
Samaritan (2022)အခုတင်ဆက်ပေးမှာကတော့ မင်းသားကြီး Sylvester Stallone အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Samaritan ဆိုတဲ့ ရုပ်ရှင်ဖြစ််ပါတယ် စူပါဟီးရိုးရုပ်ရှင်မျိုးကြိုက်တဲ့ GCverse တို့အကြိုက်တွေ့စေမဲ့ကားလေးပါ ဂရမ်းနိုက်မြို့ကြီးမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက အချင်းချင်းတိုက်ခိုက်ကြရင်း သေဆုံးသွားကြတဲ့ စမာရီတန်ဆိုတဲ့ ဟီးရိုးတစ်ယောက်နဲ့ နမ်မစ်စစ်ဆိုတဲ့ ဗီလိန်တစ်ယောက်ရှိခဲ့ဖူးတယ် အခုလက်ရှိမှာတော့ဂရန်းနိုက်မြို့ထဲမှာ အဓိကရုဏ်းတွေဖြစ်ပြီး မငြိမ်မသက်ဖြစ်နေတဲ့အချိန်ပေါ့ ဆမ်ကလာရီဆိုတဲ့ အသက် ၁၃ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ သူ့ အမေကိုတစ်ဖက်တစ်လမ်းက ပိုက်ဆံရှာပေးဖို့ကြိုးစားနေရင်း ဂိုဏ်းတစ်ဂိုဏ်းကခိုင်းတဲ့အလုပ်တစ်ခုလုပ်ပေးလိုက်ရတယ် တစ်နေ့မှာ သူအလုပ်တွဲလုပ်ဖူးတဲ့အဖွဲ့က ရန်ဇာဆိုသူနဲ့ သူ့လူတွေက ကောင်လေးကို ကလဲ့စားချေဖို့ လာတိုက်ခိုက်ကြတယ် အဲဒီအချိန် ဆမ်တို့အိမ်နားမှာနေတဲ့ ဂျိုးဆိုတဲ့အမှိုက်ကောက်သမားကြီးက ဆမ်ကိုလာကူညီခဲ့ပြီးနောက် ဆမ်က ဂျိုးကို မသေဘဲအသက်ရှင်နေတဲ့ ဟီးရိုးစမာရီတန်လို့ထင်နေပါတယ် ဆမ်နဲ့ဂျိုး ခင်မင်လာပြီးနောက်ဘာတွေဆက်ဖြစ်မလဲ ဖြစ်နေတဲ့ကိစ္စတွေရဲ့နောက်ကွယ်မှာဘယ်သူရှိနေလဲ ဗီလိန်နမ်မစ်စစ်နဲ့ ဟီးရိုးစမာရီတန်တို့ မသေဘဲပြန်ပေါ်လာတာလားဆိုတာတွေကို ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး
Reviewed by MariaMon
Translated by MariaMon,YoE,KuroNeo
Encoded by Siran