
Action Movie ကြိုက်နှစ်သက်သူတွေအတွက် Ransomed ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ
ဇာတ်လမ်းက ကိုရီးယားနိုင်ငံ ဒီမိုကရေစီ ကူးပြောင်းစ ကာလကို နောက်ခံထား ရိုက်ကူးထားပြီး ငယ်စဉ်ကတည်း “ရှင်း” ဆိုပြီး အသည်းစွဲကြိုက်ခဲ့ရတဲ့ မင်းသား Ju Ji-Hoon နဲ့ မင်းသားကြီး Ha Jung-Woo တိုက ခေါင်းဆောင် ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းက လတ်ဘနွန်နိုင်ငံမှာ ပြန်ပေးဆွဲ ခံထားရတဲ့ သံအမတ်ကို ကယ်ဆယ်မယ့် မစ်ရှင်တစ်ခုပါ။ ထိုစဉ်က လတ်ဘနွန်နိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေပြီး နိုင်ငံက လက်နက်ကိုင်အဖွဲတွေ များစွာကွဲထွက်ကာ မငြိမ်းချမ်းတဲ့ ကာလလည်းဖြစ်ပါတယ်။
ပြန်ပေးဆွဲခံရတဲ့ သံအမတ်ကို သွားရောက်ကယ်တင်မယ့် နိုင်ငံခြားရေးက အရာရှိအီ…
လတ်ဘနွန်နိုင်ငံမှာ နယ်ခံတစ်ယောက်လို ဖြစ်နေပြီး နယ်ေမြကျွမ်းကျင်သူ တက္ကစီကားဆရာ ဖန်းဆူ…
သူတိုနှစ်ဦး ဆုံတွေ့မှုကနေ စွန့်စားခန်း, ပြန်ပေးဆွဲခံရတဲ့ သံအမတ်ကို ကယ်တင်ခန်း, အက်ရှင်ခန်းတွေနဲ့ ကားအက်ရှင်တွေကိုပါ ကြည့်ရှု ခံစားရမယ့်အပြင် နိုင်ငံအပေါ်ထားရှိတဲ့ တာဝန်သိစိတ်, လုပ်ဖော်ကိုင်ဖက် အချင်းချင်း ဖေးမကူညီစိတ်, လူလူချင်း စာနာထောက်ထားစိတ်ထားတွေကိုပါ ခံစားရဦးမှာပါ။
ပြန်ပေးဆွဲခံထားရတဲ့ သံအမတ်ကို ကယ်တင်နိုင်မှာလား
စစ်ဖြစ်နေတဲ့ လတ်ဘနွန်နိုင်ငံကနေ သူတို ပြန်ကော ထွက်နိုင်ပါမလား
ကိုရီးယားအစိုးရအတွင်းက လုပ်ငန်းစဉ် အကြောင်းအရာတွေက နောက်ကွယ်မှာ ဘယ်လိုရှိနေမှာလဲ
တိုင်းရေးပြည်ရေးနဲ့ လူ့အသက်တစ်ချောင်းကြား အားပြိုင်ပုံတွေကို အက်ရှင်ဇာတ်ရုပ်များစွာနဲ့ ကြည့်ရှုရမယ့် Ransomed ကို Gold Channel ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ရှင်
Review: Claudia
Translators: Sharon and Claudia
Encoder: Cham