ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ IMDb 7.8 ရရှိထားတဲ့ တယ်လဂူအိန္ဒိယအက်ရှင်ဒရမ်မာကားလေးပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းလေးအစမှာတော့ နိုင်ငံရေးသမားဟောင်း သူဌေးဒန်နီရယ်ရှီကာရဲ့ကားဟာ ညအချိန်မတော် နယ်စပ်ကိုဖြတ်မောင်းလာစဉ်မှာ
စစ်ဆေးရေးဂိတ်တစ်ခုအရောက် ဒန်နီရယ်ရှီကာရဲ့ကားကို စစ်ဆေးကြည့်တဲ့အခါမှာတော့ သတ်မှတ်ခွင့်ပြုချက်ထက်ကျော်လွန်တဲ့ အရက်ပုလင်းတွေ ယူဆောင်လာတာကို တွေ့ရှိသွားခဲ့ရာကစပြီး ရဲတွေနဲ့ ဒန်နီရယ်ရှီကာတို့ စကားများရန်ဖြစ်ကြပါတယ်။
ဒီလိုနဲ့ရန်ဖြစ်နေတဲ့နေရာကို ဘီမ်လာနာရက် ရောက်လာပြီးတော့ ဒန်နီရယ်ရှီကာနဲ့ သူ့ကားသမားကို ဖမ်းဆီးလိုက်ပါတော့တယ်။
ဒီအသေးအဖွဲကိစ္စကနေ ပြင်းထန်လာပြီး ဘီမ်လာနာရက် နဲ့ ဒန်နီရယ်ရှီကာတို့ နှစ်ယောက်ကြား ကြီးမားသော စစ်ပွဲကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပါတော့တယ်။
အဲ့လိုကနေ ဘာတွေဆက်ဖြစ်လာမလဲ၊ ဒီကြီးမားတဲ့ အတ္တတိုက်ပွဲမှာ ဘယ်သူက အနိုင်ရရှိသွားမလဲဆိုတာကိုတော့ ဒီ Bheemla Nayak ( 2022 ) ရုပ်ရှင်ကားလေးမှာ စိတ်၀င်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။