Shark Tale (2004)
[Adventure/Comedy]
ဒီကာတွန်းကားလေးကတော့ ငယ်ငယ်တုံးက ကားလေးပါ.
ကြည့်ပြီးတဲ့သူတွေလည်း ရှိမှာပါ
ဇာတ်လမ်းအကျဉ်းကတော့………
Oscarဆိုတဲ့ ငါးပိစိလေးဟာ ဝေလငါးသန့်ရှင်းရေးလုပ်တဲ့ အဆင့်အနိမ့်ဆုံး ငါးကလေးပါ. သူဟာ သိပ်ကို နာမည်ကြီးချင် ချမ်းသာချင်တာပါ.
တိုက်ဆိုင်ချင်တော့ Lennyနဲ့ Frankieဆိုတဲ့
ငါးမန်းညီအစ်ကိုနဲ့တွေ့ဆုံခဲ့ပါတယ်. ပြီးတော့ Frankieရဲ့
မတော်တဆ သေဆုံးမှုကို သူသတ်လိုက်တာပါလို့ ပြောပြီး
“Oscar,The Shark Sharkslayer” (ငါးမန်းသတ်သမား)ဆိုတဲ့နာမည်ကို ခံယူခဲ့ပါတယ်.
ဒါပေမယ့် Oscar ရဲ့ အလိမ်တွေပေါ်သွားတဲ့အခါမှာတော့
ဘယ်သူတွေက မိတ်ဆွေအစစ်လဲ, ပျော်ရွှင်မှုအစစ်ဆိုတာဘာလဲ, ကိုယ့်မှာ ရှိတဲ့ အရာတွေဟာ ဘယ်လောက် အဖိုးတန်သလဲဆိုတာ Oscarတစ်ယောက် ဘယ်လိုသဘောပေါက်သွားမလဲဆိုတာတော့……
ရယ်စရာ ဟာသတွေ, ရင်ထိတ်စရာတွေ, ပြီးတော့ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်လေးတွေကို မြင်တွေ့ရမှာပါ…
ဟိုတုန်းက ကားဆိုပြီး အထင်မသေးလိုက်နဲ့နော်.
နောင်တမရစေရဘူးလို့ အာမခံပါတယ်.
ပြီးတော့ Will Smith, Jack Black, Angelina Jolie
စတဲ့ နာမည်ကြီးတွေအများကြီး အသံသရုပ်ဆောင်အဖြစ်
ပါဝင်ထားကြတာနော်…
ကဲ မြန်မြန်သာ ကြည့်လိုက်ပါတော့
Translated by KiKi
Encoded by Ada
imdb – 6/10
Genre – Animation, Adventure, Comedy
run time – 1hr30min