
Guardians of the Galaxy Holiday Special (2022)ဒီတစ်ခေါက်မှာတော့super hero ပရိသတ်တွေအတွက်marvel ရဲ့ရုပ်ရှင်အသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီ ရုပ်ရှင်မှာတော့ တခြားmarvelရုပ်ရှင် တွေနဲ့မတူပဲခရစ်စမတ်စ်နဲ့ပတ်သက်ပြီးတော့ထူးထူးခြားခြားလေးရိုက်ကူးထားပါတယ်။ ဇာတ်လမ်းလေးက adventure နဲ့comedy ပေါင်းစပ်ထားလို့ဟာသကြိုက်တဲ့ပရိသတ်ကြီးလည်းအကြိုက်တွေ့စေမှာအမှန်ပါပဲ။ Thor နဲ့လမ်းခွဲပြီးနောက် the Guardians of the galaxyက စုဆောင်းသူ ထံမှာ knowhere ကို ဝယ်ယူကာပြန်လည်တည်ဆောက်မှုပြုလုပ်ကာ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် Cosmoကိုအဖွဲ့ဝင်အသစ်အဖြစ်ခေါ်ယူခဲ့တယ်။ပီတာကတော့ ကလေးဘဝကတည်းက ကမ္ဘာမြေကနေပြန်ပေးဆွဲခံရပြီး ဂြိုလ်သားသူခိုးများထံတွင်ကြီးပြင်းလာတဲ့ Guardians of the galaxy ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ ယောင်ဒူကတော့ ပီတာရဲ့မွေးစားအဖေလိုပါပဲ ။မန်တစ် ကတော့ ပီတာရဲ့ ဝမ်းကွဲအမပါ ။ခရစ်စမတ်နီးလာတာနဲ့အမျှ ကရာဂလင်က ပီတာ၏ကလေးဘဝတွင်ပီတာပြင်ဆင်ခဲ့သောခရစ်စမတ်စ်ပွဲကို ယောင်ဒူကဖျက်စီးခဲ့ပုံကို guardianများကိုပြောပြခဲ့တယ်။ မန်တစ် ကတော့ ပီတာက ခရစ်စမတ်စ်နဲ့ပတ်သက်ပြီးစိတ်ဒဏ်ရာရနေသေးကြောင်း ပီတာအားခရစ်စမတ်စ်အံအားသင့်စေမယ့်လက်ဆောင်တစ်ခုပေးချင်ကြောင်း ဒရက်စ် အားပြောခဲ့ပါတယ်။သူတို့နှစ်ယောက်ဆွေးနွေးတိုင်ပြီးနောက် ကမ္ဘာမြေသို့သွားပြီး ပီတာကိုလက်ဆောင်ပေးမဲ့အရာကို ရှာဖွေကြပါတယ်။ သူတို့တွေကမ္ဘာမြေကိုသွားပြီး ဘာတွေဆက်ဖြစ်ကြမလဲ ဘယ်လိုအခက်အခဲတွေကြုံတွေ့ပြီးလက်ဆောင်ကိုရှာဖွေနိုင်မလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော်
Reviewed by Aye Thinzar
Translated by Aye Thinzar & YoE
Encoded by Hubin
720p လောက်လုပ်ပေးပါအူး