What's happening?

Video Sources 3614 Views Report Error

  • Watch traileryoutube.com
Till Death (2021)

Till Death (2021)

Vow to surviveJul. 01, 2021USA88 Min.R
Your rating: 0
8 1 vote

Synopsis

Till Death (2021)
====================
တစ်ချို့လူတွေအတွက်တော့ အချစ်နဲ့အတ္တဟာ စွယ်တော်ရွက်လိုပဲ ပူးတွဲနေတတ်ပါတယ်။ ဒီလိုရယူခြင်းအချစ်‌တွေက နှစ်ဦးနှစ်ဖက်လုံးကို ပူလောင်စေတာ သဘာဝပါပဲ။ အခုဒီကားလေးမှာတော့ အချစ်အတ္တသမားလေး Mark က သူ့အပေါ်သစ္စာမရှိတဲ့ ဇနီးချောလေး Emma ကို ရက်ရက်စက်စက် လက်စားချေမယ့်ဇာတ်လမ်းလေးပါ။

Mark နဲ့ Emma တို့စုံတွဲဟာ ၁၁ နှစ်ကြာလက်တွဲလာခဲ့ပေမယ့် ချုပ်ချယ်လွန်း ဩဇာပေးလွန်းတဲ့ Mark ကြောင့် Emma တစ်ယောက် စိတ်ကျဉ်းကြပ်လို့နေပါတယ်။ ချမ်းချမ်းသာသာနေရပေမယ့် ဝတ်ချင်တဲ့အင်္ကျီ စားချင်တဲ့အစားအစာကအစ Mark ရဲ့ရွေးချယ်မှုကိုသာ လက်ခံရတဲ့ Emma ရဲ့ဘဝက ရွှေလှောင်အိမ်ထဲက ငှက်ငယ်တစ်ကောင်ပမာပါပဲ။ စိတ်ထွက်ပေါက်ရှာနေတဲ့ Emma က Mark တို့ရှေ့နေရုံးက Tom နဲ့ချစ်ကြိုက်မိတာကို ခင်ပွန်းဖြစ်သူ Mark သိရှိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။

၁၁ နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့မှာ Mark တစ်ယောက် Emma ကိုဘယ်လိုလက်စားချေဖို့ စီစဉ်ထားမလဲ။ Mark ရဲ့အပြုံးလှလှနဲ့ဖုံးကွယ်ထားတဲ့ ကောက်ကျစ်တဲ့အကြံဉာဏ်တွေကို Emma တစ်ယောက် ရိပ်မိမှာလား။ တစ်ချိန်က Emma ကို သတ်ဖို့ကြိုးစားခဲ့တဲ့ Bobby ကရော ဒီကိစ္စမှာဘယ်လိုပါဝင်လာပြီး Emma ကိုလက်စားချေဖို့ ကြိုးစားဦးမှာလဲ။ Tom ကရော Emma ကိုကယ်နိုင်မှာလား။ Emma တစ်ယောက်ကို ဒီလက်စားချေမှုကနေ လွတ်မြောက်မှာလားဆိုတာကိုတော့…

မင်းသမီးချော Megan Fox က Emma နေရာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် IMDb6.2 နဲ့ Rotten tomatoes 92% အထိ rating ကောင်းတွေပိုင်ဆိုင်ထားတဲ့ ဒီကားလေးကတော့ Emma ရဲ့အသက်ရှင်ဖို့ ရုန်းကန်ရပုံတွေကို အသဲတစ်အေးအေးနဲ့ကြည့်ရှုရမှာဖြစ်လို့ Thriller ကြိုက်နှစ်သက်သူတွေအတွက် အကြိုက်တွေ့စေမှာပါ။

Translated and Review by MaryChrist

* Application မှာလည်း ကြည့်လို့ရပါပြီ *
Google Play Store Link – https://play.google.com/store/apps/details?id=com.yeyint.goldchannelrework

Apk Pure Link – https://apkpure.com/gold-channel/com.gc.movies11

=======================

Till Death (2021)
Till Death (2021)
Till Death (2021)
Till Death (2021)
Original title Till Death
TMDb Rating 6.3 4 votes

Similar titles

LiveScream
Hitman’s Wife’s Bodyguard (2021)
Seance (2021) မြန်မာစာတမ်းထိုး
Martyrs Lane (2021)
The Wonder
Along with the Gods: The Last 49 Days
The Power (2021)
Pet Sematary (2019)
The Man From Toronto (2022)
Dead Zone
Live Free or Die Hard
F9 (2021)