What's happening?

Gunjan Saxena: The Kargil Girl

Gunjan Saxena: The Kargil Girl

Aug. 12, 2020India112 Min.PG
Your rating: 0
10 1 vote

Synopsis

ပထမဆုံးပြောချင်တာကတော့ ဒီဇာတ်ကားလေးကို မိဘတွေနဲ့အတူ ကြည့်ဖြစ်အောင်ကြည့်ကြပါ

ကျွန်တော်တို့နိုင်ငံမှာ အများစုက မိန်းကလေးဆိုရင် ထမင်းချက်အဝတ်လျှော်လောက်ပဲ သုံးလို့ရတယ် မိန်းကလေးဆိုတာ တစ်ဆင့်နိမ့်တယ်ဆိုတဲ့ အယူအဆတွေဟာ ဟိုးရှေးရှေးကတည်းက အရိုးစွဲလာကြတာပါ

ဒါပေမယ့် ဒီနေ့ခေတ်ကြီးထဲမှာ Gender Equality ကအရင်ကထက်စာရင်တော့ တိုးတက်မှုရှိလာပြီလို့ ပြောလို့ရပေမယ့် အနည်းနဲ့အများ ခွဲခြားမှုတွေတော့ ကြုံနေရဆဲပဲဗျ

ငယ်ငယ်တည်း​က အရုပ်လေးနဲ့ပဲကစားချင်တဲ့ မိန်းကလေးတွေရှိသလို သေနတ်ရုပ်တွေ တင့်ကားတွေနဲ့ဆော့တာကိုမှ သဘောကျတဲ့ မိန်းကလေးတွေလည်း တစ်ပုံတစ်ပင်ပါ

ဒါကို မိန်းကလေးဆိုတာ အရုပ်မနဲ့ပဲ ဆော့ရတယ်လို့ အတင်းစည်းရုံးခဲ့ကြတဲ့ လူကြီးတွေလည်း
ဒုနဲ့ဒေးပါပဲ

အမျိုးသမီးတွေကို ကျွန်တော်တို့ထက်တောင် နှိမ့်ချတဲ့နိုင်ငံအဖြစ် လူသိများတဲ့အိန္ဒိယမှာဆိုရင်တော့ ဘယ်​ပြောကောင်းမလဲ မိန်းကလေးတိုင်းဟာ ထမင်းချက် ကလေးမွေးဖို့ပဲ မွေးဖွားလာတယ်လို့ ခံယူထားကြတဲ့သူတွေ အများစုရှိတဲ့နေရာပါ

ဒါကြောင့် အယူအဆချင်းနီးစပ်တဲ့ ဒီဇာတ်ကားလေးကို အိမ်က လူကြီးတွေနဲ့ ကြည့်ဖို့ တိုက်တွန်းရတာပါ

တကယ်ပြောတာနော် အိမ်ကလူကြီးတွေနဲ့ ကြည့်ဖြစ်အောင်ကြည့်ပါ

Gunju ဆိုတဲ့ ကလေးမလေးက ငယ်ငယ်တည်းက လေယာဉ်မှူးဖြစ်ချင်ခဲ့တာ အမေရော အကိုရောက အားမပေးခဲ့ပေမယ့် သူရဲ့အဖေကတော့ သူ့ဘက်ကပါပဲ

ဒီလိုနဲ့ ကြီးလာတော့ သူလေယာဉ်မောင်းဖို့ နည်းမျိုးစုံကြိုးစားရင်း နောက်ဆုံးနည်းနဲ့ မောင်းခွင့်ရသွားတယ်ဗျာ ဘယ်လိုလဲဆိုတာတော့ ဇာတ်ကားလေးကို ကြည့်ပေးကြပါ

အဲ့ဒီမှာ သူ့အတွက် ခွဲခြားမှုတွေကြုံတယ် မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အတွက် ဖိနှိပ်မှုတွေ ကြုံခဲ့တယ် သူစိတ်ဓာတ်တွေအရမ်းကျနေတဲ့အချိန်မှာ သူ့အဖေပြောတဲ့စကားလေးက သိပ်ကောင်းတယ်

“သမီးကို လှောင်အိမ်ထဲမှာပဲ ပိတ်ထားဖို့မဟုတ်ဘူး လှောင်အိမ်ဆိုတဲ့ ဘောင်ကိုရိုက်ချိုးပြီး အမြင့်ကို ပျံသန်းဖို့ပဲ”တဲ့

ကဲကဲ ဒီလောက်ဆို ဘယ်လောက်ကြည့်လို့ကောင်းမလဲ ဘာလို့ အိမ်ကလူကြီးတွေနဲ့ကြည့်သင့်လဲဆိုတာသဘောပေါက်လောက်ပြီထင်တယ်နော်

IMDb rating နည်းလို့ဆိုပြီး အထင်တော့ မသေးစေချင်နော် သိပ်ကိုကြည့်လို့ကောင်းတဲ့
ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ

Translated and Review By Ngal
Encoded By A Nyo
Quality-Webdl
Genre- Action, Biography, Drama
Size-1 gb
Imdb-5.1

***Gold Channel – GC*** Page အသစ်ဖွင့်ထားပါတယ်။ Download လုပ်ရတာအဆင်မပြေတဲ့လူတွေ အနေနဲ့ ကျွန်တော်တို့ Application လေးကို Gold Channel – GC Page ရဲ့ Messenger မှာ Application Download Link , Username နဲ့ Password တို့ကို လာတောင်းလို့ရပါတယ်နော်

Gunjan Saxena: The Kargil Girl
Gunjan Saxena: The Kargil Girl
Gunjan Saxena: The Kargil Girl
Gunjan Saxena: The Kargil Girl
Original title Gunjan Saxena:The Kargil Girl
IMDb Rating 2.4 13 votes
TMDb Rating 5.5 8 votes

Director

Cast

Jhanvi Kapoor isIAF Pilot Gunjan Saxena
IAF Pilot Gunjan Saxena
Pankaj Tripathi isAnup Saxena
Anup Saxena
Angad Bedi isAnshuman Saxena
Anshuman Saxena
Vineet Kumar Singh isIAF Off. Dileep Singh
IAF Off. Dileep Singh
Manav Vij isComm. Off. Gautam Sinha
Comm. Off. Gautam Sinha
Ayesha Raza isKirti Saxena
Kirti Saxena

Similar titles

Aniara (2019)
Rachel Getting Married
In the Line of Fire
Jerry & Marge Go Large (2022)
Asteroid City
Girl in the Bunker
Interceptor
Fist of the Condor
Haliparot
Notorious Nick (2021)
Gone with the Wind
A Man Called Otto