What's happening?

Video Sources 5741 Views Report Error

  • Watch traileryoutube.com
Stargirl

Stargirl

Why be ordinary when you could be extraordinaryMar. 10, 2020USA107 Min.PG
Your rating: 0
10 1 vote

Synopsis

High school drama ကားကောင်းလေး တစ်ကားဖြစ်တဲ့ Star gril ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
America’s Got Talent (2016) တုန်းက Simon တောင် little Taylor Swift လို့ ချစ်စနိုးခေါ်ခဲ့တဲ့ ukulele (ဂစ်တာအသေးစားလေး) တီးခတ်ပြီး ကိုယ်ပိုင်သံစဉ်တွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ winner လေး Grace VanderWaal ကိုမှတ်မိကြဦးမယ် ထင်ပါတယ်ဗျ။
ဒီဇာတ်ကားထဲ မှာလဲ Grace ကို သူ့လက်ဆွဲတော် ukulele လေး နဲ့ star girl caraway ဆိုတဲ့ ကောင်မလေးတစ်ယောက်အဖြစ် မြင်တွေ့မှာပါ။
ဒီဇာတ်ကားလေးကတော့ ဆယ်ကျော်သက်အရွယ်တွေရဲ့ စိတ်ခံစားချက်တွေ၊ အဲ့အရွယ်မှာ ဖြစ်တတ်တဲ့ အကြောင်းအရာလေးတွေနဲ့ စိတ်ဓာတ်ခွန်အားပေးတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ် ခင်ဗျာ။
 
ဇာတ်လမ်းကတော့ Leo Borlock ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့အဖေ ဆုံးပါးသွားပြီးတဲ့နောက်ပိုင်း သူ့အဖေကို သတိရတဲ့ အခါတိုင်း ဝတ်တတ်တဲ့ နက်ခ်တိုင်လေးကို သူ့သူငယ်ချင်းတွေက အနိုင်ကျင့်ပြီး ဖြတ်စီး လိုက်ကြပါတယ်။ အဲ့နောက်ပိုင်း အမည်မသိသူတစ်ယောက်က သူ့မွေးနေ့တိုင်း နက်ခ်တိုင် လှလှလေးလက်ဆောင်ပေးတာကို သူကြိုက်ပေမယ့်လည်း ပြန်မဝတ်ဖြစ်တော့ပါဘူး။ ဒီလိုနဲ့ပဲ သူ့၁၆နှစ်ပြည့်မွေးနေ့ရောက်တဲ့ အခါမှာတော့ “Happy Birthday” သီချင်းလေး ကို ukulele လေးတီးပြီးတော့ star girl လေးက ဂုဏ်ပြုသီချင်းသီဆိုပြီး သူတို့ ၂ယောက် စတင်ဆုံဆည်းခဲ့ကြပါတယ်။
 
Leoဟာ “Mug Frog” အထက်တန်းကျောင်းက ဘင်ခရာဝိုင်းရဲ့ Trumpet တီးခတ်သူတစ်ယောက် ဖြစ်ပါတယ်။ ထူးဆန်းတာတွေ ပြုလုပ်တတ်တဲ့ star girl လေးဟာ ကျောင်းဘောလုံးပွဲမှာ “Be True to your school” သီချင်းနဲ့ ဂုဏ်ပြုသီဆိုပြီးတဲ့နောက်မှာ သူတို့ရဲ့ “Mud Frog” အထက်တန်းကျောင်းရဲ့ ပထမဆုံးနိုင်ပွဲ ရရှိတဲ့အခါမှာတော့ star girl ကို တစ်ကျောင်းလုံးရဲ့ လာဘ်ကောင်အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။
 
အဲ ဒီလိုနဲ့ပဲ Leo နဲ့ star girl တို့ ၂ယောက် ဟာ ချစ်သူတွေဖြစ်သွားကြပါတော့တယ်။ အဲ့ဒီနောက် ကျောင်းဘောလုံးပွဲစဉ် တစ်ခုမှာ သူတို့အသင်းဘက်ကို ကြမ်းကြမ်းတမ်းတမ်း ကစားတတ် တဲ့ တစ်ဖက်အသင်းက ကစားသမား တစ်ယောက် အပြင်းအထန် ဒါဏ်ရာရသွားပါတယ်။ ကွင်းတစ်ခုလုံး မှင်သက်နေစဉ်အတွင်းမှာ star girl လေးက မထင်မှတ်ထားတာပြုမူ ခဲ့ပါတယ်။ သူမ က တစ်ဖက်အသင်းက ဒါဏ်ရာရ ကစားသမားကို အားပေးရင်း လူနာတင်ကားနဲ့ လိုက်ပါပို့ဆောင်ခဲ့တာပါ။ တစ်ကျောင်းလုံးရဲ့ အပြစ်တင်မှုတွေနဲ့ ချစ်ခင်မှုတွေဟာလဲ ယုတ်လျော့သွားခဲ့ပါတယ်။
 
သူမဟာ တစ်ကျောင်းလုံးရဲ့ ချစ်ခင်မှုတွေ ပြန်လည်ရရှိနိုင်မှာလား။ Leo နဲ့ သာယာဖြောင့်ဖြူး တဲ့အချစ်ခရီးလမ်း ကိုဆက်လက် လျှောက်လမ်းနိုင်ပါ့မလား။ Leo ကကော ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေကို ပြန်လည်ရရှိနိုင်မှာလား။ အဲ့ဒီ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေကို “Star Girl” မှာ မြင်တွေကြရမှာပါ။ သီချင်းကောင်းကောင်းလေးတွေ ပါဝင်ပြီးတော့ Grace ရဲ့ ချစ်စဖွယ် ဟန်ပန်လေးကိုလဲ မြင်တွေ့ရမှာပါ။ ဇာတ်ကားကောင်းလေဖြစ်တာကြောင့် ကြည့်ရှုခံလိုက်ကြပါဦး ခင်ဗျာ
Translated By Sai Pann Hmwe and Review By

Thein Naing Oo

Encoded By A Nyo
Quality-Webdl
Genre-Comedy, DramaRomance 
Size-300/800 mb
Imdb-6.2

 

Stargirl
Stargirl
Stargirl
Stargirl
Stargirl
Stargirl
Original title Stargirl
IMDb Rating 6.2 2,621 votes
TMDb Rating 7.5 80 votes

Director

Julia Hart
Director

Cast

Grace VanderWaal isSusan
Susan "Stargirl" Caraway
Graham Verchere isLeo Borlock
Leo Borlock
Giancarlo Esposito isArchie Brubaker
Archie Brubaker
Karan Brar isKevin Singh
Kevin Singh
Collin Blackford isBenny Burrito
Benny Burrito
Artemis House isMallory Franklin
Mallory Franklin

Similar titles

The Grand Budapest Hotel
Ghostbusters (1984)
The Boys
Ghostbusters: Afterlife
An Affair to Forget
The Box (2021)
The Little Witch (ျမန္မာစာတန္းထိုး)
Klaus (2019)
No Man’s Land(2021)
Shooting Heroin
Nineteen Summers (2019)
Tej… I Love You