ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ ဒီကားလေးကတော့ Osha Gray Davidsonရေးတဲ့ The Best of Enemies: Race and Redemption in the New South ဆိုတဲ့ စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းကတော့ ၁၉၇၁ လောက်မှာဇာတ်လမါးဆက်ထားပါတယ် လူမည်းတွေကိုခွဲခြားဆက်ဆံမှုမကုန်သေးတဲ့အချိန်ပေါ့ဗျာ အန်အက်ဝါတာဆိုတဲ့လူမည်းအမျိုးသမီးက တန်းတူအခွင့်အရေးရရှိမှုကိုလိုလားပြီး ကပ်ကပ်လန်အောင်စွာတဲ့ အမျိုသမီးတစ်ယောက်ပေါ့ စီပီအဲလစ် ဆိုတဲ့လူကတော့ လူမည်းတွေကိုဆန့်ကျင်ဖို့ဖွဲ့စည်းထားတဲ့ အဖွဲ့ရဲ့ ဥက္ကဌပါ တစ်နေ့မှာ လူမည်းကလေးတွေရဲ့စာသင်ကျောင်းမီးလောင်ပျက်းစီးသွားတဲ့အခါမှာတော့ လူဖြူကလေးတွေတန်းတူ လူမည်းကလေးတွေကလဲ လူဖြူတွေတက်တဲ့ကျောင်းမှာစာသင်ခွင့်ရအောင်တောင်းဆိုပါတော့တယ် အဲ့တာနဲ့ ဘေရစ်ဒစ် လို့ခေါ်တဲ့ ထိပ်တိုက်တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ပေးတဲ့ လူကိုခေါ်ပြီး လူမည်းနဲ့လူဖြူ ထိပ်တိုက်တွေ့ဆုံဆွေးနွေးခိုင်းတဲ့အချိန်မှာတော့ .. လူမည်းတွေကပဲ တောင်းဆိုတာကိုရသွားမလား လူဖြူတွေကလဲ မလိုက်လျောဘဲတစ်ခြားတစ်ခုစီစဉ်ပေးမလားဆိုတာကတော့ ဇာတ်လမ်းထဲမှာသာကြည့်ရှုခံစားလိုက်ပါတော့ခင်ဗျာ ဖြစ်ရပ်မှန်ကားဖြစ်လို့ ပျင်းစရာကောင်းမယ်မထင်နဲ့နော် ၁၉၀၀ကျော် ခုနှစ်တွေဆီက လူဖြူလူမည်းတွေရဲ့ဘဝကို သိရှိရမှာဖြစ်တာကြောင့် ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားပါ Director Robin Bissell ရိုက်ကူးထားပြီး အန်အက်ဝါတာအဖြစ် Taraji P.Henson စီပီအဲလစ် အဖြစ် Sam Rockwellကသရုပ်ဆောင်ထားပါတယ် IMDb 6.7/10 ရရှိထားတဲ့ ၂၀၁၉ထွက်ကားကောင်းလေးတစ်ကားပါSubtitle and reviewed by Yan Yan
Encoded by Ji shun
IMDB — 6.7
Running time — Genres — Biography, Drama, History