window.dataLayer = window.dataLayer || []; function gtag(){dataLayer.push(arguments);} gtag('js', new Date()); gtag('config', 'G-RHKW6HGVZY');

What's happening?

Video Sources 3023 Views Report Error

  • Watch traileryoutube.com
  • FHD Direct StreamingUnknown resource
  • HD Direct StreamingUnknown resource
  • SD Direct StreamingUnknown resource
Chinese Doctors

Chinese Doctors

Jul. 09, 2021China129 Min.Not Rated
Your rating: 0
9 1 vote

Synopsis

Chinese Doctors (2021)

================

ဝူဟန်လို့ပြောလိုက်ရင် တွဲမြင်မိမှာဟာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ပြန့်ပွားမှုနဲ့ တစ်ကမ္ဘာလုံးကို ယနေ့ထိတိုင် တစ်ရိပ်ရိပ်ခြောက်လှန့်နေဆဲဖြစ်တဲ့အပြင် တစ်ချိန်က အနောက်နိုင်ငံတွေမှာ ဆိုးဆိုးရွားရွားဒုက္ခပေးခဲ့တဲ့ SARS MARS ရောဂါတို့ရဲ့ ညီတော်လေးကို ပြေးမြင်မိမှာပါ။ အခုဒီကားလေးဟာလည်း ဝူဟန်မြို့နဲ့ ‌ဟူပေမြို့မှာ ကိုဗစ်စတင်ဖြစ်ပွားစဉ်ကာလအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးပါပဲ။

ရုပ်ရှင်ကိုတော့ ကိုဗစ်စတင်ပြန့်ပွားပုံနဲ့ စတင်ထားပြီ ဒီကပ်ရောဂါကြောင့် ဝူဟန်မြို့သူမြို့သားတွေရဲ့စားဝတ်‌နေရေးဒုက္ခ၊ ဆရာဝန်မလုံလောက် ဆေးရုံမလုံလောက်လို့ ဆေးကုသမှုမခံယူရဘဲ အသက်ဆုံးပါးကြရပုံ‌တွေ၊ ဆရာဝန်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့အတူ အများပြည်သူအတွက် ဒီဆရာဝန်တွေနဲ့အတူ ပေးဆပ်နေရတဲ့ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေ၊ ဒီလိုထိန်းမရဖြစ်နေတဲ့အခြေအနေကို အစိုးရနဲ့ပြည်သူ လက်တွဲကူဖို့ တရုတ်နိုင်ငံအနှံ့အပြားက ဆရာဝန်တွေပါ လာရောက်တာဝန်ခွဲဝေပုံ‌‌တွေ၊ မတိုင်ဝန်ထမ်းထားရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဝေဒနာရှင်လူနာကြားက သဘောထားကွဲလွဲရင်း ဖြစ်နေကြအထင်မှားမှုလေးတွေ၊ သာမန်အခြေအနေမှာတောင် သေမင်းနဲ့လွန်ဆွဲနေရတဲ့ မိခင်လောင်းဘဝမှာ ရုတ်တရက်ကပ်ရောဂါဆိုးက ထပ်လောင်းနှိပ်စက်တဲ့ကြားက အန္တရာယ်အဖုံဖုံကိုဖြတ်ကျော်ရင်း ကလေးမီးဖွားရပုံ၊ သံမဏိလူသား စက်ရုပ်လူသားမဟုတ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အခက်အခဲတွေ ဒုက္ခတွေ စိတ်ပင်ပန်း လူပင်ပန်းရတဲ့အဖြစ်တွေ၊ မကယ်ဆယ်လိုက်နိုင်တဲ့အသက်တွေကြား ကြိတ်မနိုင်ခဲမရ တောက်ခေါက်ရုံမှအပ ရွေးစရာမရှိခဲ့တဲ့အဖြစ် အစရှိသဖြင့် ကိုဗစ်တွင်းမှာ တွေ့ကြုံရတဲ့ဖြစ်ရပ်မျိုးစုံကို ပေါ်လွင်မြင်သာအောင် ရိုက်ကူးထားပြီး ဒီအခက်အခဲကို အံခဲရင်းကျော်ဖြတ်ရပုံလေးတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ရှီရှီ‌ခေါ်ရှီကျင့်ဖျင်ရဲ့ ပြည်သူပြည်သားတွေအတွက် ကြိုးပမ်းအားထုတ်မှု‌လေးတွေကိုလည်း ဝေဝေဆာဆာထည့်ပေးထားပါသေးတယ်🥲(ငိုသံနည်းနည်းပါတယ်)

ဒီအဖြစ်အပျက်တွေက တစ်ကမ္ဘာလုံးမှာ လက်တွေ့ခံစားခဲ့ရတာဖြစ်တာကြောင့် ကြည့်ရှုသူတွေရဲ့ရင်ထဲမှာ ဝမ်းသာဝမ်းနည်းခံစားချက်အမျိုးမျိုးပေးနိုင်မယ့်ရုပ်ရှင်ဖြစ်တာမလို့ လက်မလွတ်တမ်းရွေးချယ်သင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်နော်🤗

P.S သာကောရဲ့ဘုန်းတော်ဖွဲ့လေးတွေလည်း တော်တော်များများလေး ပါဝင်နေတာမလို့ double tap to skip 10sလေးသုံးဖို့ highly recommendedပါ🥲

Translated by Mary Christ, Sunny, Monn, C’mon & Zac

Reviewed by Mary Christ

Chinese Doctors
Original title 中国医生
IMDb Rating 4.5 362 votes
TMDb Rating 5.8 4 votes

Director

Andrew Lau
Director

Cast

Zhang Hanyu isZhang Jingyu
Zhang Jingyu
Oho Ou isJin Zai
Jin Zai
Quan Yuan isRen Wenting
Ren Wenting
Yawen Zhu isTao Jun
Tao Jun
Jackson Yee isYang Xiaoyang
Yang Xiaoyang
Chen Li isWu Chenguang
Wu Chenguang

Similar titles

Aiuta: My Promise to Nakuhito
Toxic
Night Drive
Miller’s Girl
Tesla
The Burmese Harp (1956)
Hearts and Bones (2019)
All Together Now
A Call to Spy (2019)
What are the Odds? (2020)
Downton Abbey: A New Era
The School for Good and Evil

Leave a comment

Name *
Add a display name
Email *
Your email address will not be published