ဒီဇာတ်ကားလေးဟာ William Kamkwamba (ဝီလီယမ် ကမ်ခွမ်ဘာ) ဆိုတဲ့ ကောင်လေးအကြောင်းကို ရိုက်ကူးထားတဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးတစ်ကားပါ။
ဒီဇာတ်ကားလေးက IMDb ratingအရ 7.6 ရရှိခဲ့ပြီး Chiwetel Ejiofor ဒါရိုက်တာရိုက်ကူးခဲ့တာပါ။ ဒီကားထဲမှာ ဝီလီယမ်ရဲ့အဖေ ထရွိုင်းဝဲအဖြစ် ဒီကားရဲ့ဒါရိုက်တာ ကိုယ်တိုင်သရုပ်ဆောင်ထားတာပါ။
ဒီဇာတ်ကားထဲမှာ အသက်၁၃နှစ်ရှိတဲ့ဝီလီယမ်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူကျောင်းဆက်တက်ချင်ပေမယ့်လည်း သူ့မိဘတွေကကျောင်းလခ မပေးနိုင်တော့တဲ့အတွက် ကျောင်းကနေ အထုတ်ခံခဲ့ရတယ်။
သူနေတဲ့ရွာမှာလည်း စိုက်ပျိုးရေးလုပ်နိုင်ဖို့အတွက် ရေလိုအပ်တယ် မိုးရွာတဲ့အချိန်ထိစောင့်ဖို့ဆိုရင် ရွာသူရွာသားတွေလည်း အသက်ရှင်နိုင်မှာမဟုတ်တော့ဘူး အဲဒါကြောင့်ဝီလီယမ်ဆိုတဲ့ကောင်လေးဟာ ရေရဖို့အတွက် လေအားလျှပ်စစ်တာဘိုင် တစ်လုံးကို ဘယ်လိုကြိုးစားလေ့လာပြီးတည်ဆောက်သွားမလဲ ၂၀၀၀ ခုနှစ်ကာလဝန်းကျင်တုန်းက အရှေ့အာဖရိကမှာရှိတဲ့ မော်လဝီနိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေတွေ ဘယ်လိုရှိလဲဆိုတာတွေကို ကြည့်ရှုရမှာပါ။ လာဘ်စားတဲ့အစိုးရကြောင့် ပြည်သူတွေဟာဒုက္ခရောက်ကြရပုံတွေရော …..
အရှေ့အာဖရိကသားတွေရဲ့ နေထိုင်မှုပုံစံတွေကိုပါ သိရှိနိုင်မှာပါ။ ပြီးတော့လေအားလျှပ်စစ်တာဘိုင်
တစ်လုံးကို အသက်၁၃နှစ်ကောင်လေးက ဘယ်လိုအကြံတွေရပြီး ဘယ်လိုတည်ဆောက်ဖြစ်ခဲ့လည်းဆိုတာ ကိုယ်တိုင်ဒီဇာတ်ကားလေးကြည့်ေ
နရင်းနဲ့ ရူပဗေဒသဘောတရားတွေကိုပါ လေ့လာမိနိုင်မှာပါ။(လေအားလျှပ်
စစ်တာဘိုင် ဘယ်လိုဆောက်လည်းဆိုတာ ဒီကားကြည့်ပြီးမှပဲ ကိုယ်တွေသိတယ်
)
ဝီလီယမ်ဆိုတဲ့ကောင်လေးက ငယ်ငယ်တုန်းကဆင်းရဲပေမယ့်လည်းအခုဆိုရင် အောင်မြင်ကျော်ကြားနေသူတစ်ယောက် ဖြစ်နေပါပြီ ဒီကားလေးကိုကြည့်ပြီး သူငယ်ငယ်တုန်းကရုန်းကန်ရတာတွေကို စိတ်ဓာတ်မကျဘဲနဲ့ အများကောင်းကျိုးအတွက်ဘယ်လိုအကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားလဲဆိုတာတွေကို မြင်တွေ့ရမှာပါ
ဇာတ်ကားကောင်းလေးတွေကြည့်ချင်တဲ့သူများအတွက်
ဇာတ်ကားကောင်းလေးဖြစ်တာမို့ အချိန်ပေးပြီးကြည့်သင့်ပါတယ်လို့ recommend ပေးချင်ပါတယ် …….
ကြိုက်နှစ်သက်ကြမယ်လို့လဲ မျှော်လင့်မိပါတယ်
Translated by Yoon Po Po Soe