What's happening?

Road to Boston

Road to Boston

The race for freedom. The win for dignity.Sep. 27, 2023South Korea113 Min.Not Rated
Your rating: 0
8 1 vote

Synopsis

1947 ခုနှစ် ဘော်စတွန် နိုင်ငံတကာ မာရသွန်ပြိုင်ပွဲကို နောက်ခံထားရိုက်ကူးထားတဲ့ Road to Boston ရုပ်ရှင်ဇာတ်ကား။

ဂျိုဆွန် (ကိုရီးယား) နိုင်ငံက ဂျပန်အင်ပါယာအောက်မှ လွတ်လပ်ရေးရကာစ အချိန်ကာလ 1947 ခုနှစ်။ တိုင်းပြည်က နလန်ထဖို ကြိုးစားရုန်းကန်နေချိန်ဖြစ်ပြီး ပြည်တွင်းမှာလည်း တောင်နှင့်မြောက် နှစ်ဖွဲကွဲကာ တိုင်းပြည်မအေးချမ်းချိန်လည်း ဖြစ်တယ်။

စားနပ်ရိက္ခာရှားပါးပြီး အရမ်းကို ဆင်းရဲခက်ခဲကာ ဒုက္ခသည်နိုင်ငံ ဖြစ်ကာ တစ်ကမ္ဘာလုံးက ကိုရီးယားဆိုတာ ဘာလဲ။ ဂျပန်နိုင်ငံလက်အောက်ခံ ကျွန်းသေးသေးလေးလိုသာ သိကြပြီး ကိုရီးယားဆိုတာ ဘာလဲ သေချာမသိကြပါဘူး။

အမေရိကန်စစ်အစိုးရက တောင်ကိုရီးယား ကျွန်းဆွယ်မှာ စစ်တပ်အခြေစိုက်စခန်း ချထားပြီး ဘော်စတွန်မာရသွန်ပြိုင်ပွဲ ဝင်ပြိုင်ဖို တောင်ကိုရီးယား အားကစားသမားတွေကို ဖိတ်ကြားခဲ့တယ်။

ဒါပေမဲ့ သူတိုပြိုင်ရမှာက အမေရိကန်လက်အောက်ခံ အနေနဲ့ ပြိုင်ရမှာဖြစ်ပြီး ထိုအကြောင်းကို ဘော်စတွန်ရောက်မှ သိလိုက်ရတဲ့အခါ…

အားကစားသမားတွေရဲ့ မျိုးချစ်စိတ်, ပြိုင်ပွဲပေါ်ထားတဲ့ စိတ်ဓာတ်နဲ့ ခံယူချက်,
တိုင်းပြည်က အဖက်ဖက်က ချိုယွင်းနေပြီး ဆင်းရဲတွင်းနက်နေချိန် ကစားသမားများကို အားပေးထောက်ခံမှု မပေးနိုင်တဲ့ အစိုးရ

ဒီလိုအခက်အခဲတွေကြားထဲက ဘယ်လိုယှဉ်ပြိုင် သွားကြမလဲ။
ပြိုင်ပွဲရဲ့ အလှည့်အပြောင်းက ဘယ်လိုရှိမှာလဲ စတာတွေကို အားတက်ဖွယ် အတုယူဖွယ် ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလည်း ဖြစ်ပါတယ်။

1947 ခုနှစ်ဟာ တောင်ကိုရီးယားနိုင်ငံက အိုလံပစ်အဖွဲဝင်အဖြစ် တရားဝင် ဝင်ရောက်နိုင်ခဲ့တဲ့ နှစ်လည်း ဖြစ်တာမလို တကယ်ကို သမိုင်းဝင် နှစ်တစ်နှစ်လည်း ဖြစ်ဝာ‌ာကြောင့် အတုယူ အားတက်ဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

အပမ်းလည်းပြေ ဗဟုသုတလည်းရအောင် အားလပ်ချိန်မှာ Gold Channel နဲ့အတူ ဇာတ်ကားကောင်းများကို ကြည့်ရှုခံစားဖို ဖိတ်ခေါ်လိုက်ပါရစေ

Review by Claudia
Translated by Sharon and Claudia
Encoded by Cham

Road to Boston
Road to Boston
Road to Boston
Road to Boston
Road to Boston
Road to Boston
Road to Boston
Original title 1947 보스톤
IMDb Rating 8.2 104 votes
TMDb Rating 7 2 votes

Director

Kang Je-kyu
Director

Cast

Ha Jung-woo isSohn Kee-chung
Sohn Kee-chung
Yim Si-wan isSeo Yoon-bok
Seo Yoon-bok
Bae Sung-woo isNam Seung-ryong
Nam Seung-ryong
Kim Sang-ho isBaek Nam-hyeon
Baek Nam-hyeon
Park Hyo-ju isYoon-seo
Yoon-seo
Kim Jung-Chul isYoung Seo Yoon-bok
Young Seo Yoon-bok
Lee Seung-joon isKim Gyo Sin's disciple
Kim Gyo Sin's disciple
Koo Ja-geon isGo Jeong's marathon team member
Go Jeong's marathon team member
Park Gi-ryung isSupermarket employee
Supermarket employee

Similar titles

Body of Lies
Pain and Glory (2019)
211
On Vodka, Beers, and Regrets (2020)
American Underdog
Kamadora
The Deeper You Dig
The Occupant (2020)
Walk. Ride. Rodeo.(2019) မြန်မာစာတမ်းထိုး
Sky Hunter (2017)
Synchronic (2019)
6 Below: Miracle on the Mountain (2017) ????????????????