The Art of Self-Defense (2019)
IMdB ……6.8 …….. Rotten Tomato ……….. 83% ………
တကိုယ်ရည် သမားဖြစ်ပြီး စာရင်းကိုင်တစ်ယောက်ဖြစ်တဲ့ ကတ်စီ တစ်ယောက် တစ်ည သူ့ခွေးလေး အတွက် အစာဝယ်ဖို့ အပြင် သွားရင်း
လူတစ်စုရဲ့ တိုက်ခိုက်ခြင်းကို သေကောင်ပေါင်းလဲခံစားလိုက် ရ ရှာပါတယ် …
အားငယ်စိတ်ကလည်းရှိ အားနာစိတ်တွေနဲ့ပဲ ရှင်သန်လာခဲ့တဲ့ သူ့အတွက် ဒီလိုအရာကို ကြုံ ဆုံလိုက်ရတာ ဟာ သွေးပျက်ဖွယ်ရာပါပဲ ..
ညဖက်တွေဆို အိမ်ထဲကအိမ်ပြင်မထွက်ရဲလောက်အောင် ဖြစ်ရင်းကနေ လူကိုပါကြောက်လာသလို တွေဖြစ် လာခဲ့ပါတော့တယ် ..
ဒီလိုနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ဖို့ နည်းလမ်းပေါင်းစုံ စဉ်းစား စုံစမ်းပြီးတဲ့အခါမှာတော့ ကိုယ်ခံပညာတစ်ခု ဖြစ်တဲ့ ကရာတေး ကိုတွေ့ခဲ့ပါတော့တယ် ..
ကရာတေးပညာရပ်ကို သင်ကြားရင်း တကယ်ပဲ သူလိုချင်တဲ့ ဘဝမျိုးကို ရောက်လာပါ့မလား ဆိုတာ ..
လူတိုင်း လူတိုင်းမှာ အကြောက်တရားဆိုတာ ရှိလေ့ရှိတဲ့အကြောင်း .. ထိုအကြောက်တရားကို ကျော်လွှားဖို့ ဆိုတာ ဘယ်လိုအခြေနေမျိုးမှာပေါ်ပေါက်လာတတ်တယ်ဆိုတာ
ဖြည်းဖြည်းချင်း ဖော်ပြပေးသွားတဲ့ ဇာတ်ကား ကောင်း တစ်ကားပါပဲ။
၂၀၁၉ ဂျူလိုင်လ ကမှထွက်ရှိထားပြီး Positive reviews လေးတွေလည်း တော်တော်များများရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်
ဆိုတဲ့အကြောင်း ပြောပြရင်းနဲ့ပဲ .. ကိုယ်တိုင် ခံစားကြည့်ရှုလိုက်ပါဦးလို့
(ဇာတ်ကားကို ဘာသာပြန်ထားသူကတော့ Honey Yoon ဖြစ်ပြီး Encoder က bg ကပြန်ပေးထားပါတယ်။)
Translated & Review by Honey Yoon
Encoded by bg
Quality – Web-DL
Size – 930MB / 320MB
IMDB – 6.8
Genres – Comedy, Crime, Drama
Run Time – 1 Hr 44 mins