What's happening?

Video Sources 8029 Views Report Error

  • Watch traileryoutube.com
  • FHD Direct StreamingUnknown resource
Soul (2020)

Soul (2020)

Is all this living really worth dying for?Dec. 25, 2020USA101 Min.PG
Your rating: 0
6 1 vote

Synopsis

Soul (2020)

==============

Toy Story, Cars, The Incredibles, Wall-E, Finding Nemo တို့လို Animation ဇာတ်ကားကောင်းတွေကို အမြဲတင်ဆက်ပေးလေ့ရှိတဲ့ Pixar Studio ဟာဆိုရင် အခုတစ်ခါမှာလည်း ဇာတ်ကားကောင်းလေးတစ်ကားကို ထပ်မံပြီးတင်ဆက်ပေးလိုက်ပြန်ပါပြီ။ ဇာတ်ကားနာမည်လေးကတော့ Soul တဲ့။ Soul ဟာဆိုရင် 2020 အတွက် Best Animated Feature ဆုနဲ့ Best Original Score ဆိုတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Jazz ဂီတကို နှစ်သက်တဲ့ အသက် ၄၆ နှစ်အရွယ် Joe Gardner ဟာဆိုရင် သူမြတ်နိုးလွန်းတဲ့ Jazz ဂီတနဲ့ ပတ်သက်ပြီး ဘဝမှာအရှုံးတွေနဲ့ပဲ ရင်ဆိုင်နေရတဲ့သူပါ။ Joe တစ်ယောက် Jazz ဂီတကို နှစ်ခြိုက်ရ ခြင်းအကြောင်းကလည်း အဖေဖြစ်သူကို အားကျမှုတွေ အများကြီးပါနေပါတယ်။ Joe ကတော့ သူ့အဖေ Ray Gardner လျှောက်ခဲ့တဲ့ လမ်းအတိုင်း လျှောက်ပြီးတော့ တစ်နေ့ကျရင် အဖေ့လိုမျိုး အောင်မြင်တဲ့ Jazz ဂီတသမားဖြစ်လာရမယ်ဆိုတဲ့ အိပ်မက်တွေ အပြည့်နဲ့ပေါ့။ ကံဆိုးချင်တော့ အဖေဖြစ်သူရဲ့ အခြေအနေနဲ့ Joe ရဲ့ အခြေအနေကတော့ မိုးနဲ့ မြေလိုကွာခြားနေခဲ့ပါတယ်။ အမေဖြစ်သူကတော့ ခင်ပွန်းမရှိတဲ့နောက်မှာ ၄၆ နှစ်အရွယ်သားတစ်ယောက်က ဘဝအာမခံချက်မရှိဖြစ်နေတာကို မကြည့်နိုင်တော့ဘဲ Jazz ဂီတ အိပ်မက်ကို စွန့်လွှတ်စေချင်နေပါပြီ။

ခပ်နုပ်နုပ်ကျောင်းလေးတစ်ကျောင်းက အချိန်ပိုင်းဂီတဆရာဖြစ်တဲ့ Joe ဟာ တစ်နေ့မှာတော့ အမြဲတမ်းဂီတဆရာဖြစ်ခွင့်ကို ရလိုက်ပါတယ်။ အရမ်းမြတ်နိုးရတဲ့ Jazz ဂီတကို စွန့်လွှတ်ပြီး သာမန်ဘဝမှာပဲနေတော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ Joe အတွက် တပည့်ဟောင်းလေးတစ်ယောက်က မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုကို ယူဆောင်လာပေးခဲ့ပါတယ်။ ဘာလဲဆိုတော့ Joe သဘောကျရတဲ့ ဂီတပညာရှင် Dorothea Williams ရဲ့ တီးဝိုင်းမှာ လူလိုနေတဲ့ကိစ္စပါ။ Jazz ဂီတပညာရှင်ဖြစ်ချင်တဲ့ အိပ်မက်တွေနဲ့ Joe အတွက်ကတော့ ပျော်စရာတွေအပြည့်နဲ့ပေါ့။ ကံဆိုးချင်တော့ Joe တစ်ယောက် အသက်ဘေးနဲ့ကြုံလိုက်ရပါတယ်။ သူ့ရဲ့ အိပ်မက်တွေကလည်း အရောင်တွေမှိန်သွားတော့တာပေါ့။

