ဘယ်အချိန်ကြည့်ကြည့် ဘယ်နှစ်ခါကြည့်ကြည့်ရိုးအီမသွားတဲ့ဇာတ်ကားတွေထဲမှာ ဂျပန်ကာတွန်းကားတွေပါပါတယ် အခုတင်ပေးမဲ့ ဂျပန်ကာတွန်းကားလေးကတော့ ဂျပန်ရိုးရာနတ်သမီးပုံပြင်တွေထဲက ကောက်နုတ်ပုံဖော်ရိုက်ကူးထားတဲ့ ခါဂူရာမင်းသမီးလေးအကြောင်းပဲဖြစ်ပါတယ် ဇာတ်ကားအကျဉ်းကိုပြောရမယ်ဆိုရင် ဆာနူခီနိုမီယာ့စုလို့ခေါ်တဲ့ ဝါးခုတ်သမားဟာ တောင်ပေါ်ကို ဝါးခုတ်သွားရင်းနဲ့ ဝါးပင်တစ်ပင်ကနေ မင်းသမီးလေးအသွင်နဲ့ကလေးငယ်ကိုတွေ့ခဲ့တယ် အဲ့ဒီနောက် သူ့မိန်းမနဲ့တိုင်ပင်ပြီးကလေးငယ်ကိုမွေးစားခဲ့တယ် မင်းသမီးလေးဟာ ကောင်းကင်ဘုံကလာတဲ့ကလေးဖြစ်တာကြောင့်တစ်ကြောင်း ဝါးပင်ကနေမွေးဖွားလာတာကြောင့်တစ်ကြောင်း တစ်နေ့နဲ့တစ်နေ့မတူပဲ မြန်မြန်ဆန်ဆန်နဲ့ကြီးထွားလာခဲ့ပါတယ် ဒီလိုနဲ့ မင်းသမီးလေးဟာ အပေါင်းအဖော်တွေရပြီး ခံစားတတ်တဲ့အရွယ်ရောက်လာတဲ့အခါမှာ သစ်ခုတ်သမားတန်းလျားက စုတဲ့မာရုလို့ခေါ်တဲ့ကောင်လေးနဲ့ သူငယ်ချင်းထက်ပိုတဲ့သံယောဇဉ်တွယ်ခဲ့တယ် အဲ့ဒီအချိန်မှာ ဝါးခုတ်သမားကြီးက မင်းသမီးလေးဟာ ကောင်းကင်ဘုံကလာခဲ့တာဖြစ်တဲ့အတွက် တော်ဝင်မင်းသမီးဖြစ်ထိုက်တယ်လို့တွေးပြီး မင်းသမီးလေးကို တော်ဝင်မျိုးနွယ်ဝင်မင်းသမီးတစ်ယောက်ဖြစ်အောင် အတင်းအကျပ် စီစဉ်တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲ??ဝါးပင်ကနေမွေးဖွားခဲ့တဲ့ ခါဂူရာမင်းသမီးလေးရဲ့သရုပ်အမှန်ကရော ဘာဖြစ်မလဲဆိုတာ စိတ်ဝင်စားစွာနဲ့ ကြည့်ရှုရမဲ့အပြင် ကံကြမ္မာရဲ့အချိုးအကွေ့နဲ့ လူ့လောကလူ့သဘာဝမှာဖြစ်လေ့ဖြစ်ထရှိတဲ့နိယာမတွေကို ပုံဖော်ထားတာကြောင့် အနှစ်သာရရှိတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်လို့ပြောချင်ပါတယ်
Translated by Sandar Su
Encoded by Shwim
Running time>> 2h 17min
Genre>> Animation, Adventure, Drama