What's happening?

Video Sources 1900 Views Report Error

  • Watch traileryoutube.com
The Perfect Pairing

The Perfect Pairing

Sip back and fall in love.Jan. 15, 2022Canada84 Min.TV-G
Your rating: 0
7 1 vote

Synopsis

The Perfect Pairing (2022)

လသာသာညမှာ မီးလေးဖိုပြီး ရှုမဆုံးတဲ့စပျစ်ခင်းတွေကိုကြည့်ရင်း ချစ်တဲ့သူနဲ့အတူ ဝိုင်ကောင်းကောင်းလေးသောက်ရမယ်ဆိုတာမျိုးက တွေးကြည့်ရုံနဲ့ကြည်နူးစရာပါ…
အဲဒီလို စိတ်ကူးနဲ့ကြည်နူးချင်တဲ့သူတွေအတွက် Romance -Comedy ဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ ဖက်ရှင်ကျတဲ့ခပ်လန်းလန်း food reviewer မမနဲ့ ချောမောခံ့ညားတဲ့ ဝိုင်ခြံပိုင်ရှင်တို့ရဲ့အချစ်ဇာတ်လေးကို ဟာသနှောပြီး ခပ်မြူးမြူးလေးကြည့်ရမှာပါ။
ခရစ္စတီနာဂျွိုင်းအော့စ်ဘွန်းဟာ စီဂျေအော့စ်ဘွန်းနာမည်နဲ့ food review တွေကိုရေးသားပြီး ဝေဖန်ရေးကြမ်းသူပါ။ တစ်‌နေ့တော့ စပျစ်ဝိုင်ခြံတွေရှိရမြို့တစ်မြို့က ဝိုင်ပွဲတော်ကိုသွားရောက်ဖို့ အကြောင်းဖန်လာပါတယ်။ ခရစ္စတီနာတစ်ယောက် မြို့ကိုရထားနဲ့ဆိုက်ရောက်ရောက်ချင်းပဲ အလွဲတွေစကြုံရပါတော့တယ်။ မမျှော်လင့်ဘဲ သူပျစ်ပျစ်နှစ်နှစ်ဝေဖန်ခဲ့ဖူးတဲ့ ဟိုးလင်းဘရုခ်ဝိုင်ခြံဆီရောက်သွားခဲ့ပါတယ်။
အဲဒီမှာ မတော်တဆမှုတစ်ခုဖြစ်ပြီး ခရစ္စတီနာဟာ ယာယီအတိတ်မေ့သွားခဲ့ပါတယ်။ သူ့ကိုယ်သူဘယ်သူဘယ်ဝါမှန်းမသိတော့တဲ့ ခရစ္စတီနာကို သဘောမနောကောင်းတဲ့ ဟိုးလင်းဘရုခ်ဝိုင်ခြံမိသားစုက စောင့်ရှောက်ထားပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ ခရစ္စတီနာနဲ့ ဝိုင်ခြံပိုင်ရှင်ရဲ့သားဖြစ်သူ မိုက်ကယ်တို့ဟာ ချစ်စိတ်တွေကိန်းအောင်းလာကြပါတယ်။ မိုက်ကယ်ဟာ မုဆိုးဖိုတစ်ဦးဖြစ်ပြီး သမီးလေးတစ်ယောက်ရှိပါတယ်။ ခရစ္စတီနာမှာတော့ အတိတ်မမေ့ခင်က စေ့စပ်တော့မယ့်ချစ်သူရှိနေပါတယ်။
ဖြစ်ချင်တော့ မိုက်ကယ်တို့သားအဖဟာ သူတို့ဝိုင်အကြောင်းပျစ်ပျစ်နှစ်နှစ် review ရေးခဲ့ဖူးတဲ့ စီဂျေအော့စ်ဘွန်းကို မနှစ်သက်ကြပါဘူး။ ဒါပေမဲ့ အခုသူတို့ဆီရောက်နေတဲ့ အမျိုးသမီးကိုတော့ စီဂျေအော့စ်ဘွန်းမှန်းမသိဘဲ ဂျွိုင်းလို့ပဲသိထားကြတာပါ။ ဂျွိုင်းအတိတ်ကိုပြန်သတိရတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ၊ မိုက်ကယ်နဲ့သမီးငယ် ဘဂစ်နေးကရော ဂျွိုင်း တစ်ဖြစ်လဲ စီဂျေအော့စ်ဘွန်း (ခရစ္စတီနာ) ကို ခွင့်လွှတ်နိုင်ပါ့မလားဆိုတာတွေကို ဆက်လက်ကြည့်ရှုလိုက်ပါနော်။
ဇာတ်လမ်းထဲမှာ ဘယ်အရာမဆို စာအုပ်ကြီးအတိုင်းမသွားဘဲ နှလုံးသားနဲ့ကြည့်တတ်ဖို့၊ လူတိုင်းအမှားမကင်းတာကြောင့် second chance ဆိုတာပေးတတ်ဖို့ ကိုလည်း အသားပေးဖော်ပြထားပါတယ်။ ဒါ့ပြင် စိတ်ကြည်နူးစရာမိသားစုဘ၀၊ ခပ်ရိုရိုအချစ်ဇာတ်လမ်းနဲ့ ဝိုင်အကြောင်းသိကောင်းစရာတွေကို စိတ်၀င်စားစရာကြည့်ရမှာမို့ ခဏတာစိတ်အပန်းဖြေစရာအဖြစ် ကြည့်ကြည့်လိုက်ဖို့ တိုက်တွန်းပါရစေ။
Translated and review by C’mon

The Perfect Pairing
The Perfect Pairing
The Perfect Pairing
The Perfect Pairing
The Perfect Pairing
The Perfect Pairing
The Perfect Pairing
The Perfect Pairing
The Perfect Pairing
Original title The Perfect Pairing
IMDb Rating 6.6 667 votes
TMDb Rating 5.9 9 votes

Director

Don McBreaty
Director

Cast

Similar titles

Kolamavu Kokila 2018 (မြန်မာစာတန်းထိုး)
White Noise
Birds of Prey (and the Fantabulous Emancipation of One Harley Quinn)
Racetime (2018) မြန်မာစာတမ်းထိုး
2 Guns (2013)
Naked Singularity (2021)
All the Bright Places
Silent Night
Shazam! Fury of the Gods
Kaathuvaakula Rendu Kaadhal
A Moving Romance
Padmaavat