နတ်ပြည်ကို တက်ရတော့မယ့် Joe တစ်ယောက်က အမျိုးမျိုးလိမ်ညာပြီးတော့ လူ့ပြည်ကို ပြန်ပြီးသူ့ကိုယ်ထဲကိုဝင်ဖို့ အတင်းအကြပ်ကြိုးစားပါတော့တယ်။ အဲ့ဒီကနေမှ 22 လို့ခေါ်တဲ့ ကလေးတစ်ယောက်နဲ့ ဆုံမိကြပါတော့တယ်။ ဖြစ်ချင်တော့ 22 ဆိုသည်မှာလည်း လူ့ပြည်ကို ဘယ်လိုမှပြန်လို့မဖြစ်နိုင်တဲ့အခြေအနေနဲ့မို့လို့ လူ့ပြည်သွားရမှာကို အရမ်းကိုကြောက်နေတဲ့ ကလေးတစ်ယောက်ပါ။ ကြောက်တာတွေလွန်သွားတော့ သွားရမှာကိုစိတ်ပျက်လာတဲ့အထိဖြစ်လာပါတယ်။ အဲ့ဒီအချက်ကို အခွင့်ကောင်းယူပြီး Joe က 22 နေရာကို ယူဖို့ကြိုးစားရင်း 22 က Joe ရဲ့ ကိုယ်ထဲကိုဝင်သွားပြီး Joe ကတော့ ကြောင်လေးတစ်ကောင်ရဲ့ ကိုယ်ထဲကိုရောက်သွားပါတော့တယ်။

ခေတ်တွေပြောင်းလဲပြီး နည်းပညာတွေ တိုးတက်လာတဲ့နောက်မှာတော့ Animation ဇာတ်ကားတွေက တကယ့်လူအစစ်တွေနဲ့တူလာပြီး ဇာတ်ကောင်တွေရဲ့ အသေးစိတ်ကအစ အနုစိတ်ကိုပုံဖော်နိုင်တဲ့အချိန်ကိုရောက်လာပါပြီ။ Soul မှာဆိုရင် အဲ့ဒီအချက်ကိုသေချာတွေ့နိုင်မှာဖြစ်ပြီးတော့ ဆံပင်တစ်မွှေး၊ အပ်ခြည်မျှင်လေးကအစ ဂရုတစိုက်လုပ်ထားတာကိုတွေ့ရမှာပါ။ နောက်တစ်ခုသဘောကျတာကတော့ Joe Gardner ရဲ့ အိပ်မက်က Jazz ဂီတသမားဖြစ်ဖို့ဆိုတော့ တစ်ကားလုံးကို Jazz ဂီတတွေနဲ့ လွှမ်းခြုံထားမှာပဲဖြစ်ပါတယ်။ Jazz ကြိုက်တဲ့သူတွေဆိုရင်တော့ ဇာတ်ကားကိုသာမက သီချင်းတွေကိုပါစီးမျောနိုင်မှာဖြစ်ပါတယ်။

* Application မှာလည်း ကြည့်လို့ရပါပြီ *
App Download Playstore Link – https://play.google.com/store/apps/details?id=com.gc.movies11
Apk Pure Link – https://apkpure.com/gold-channel/com.gc.movies11
Android Box Link – https://www.mediafire.com/file/t3ahzqq20es5akc/tv_app_v_1.0.0.apk/file
=======================

Soul (2020)
Soul (2020)
Soul (2020)
Soul (2020)
Soul (2020)
Soul (2020)
Soul (2020)
Soul (2020)
Soul (2020)
Soul (2020)
Original title Soul
IMDb Rating 8.1 233,748 votes
TMDb Rating 8.3 5,939 votes

Director

Pete Docter
Director

Cast

Jamie Foxx isJoe Gardner (voice)
Joe Gardner (voice)
Tina Fey is22 (voice)
22 (voice)
Phylicia Rashād isLibba Gardner (voice)
Libba Gardner (voice)
Daveed Diggs isPaul (voice)
Paul (voice)
Richard Ayoade isCounselor Jerry (voice)
Counselor Jerry (voice)
Graham Norton isMoonwind (voice)
Moonwind (voice)
Rachel House isTerry (voice)
Terry (voice)
Alice Braga isCounselor Jerry (voice)
Counselor Jerry (voice)
Angela Bassett isDorothea (voice)
Dorothea (voice)

Similar titles

Tell Me Who I Am (2019)
Marriage Story (2019)
Fire Island
Addams Family Values (1993)
Sisters (2019) မြန်မာစာတမ်းထိုး
Toxic
Little Joe (2019)
Spenser Confidential
Blowing Up Right Now (2019)
Marry Me
The Suicide Squad (2021)
Capernaum (2018) မြန်မာစာတမ်းထိုး