
Night at the Museum:Kahmunrah Rises again (2022)
ဒီတစ်ခေါက်မှာတော့ Live action သုံးခုထွက်ထားပြီး အောင်မြင်မှုတွေဆွတ်ခူးထားတဲ့ Night at the Museum ရဲ့လတ်တ လောမှထွက်ရှိထားတဲ့animation အသစ်တစ်ပုဒ်ကိုတင်ဆက်ပေးပါမယ် ပြတိုက်မှာရှိတဲ့ကျောက်စာလေးကြောင့်ပြတိုက်ထဲကအရာတွေအကုန်လုံးအသက်၀င်နေတာကိုတော့အရင်ကားတွေကြည့်ဖူးသူတိုင်းသိကြမှာပါ ဒီအကြောင်းတွေကိုအားလုံးသိထားတဲ့ပြတိုက်ညစောင့်လယ်ရီကဂျပန်ပြတိုက်မှာတာ၀န်ကျတာကြောင့်သားဖြစ်သူနစ်ခ်ကိုညစောင့်ခန့်ထားခဲ့ပါတယ် ညစောင့်အသစ်ဖြစ်တဲ့နစ်ခ်တစ်ယောက်ဖခင်သတိပေးထားတဲ့မြေအောက်ခန်းကိုသော့မခတ်မိရာကနေ ပြဿနာတွေစတင်ပေါ်ပေါက်လာပါတော့တယ် ဒီကားလေးမှာတော့မင်းဆိုးမင်းညစ်ဖြစ်လို့ညီတော်စီထီးနန်းလွှဲပေးခြင်းခံခဲ့ရတဲ့ အီဂျစ်ဘုရင်Kahmunrahကအသက်ပြန်၀င်လာပြီး ကမ္ဘာကြီးကိုကြီးစိုးဖို့ကြိုစားတာကို နစ်ခ်နဲ့အတူပြတိုက်ထဲကသူတွေဘယ်လိုတားဆီးကာကွယ်ကြမလဲကြည့်ရှုရမှာပဲဖြစ်ပါတယ်
Reviewed by Drunk
Translated by Drunk & Chan
Encoded by Siran