလေးကသူ့ဘဝကိုဘယ်လိုမြင့်မားအောင်လုပ်ဆောင်သွားလဲ ။ သူငယ်ချင်းတွေကြောင့်သူ့ဘဝပျက်ဆီးသွားခဲ့ရတယ် ။ သူ့စိတ်ကိုပြောင်းလဲသွားအောင်ဘယ်အရာကလှုံ့ဆော်ပေးလိုက်လဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကိုကြည့်ရင်းမှန်တဲ့ဘက်ကနေအတုယူလိုက်ရအောင်နော်။Subtitle and reviewed by Aung Thiha Kyaw
Encoded by Ji shun
IMDB — 5.4
Running time — 1h 28min
Genres —
Comedy,
Drama,
Family