
Persuasion 2022
ဒီတစ်ခါတော့ အင်္ဂလန်ရဲ့ နာမည်ကျော် စာရေးဆရာမ Jane Austenရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားလေး တင်ဆက်ပေးပါ့မယ်။ Jane Austenဟာ သူ့ရဲ့ဝတ္ထုတွေမှာ အမျိုးသမီးတွေရဲ့ လွတ်လပ်မှုနဲ့ ကိုယ်ပိုင်ရပ်တည်ချက်တွေအကြောင်း အသားပေးရေးလေ့ရှိတာကြောင့် နာမည်ကျော်ပါတယ်။Persuasionဆိုတဲ့ ဒီကားလေးမှာတော့ အင်္ဂလန်ရဲ့ ဂုဏ်ကြီးရှင်မျိုးရိုးမြင့် ညီအစ်မသုံးယောက်အနက် အလတ်မလေးAnneကတော့ နို့ညှာတို့ ထုံးစံအတိုင်း ကျန်တဲ့ညီအစ်မတွေနဲ့ ကွဲထွက်နေပါတယ်။ အလှအပလည်း စိတ်မဝင်စား ယောက်ျားလည်းမယူဘဲ လွန်ခဲ့တဲ့၈နှစ်က ပြတ်သွားတဲ့ ရည်းစားကို လွမ်းရင် အသည်းကွဲလို့ နေပါတော့တယ်။ ချစ်သူကို အရမ်းချစ်ခဲ့ပါလျက်နဲ့ မျိုးရိုးလည်းမရှိ ပစ္စည်းဥစ္စာလည်း မရှိတာကြောင့် သွားလေသူမိခင်ရဲ့ကိုယ်စား စောင့်ရှောက်နေသူဖြစ်တဲ့ မိခင်ရဲ့သူငယ်အရင်းကြီးက ဖြတ်ခိုင်းတာကြောင်း ဖြတ်ခဲ့ရပါတယ်။ ချစ်သူခမျာ မိမိကို ရက်ရက်စက်စက်ထားခဲ့တာကြောင့် စိတ်နာပြီး ၈နှစ်လုံးလုံး မဆက်သွယ်ဘဲ သင်္ဘောလိုက်နေခဲ့ပါတယ်။ ဒါပေမယ့် မင်္ဂလာသတင်းလည်း မကြားတာကြောင့် Anneကတော့ သူ့ကို ချစ်နေသေးတာဖြစ်မယ်လို့ စီတ်ကူးယဥ်နေရှာတာပေါ့။ဒါပေမယ့် ကံကြမာဖန်လာတော့ Anneတို့ သားအဖတစ်တွေဟာ အသုံးအဖြုန်းကြီးမှုကြောင့် အိမ်စရိတ်ကာမိအောင် မိမိတို့ အိမ်တော်ကိုငှားပြီး တခြားစျေးချိုတဲ့တစ်နေရာမှာ ပြောင်းနေလိုက်ကြပါတယ်။ Anneတို့ အိမ်တော်ကို လာငှားသူတွေကတော့ Anneအချစ်ဟောင်းရဲ့ အစ်မလင်မယား ဖြစ်နေတော့ Anneဟာ မျှော်လင့်ချက်တကြီးပေါ့။ ညစာစားပွဲမှာ အချစ်ဟောင်းပါ ပါလာမယ်ဆိုတော့ အလှတွေပြင်ပြီး စောင့်နေသူ Anneတစ်ယောက် ထင်ထားသလို ချစ်သူနဲ့ ဇာတ်လမ်းပြန်စနိုင်ပါ့မလား……
Review by Keith
Translated by Keith, Mary Christ, Immortal Mp and Jack
Encoded by CuKar